Wed. Oct 27th, 2021

#Unicode Version

သင့်ထက် အသက်ကြီးတဲ့ သူငယ်ချင်း‌‌​ကောင်းတစ်ယောက် ရှိခြင်းရဲ့ အကျိုးကျေးဇူး (၅)ခု

(၁) သင်အခုလက်ရှိ ဖြတ်သန်းနေရတဲ့ အရာ‌တွေကို သင့်သူငယ်ချင်းက ဖြတ်သန်းပြီးပါပြီ

သင်အခု ဘယ်လိုပြဿနာတွေနဲ့ပဲ ရင်ဆိုင်နေရ သင့်ထက် အသက်ကြီးတဲ့ သူငယ်ချင်းဟာ ဒါတွေကို သူ့ဘဝမှာ ကြုံဖူး ခဲ့ပြီးပါပြီ။ အဲ့ဒါကြောင့်မို့လို့ သူတို့ဟာ သင်ရဲ့ အခြေအနေ ကို နားလည်ပေးပြီးတော့ သင့်ကို အပြည့်အဝ ကူညီနှစ်သိမ့် ပေးနိုင်ပါတယ်။

(၂) သင့်အတွက် ဆရာကောင်းတစ်ယောက်ပါ

သင့်ထက်အသက်ကြီးတဲ့ သူငယ်ချင်းကောင်းတစ်ယောက် ဟာ သင့်ဘဝအတွက် ကောင်းရာကို လမ်းညွှန်ပြပေးမယ့် ဆရာကောင်းတစ်‌ယောက်လို ပြုမှုပါတယ်။ သူတို့ဟာ သင့်ရဲ့ အနာဂတ်အတွက် ပြယုဂ် ဥပမာကောင်းတွေကို လမ်းပြပေးပါတယ်။ သင့်သူငယ်ချင်းဟာ သင်လေးစား အားကျရတဲ့ တစ်စုံတစ်ယောက်အဖြစ် အနေနဲ့လည်း မမှားပါဘူး။

(၃) သင်ကျရှုံးမယ့်အဖြစ်မျိုးတွေကို မလိုလားပါဘူး

သင့်ထက် အသက်ကြီးတဲ့ သူငယ်ချင်းကောင်းဟာ သင့်ရဲ့ အောင်မြင်ဖို့ လျှောက်လမ်းနေတဲ့ လမ်းကြောင်းမှာ သူတို့ရဲ့ အချိန် ခွန်အားတွေပေးပြီး သင့်ကို အမြဲအားတက်စေပါ တယ်။ သင့်အတွက် ဘယ်ဟာက ကောင်းတယ်။ မကောင်းဘူးဆိုတာ သင့်သူငယ်ချင်းက ကောင်းကောင်းသိ ပြီး သူတို့ဟာ သင့်ဘဝ တိုးတက်အောင်မြင်အောင် ကူညီ အားပေးနိုင်တဲ့ အမြော်အမြင်တွေအပြည့်ရှိပါတယ်။

(၄) သင့်ကို သူတို့ရဲ့အမှား‌တွေ မျှဝေ ပြောပြပါလိမ့်မယ်

လူတိုင်းဟာ အမှားလုပ်တတ်ကြပါတယ်။ တစ်စုံတစ် ယောက်က သူလုပ်ခဲ့မိတဲ့ အမှားတွေကို သင့်ကို ပြန်ဝေမျှ ပေးတဲ့အခါမှာ သင်လည်း ဒီလိုမျိုး ထပ်တူတဲ့ အမှားတွေ မဖြစ်အောင် သဘောပေါက်နားလည်စေပါတယ်။ သင့်မှာ သင့်ထက် အသက်ကြီးတဲ့ သူငယ်ချင်းကောင်း တစ်ယောက် ရှိရင် သူတို့ သင့်အသက်အရွယ်က ပြုလုပ်ခဲ့တဲ့ အမှားတွေ ကနေတစ်ဆင့် သင်ဟာ သင်ခန်းစာရရှိပြီး သင်ယူနိုင်ပါ တယ်။

(၅)သင့်ကို အသိအမှတ်ပြုပြီး သင်နဲ့ ရေရှည် ဆက်ဆံရေး ကို တန်ဖိုးထားပါတယ်

 

သင့်ထက်အသက်ကြီးတဲ့ သူငယ်ချင်းကောင်းတစ်ယောက် ဟာ သူ့ဘဝတစ်‌လျှောက်လုံးမှာလည်း သူငယ်ချင်းပေါင်းစုံ လူအမျိုးမျိုးနဲ့ ဆက်ဆံရေးပါင်းများစွာကို ကြုံတွေ့ခဲ့ဖူး ပြီးပါပြီ။ ဒါကြောင့်မို့လို့ သင့်ဘဝမှာလည်း ဘယ်လိုလူမျိုး က သင့်အတွက် အစစ်အမှန်ဖြစ်ပြီး သင့်အနားတည်‌ရှိပေး မယ်။ ဘယ်လိုလူမျိုးက အတုအယောင်လဲ ဆိုတာကို ကောင်းကောင်းသိပြီး ကူညီခွဲခြားပေးပါလိမ့်မယ်။ သင်နဲ့ လည်း ရှေရှည်တည်မြဲမယ့် ဆက်ဆံရေးအတွက်လည်း စိတ်ရောကိုယ်ပါ အားဖြည့်ပြီးတော့ တန်ဖိုးထားမယ့် သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်ပါတယ်။

သင့်ဘဝမှာ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ပါစေ မှီခိုအားထားလို့ရတဲ့ သင့်ကို အကြံ‌ဉာဏ်ကောင်းတွေပေး နိုင်မယ့် ဒီလိုသင့်ထက် အသက်ကြီးတဲ့ သူငယ်ချင်းကောင်း ရှိတာဟာ ဘဝရဲ့ အကောင်းဆုံးထဲက အရာတစ်ခုဖြစ်ပါ တယ်နော်။

Credit: MOE
Sharing By: #One Daily Media

#Zawgyi Version


Have you ever had a friend like that?

Your friend has gone through what you are currently going through


He is a good teacher for you


You don’t need anything to fail


They will share their mistakes with you


We recognize you and value your long-term relationship



 

Leave a Reply

Your email address will not be published. Required fields are marked *