success

ဘဝကို အဓိပ္ပါယ်ရှိရှိနဲ့ ရိုးရိုးရှင်းရှင်း နေထိုင်ဖို့

#Unicode Version

 

လူ့ဘဝဆိုတာ တိုတောင်းပေမဲ့ရှုပ်ထွေးလွန်းလှတယ်။မွေးဖွားခြင်းကစလို့သေဆုံးခြင်းမတိုင်ခင်လေးအတွင်းမှာ အောင်မြင်မှုတွေ၊ကျရှုံးမှုတွေ၊အလိုမပြည့်မှုတွေ၊ပြိုင်ဆိုင်မှု တွေ၊မနာလိုမှုတွေနဲ့အဓိပ္ပာယ်ဖွင့်ရင်ဖွင့်လို့မကုန်နိုင်အောင် များပြားရှုပ်ထွေးလွန်းတဲ့ လူ့ဘဝကြီးထဲမှာရှင်သန်ရတာ တခါတလေအရမ်း မွန်းကြပ်ပြီး ပင်ပန်းလွန်းလှပါတယ်။ခက်ခဲရှုပ်ထွေးလွန်းတဲ့လူ့ဘဝကြီးထဲမှာကိုယ့်ဘဝကို အေးချမ်းပျော်ရွှင့်စွာနဲ့ ဖြတ်သန်းသွားဖို့တော့လိုပါတယ်။

သင့်ဘဝရဲ့ကျန်ရှိနေတဲ့လက်ကျန်သက်တမ်းလေးကို အဓိပ္ပာယ်ရှိရှိနဲ့ ဘဝကို ရိုးရိုးရှင်းရှင်သန်သွားဖို့ဆိုရင်တော့

(၁) ကိုယ့်ကိုချစ်တဲ့သူတွေကို လေးစားပြီး တန်ဖိုးထားတက်ရမယ်။

(၂) ကိုယ့်ကိုမုန်းတဲ့သူတွေကိုလဲ လစ်လျူ ရှုတက်ရမယ်။

(၃) ကိုယ့်ထက်ချမ်းသာတဲ့သူတွေကိုလည်း အားကျတဲ့ စိတ်နဲ့မေတ္တာပွားပေးရမယ်။

(၄) ကိုယ့်ထက်နိမ့်ကျတဲ့သူတွေကိုလည်း ဂရုနာပွားစိတ်နဲ့ ဖေးမကူညီတက်ရမယ်။

(၅) ကိုယ့်ရဲ့ပက်ဝန်းကျင်ကလူတွေအားလုံးနဲ့ လိုက်လျော ညီထွေစွာနေတက်ပြီးကိုယ်ချင်းစာတရားထားကာ ရှင်သန် သွားမယ်ဆိုရင်ဘဝက သာယာပျော်ရွှင်ဖွယ်ကောင်းပြီး အဓိပ္ပာယ်ရှိနေမှာပါ။

“သာယာပျော်ရွှင်သောဘဝတွေကိုထာဂရပိုင်ဆိုင်နိုင်ကြပါစေ”

Credit: Original Writer
Sharing By: #One Daily Media

#Zawgyi Version











Leave a Comment