Tue. Oct 26th, 2021

#Unicode Version

တစ်ခါက ကျီးကန်းတစ်ကောင်ဟာ သူ့ရဲ့ မည်းနက်တဲ့ အရောင်အဆင်းကြောင့် မပျော်မရွှင်ဖြစ်နေပါတယ်။ သူနဲ့ အနီးအပါးမှာ နေထိုင်တဲ့ ဗျိုင်းတစ်ကောင်ကို ကြည့်ပြီး သူ့ လို အဖြူရောင်အဆင်းရှိချင်လိုက်တာလို့ တွေးကာ အားကျ ၊ စိတ်အားငယ်ဖြစ်နေလေတယ်။ ဒီလိုနဲ့ ဗျိုင်းကို မိတ်သွား ဖွဲ့ပြီး “ခင်ဗျားရဲ့ အရောင်အဆင်းက တကယ်လှတယ်ဗျာ။ ခင်ဗျားဟာ အပျော်ဆုံးငှက်ဖြစ်လိမ့်မယ်ဆိုတာ အသေအချာပဲ”လို့ ဆိုတယ်။

ကျီးကန်းရဲ့ စကားကို ကြားတော့ ဗျိုင်းက ဒီလိုပြန်ပြော တယ်။ “ဘယ်ကသာ ကျုပ်က အပျော်ဆုံးငှက်ဖြစ်ရမှာလဲ ဗျာ။ ဟိုးဘက် တောအုပ်ထဲမှာနေတဲ့ ကြက်တူရွေးလေ၊ သူကမှ နှစ်ရောင်စပ်နဲ့ အရမ်းလှတာ။ ကျုပ်က ဘာဟုတ် သေးလို့လဲ” ဗျိုင်းရဲ့ စကားကို ကြားပြီးတော့ ကျီးကန်းဟာ ကြက်တူရွေး ရှိရာကို အရောက်သွားခဲ့ပြန်တယ်။

 

ဟိုရောက်တော့ “အသင် ကြက်တူရွေး။ သင်က အရောင်နှစ် ရောင်စပ်နဲ့ သိပ်လှတာပဲဗျာ။ သေချာတယ် ခင်ဗျားက အပျော်ဆုံးငှက်ပဲ မဟုတ်လား”လို့ မေးလိုက်ပြန်တယ်။ ဒီ အခါ ကြက်တူရွေးကလည်း “အပျော်ဆုံးငှက်တော့ မဟုတ် ပါဘူး ကိုကျီးကန်းရာ။ ကျုပ်က နှစ်ရောင်ပဲ စပ်တာ။ ဒေါင်းကမှ အရောင်တွေ အများကြီးနဲ့ အရမ်းကြည့်ကောင်း၊ အရမ်းလှတာ”လို့ ဆိုပြန်ပါတယ်။ ဒီလိုနဲ့ကျီးကန်းဟာ ဒေါင်းရှိရာနေရာကို ခရီးဆက်ခဲ့ပြန်တယ်။ ဒေါင်းကို နေရာ အနှံ့လှည့်ပတ်ရှာပေမဲ့ တော်တော်နဲ့ မတွေ့ပါဘူး။ နောက် ဆုံးမှာတော့ ဒေါင်းကို တိရစ္ဆာန်ဥယျာဉ်ထဲမှာ တွေ့လိုက်ရလို့ အလွန် ပျော်သွားပါတယ်။ ဒါနဲ့ ကျီးကန်းဟာ ဒေါင်းရဲ့ အနားကို ပျံဆင်းသွားပြီး ဒီလိုပြောပြန်တယ်။

“ကိုဒေါင်း ခင်ဗျားက ဒီလောက်လှတာ၊ လူတွေကလည်း ခင်ဗျားရဲ့ အလှကို ငွေကုန်ခံပြီး လာကြည့်ကြရတာ။ သေချာတယ်။ ခင်ဗျားက လောကမှာ အပျော်ဆုံးငှက်ပဲ။ ကျုပ်နဲ့တော့ ကွာပါ့။ လူတွေက ကျုပ်ဆိုရင် ခဲနဲ့ပစ်ပေါက် ကြတယ်။ မှန်နဲ့ထောင်ပြီး ခြောက်လွှတ်မောင်းလွှတ် ကြ တယ်ဗျာ”

ကျီးကန်းရဲ့ စကားအဆုံးမှာတော့ ဒေါင်းက “ကျုပ်က အလှ ဆုံးငှက်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လေ။ ဒါပေမဲ့ အဲဒီအလှတရားတွေကြောင့်ပဲ အခုလို တိရစ္ဆာန်ဥယျာဉ်ထဲ မှာ ချုပ်နှောင်ခံနေရတာပေါ့။ဒီမှာ ကိုကျီးကန်း ကျွန်တော် လေ့လာမိသလောက် လှောင်အိမ်မှာ အထည့် မခံရတာဆို လို့ ခင်ဗျားတစ်ယောက်ပဲ ရှိတယ်။ ဒါကြောင့် ကျွန်တော်က တော့ ခင်ဗျားကို မြင်ရင် အရမ်းအားကျတာပဲဗျာ။ လွတ် လွတ်လပ်လပ် ပျံသန်းခွင့်ရှိသလို သဘာဝရဲ့ အလှတရား တွေကိုလည်း တဝကြီးလှည့်လည်ခံစားနိုင်နေတာ မဟုတ် လား။ ခင်ဗျားကမှ တကယ်သေချာတာ။ တခြားသူတွေကို လိုက်မေးမနေနဲ့။ ကမ္ဘာပေါ်မှာ အပျော်ဆုံးငှက်ဟာ ခင်ဗျား ပဲ”လို့ ဆိုလိုက်ပါတယ်။

ကျွန်တော်တို့ဟာ အမြဲလိုလို အဝေးဆီကို တမ်းတ ငေးမော နေတတ်ကြပေမဲ့ ကိုယ့်အနားက ပျော်ရွှင်မှုတွေ ၊ အားသာ ချက်တွေ၊ တန်ဖိုးထားစရာတွေကိုတော့ သတိမပြုမိဖြစ်နေ တတ်ပါတယ်။ တကယ်တော့ ပြီးပြည့်စုံတဲ့ ဘဝဆိုတာ မရှိ ပါဘူး။ ဒါကြောင့်ကျွန်တော်တို့မပြောင်းလဲနိုင်တဲ့ အခြေ အနေတွေအပေါ် နားလည်လက်ခံ ၊ တင်းတိမ်ရောင့်ရဲလိုက် တာဟာ ကျွန်တော်တို့ကို ပျော်ရွှင်နေစေတဲ့ အဓိက သော့ချက်တွေပါပဲ။

Credit: Original Writer
Sharing By: One Daily Media

#Zawgyi Version

သူ႕ရဲ႕ မည္းနက္တဲ့ အေရာင္အဆင္းေၾကာင့္ မ‌ေပ်ာ္မ႐ႊင္ ျဖစ္ေနတဲ့ က်ီးကန္းတစ္ေကာင္ကေပးတဲ့ ဘဝသင္ခန္းစာ

တစ္ခါက က်ီးကန္းတစ္ေကာင္ဟာ သူ႕ရဲ႕ မည္းနက္တဲ့ အေရာင္အဆင္းေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ေနပါတယ္။ သူနဲ႕ အနီးအပါးမွာ ေနထိုင္တဲ့ ဗ်ိဳင္းတစ္ေကာင္ကို ၾကည့္ၿပီး သူ႕ လို အျဖဴေရာင္အဆင္းရွိခ်င္လိုက္တာလို႔ ေတြးကာ အားက် ၊ စိတ္အားငယ္ျဖစ္ေနေလတယ္။ ဒီလိုနဲ႕ ဗ်ိဳင္းကို မိတ္သြား ဖြဲ႕ၿပီး “ခင္ဗ်ားရဲ႕ အေရာင္အဆင္းက တကယ္လွတယ္ဗ်ာ။ ခင္ဗ်ားဟာ အေပ်ာ္ဆုံးငွက္ျဖစ္လိမ့္မယ္ဆိုတာ အေသ အခ်ာပဲ”လို႔ ဆိုတယ္။

က်ီးကန္းရဲ႕ စကားကို ၾကားေတာ့ ဗ်ိဳင္းက ဒီလိုျပန္ေျပာ တယ္။ “ဘယ္ကသာ က်ဳပ္က အေပ်ာ္ဆုံးငွက္ျဖစ္ရမွာလဲ ဗ်ာ။ ဟိုးဘက္ ေတာအုပ္ထဲမွာေနတဲ့ ၾကက္တူေ႐ြးေလ၊ သူကမွ ႏွစ္ေရာင္စပ္နဲ႕ အရမ္းလွတာ။ က်ဳပ္က ဘာဟုတ္ ေသးလို႔လဲ” ဗ်ိဳင္းရဲ႕ စကားကို ၾကားၿပီးေတာ့ က်ီးကန္းဟာ ၾကက္တူေ႐ြး ရွိရာကို အေရာက္သြားခဲ့ျပန္တယ္။

ဟိုေရာက္ေတာ့ “အသင္ ၾကက္တူေ႐ြး။ သင္က အေရာင္ႏွစ္ ေရာင္စပ္နဲ႕ သိပ္လွတာပဲဗ်ာ။ ေသခ်ာတယ္ ခင္ဗ်ားက အေပ်ာ္ဆုံးငွက္ပဲ မဟုတ္လား”လို႔ ေမးလိုက္ျပန္တယ္။ ဒီ အခါ ၾကက္တူေ႐ြးကလည္း “အေပ်ာ္ဆုံးငွက္ေတာ့ မဟုတ္ ပါဘူး ကိုက်ီးကန္းရာ။ က်ဳပ္က ႏွစ္ေရာင္ပဲ စပ္တာ။ ေဒါင္းကမွ အေရာင္ေတြ အမ်ားႀကီးနဲ႕ အရမ္းၾကည့္ေကာင္း၊ အရမ္းလွတာ”လို႔ ဆိုျပန္ပါတယ္။ ဒီလိုနဲ႕က်ီးကန္းဟာ ေဒါင္းရွိရာေနရာကို ခရီးဆက္ခဲ့ျပန္တယ္။ ေဒါင္းကို ေနရာ အႏွံ႕လွည့္ပတ္ရွာေပမဲ့ ေတာ္ေတာ္နဲ႕ မေတြ႕ပါဘူး။ ေနာက္ ဆုံးမွာေတာ့ ေဒါင္းကို တိရစာၦန္ဥယ်ာဥ္ထဲမွာ ေတြ႕လိုက္ရလို႔ အလြန္ ေပ်ာ္သြားပါတယ္။ ဒါနဲ႕ က်ီးကန္းဟာ ေဒါင္းရဲ႕ အနားကို ပ်ံဆင္းသြားၿပီး ဒီလိုေျပာျပန္တယ္။

“ကိုေဒါင္း ခင္ဗ်ားက ဒီေလာက္လွတာ၊ လူေတြကလည္း ခင္ဗ်ားရဲ႕ အလွကို ေငြကုန္ခံၿပီး လာၾကည့္ၾကရတာ။ ေသခ်ာတယ္။ ခင္ဗ်ားက ေလာကမွာ အေပ်ာ္ဆုံးငွက္ပဲ။ က်ဳပ္နဲ႕ေတာ့ ကြာပါ့။ လူေတြက က်ဳပ္ဆိုရင္ ခဲနဲ႕ပစ္ေပါက္ ၾကတယ္။ မွန္နဲ႕ေထာင္ၿပီး ေျခာက္လႊတ္ေမာင္းလႊတ္ ၾက တယ္ဗ်ာ”

က်ီးကန္းရဲ႕ စကားအဆုံးမွာေတာ့ ေဒါင္းက “က်ဳပ္က အလွ ဆုံးငွက္ဆိုတာ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္ေလ။ ဒါေပမဲ့ အဲဒီအလွတရားေတြေၾကာင့္ပဲ အခုလို တိရစာၦန္ဥယ်ာဥ္ထဲ မွာ ခ်ဳပ္ေႏွာင္ခံေနရတာေပါ့။ဒီမွာ ကိုက်ီးကန္း ကြၽန္ေတာ္ ေလ့လာမိသေလာက္ ေလွာင္အိမ္မွာ အထည့္ မခံရတာဆို လို႔ ခင္ဗ်ားတစ္ေယာက္ပဲ ရွိတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္က ေတာ့ ခင္ဗ်ားကို ျမင္ရင္ အရမ္းအားက်တာပဲဗ်ာ။ လြတ္ လြတ္လပ္လပ္ ပ်ံသန္းခြင့္ရွိသလို သဘာဝရဲ႕ အလွတရား ေတြကိုလည္း တဝႀကီးလွည့္လည္ခံစားနိုင္ေနတာ မဟုတ္ လား။ ခင္ဗ်ားကမွ တကယ္ေသခ်ာတာ။ တျခားသူေတြကို လိုက္ေမးမေနနဲ႕။ ကမာၻေပၚမွာ အေပ်ာ္ဆုံးငွက္ဟာ ခင္ဗ်ား ပဲ”လို႔ ဆိုလိုက္ပါတယ္။

ကြၽန္ေတာ္တို႔ဟာ အၿမဲလိုလို အေဝးဆီကို တမ္းတ ေငးေမာ ေနတတ္ၾကေပမဲ့ ကိုယ့္အနားက ေပ်ာ္႐ႊင္မႈေတြ ၊ အားသာ ခ်က္ေတြ၊ တန္ဖိုးထားစရာေတြကိုေတာ့ သတိမျပဳမိျဖစ္ေန တတ္ပါတယ္။ တကယ္ေတာ့ ၿပီးျပည့္စုံတဲ့ ဘဝဆိုတာ မရွိ ပါဘူး။ ဒါေၾကာင့္ကြၽန္ေတာ္တို႔မေျပာင္းလဲနိုင္တဲ့ အေျခ အေနေတြအေပၚ နားလည္လက္ခံ ၊ တင္းတိမ္ေရာင့္ရဲလိုက္ တာဟာ ကြၽန္ေတာ္တို႔ကို ေပ်ာ္႐ႊင္ေနေစတဲ့ အဓိက ေသာ့ခ်က္ေတြပါပဲ။

Credit: Original Writer
Sharing By: #One daily Media

Leave a Reply

Your email address will not be published. Required fields are marked *