success

လူတစ်ယောက်ရဲ့ တန်ဖိုး

Unicode Version

“တန်ဖိုးရှိတဲ့ လူဆိုတာ သူ့ကိုယ်သူ တန်ဖိုးရှိအောင် အမြဲထိန်းသိမ်းနေထိုင်ပြီး တစ်ပါးသူတွေအပေါ်လည်း တန်ဖိုးထပ်ပေါင်းထည့်ပေးနိုင်တဲ့ လူပါ”

တစ်ခါက ပညာရှိအဘိုးကို လူငယ်တစ်ဦးကလူတစ်ယောက် ရဲ့ တန်ဖိုးဟာ ဘာလဲလို့ မေးခဲ့ပါတယ်။ ပညာရှိအဘိုးအိုက လူငယ်ရဲ့အမေးကို မဖြေသေးဘဲ ကျောက်တုံးလေးတစ်တုံးကို ထုတ် ပေးလိုက်ပြီး ၄င်းရဲ့ တန်ဖိုးအစစ်အမှန်ကို သိရှိ အောင် စုံစမ်းရုံသာ စုံစမ်းခဲ့ပြီး ပြန်ယူလာခဲ့ဖို့ မှာလိုက်ပါ တယ်။ လူငယ်လည်း အဘိုးအိုပေးတဲ့ ကျောက်တုံးလေးကို ရိုသေစွာ လက်ခံယူပြီး ဈေးရုံဘက်ကို လျှောက်လာခဲ့တယ်။ ကျောက်တုံးလေးရဲ့ တန်ဖိုးကို ဈေးသည်တွေ သိလိမ့်မယ် လို့လည်း အထင်ရှိခဲ့ဟန်တူပါတယ်။

ဒါနဲ့ ဈေးရုံထိပ်နားမှာ စတွေ့ရတဲ့ လိမ္မော်သီးသည်ကို ကျောက်တုံးလေး ပြပြီး တန်ဖိုးစုံစမ်းကြည့်တော့ သူ့ကို ရောင်းရင် လိမ္မော်သီး ၁၂ လုံးပေးမယ်လို့ ပြောလိုက်ပါ တယ်။ လူငယ်လည်း စုံစမ်းကြည့်ရုံသာဖြစ်ပြီး မရောင်း သေးပါကြောင်း ရှင်းပြကာ ဆက်လျှောက်လာ ခဲ့ပါတယ်။ဒီလိုနဲ့ ဈေးရုံအတွင်းပိုင်းကို ရောက်ရှိလာခဲ့ပြီး သဘော ကောင်း ပုံပေါ်တဲ့ ဟင်းသီးဟင်းရွက်သည်ကို ထပ်တွေ့ကာ စုံစမ်းကြည့်ပြန်တော့ သူ့ကို ရောင်းရင် အာလူးတစ်အိတ် ပေးမယ်လို့ ပြောပြန်ပါတယ်။

လူငယ်လည်း ဈေးစုံစမ်းရုံ သာဖြစ်ကြောင်းပြောခဲ့ပြီး ဆက်လျှောက်ခဲ့ပြန်ပါတယ်။

ဟင်းရွက်သည်နဲ့ မလှမ်းမကမ်း ဈေးရုံအစွန်တစ်နေရာ အရောက်မှာတော့ ရွှေဆိုင်တစ်ဆိုင်ကို တွေ့သွားပြီး ထပ်မံ စုံစမ်းကြည့်ပြန်တယ်။ ရွှေဆိုင်ပိုင်ရှင်က ကျောက်တုံးလေးကို မှန်ဘီလူးနဲ့ စစ်ဆေးလိုက်ပြီး သူ့ကို ရောင်းရင် ၅ သန်းပေးမယ်လို့ ပြောပါတယ် ။ လူငယ်က ခေါင်းခါပြတော့ သန်း၂၀ပေးမယ်လို့ ထပ်ပြောပြန်ပါတယ်။ လူငယ်လည်း ဈေးစုံစမ်းရုံသာဖြစ်ကြောင်း ရှင်းပြပြီး ဆက်လျှောက်လာခဲ့ပြန်တယ်။

လူငယ်ရဲ့ စိတ်ထဲမှာတော့ ကျောက်တုံးလေးရဲ့ တန်ဖိုးဟာ ပို ပိုတိုးလာတာကိုလည်း သတိပြုမိလာပါတယ်။ ဒီလိုနဲ့ ဈေးရုံ ထဲက ထွက်ပြီး လမ်းမကြီးဘေးကို ရောက်ရှိသွားတဲ့အခါမှာတော့ ကျောက်မျက်ရတနာ အ ရောင်းဆိုင်တစ်ဆိုင်ကို တွေ့မြင်သွားပါတယ်။ လူငယ်ရဲ့ မျက်နှာဟာ ဝင်းလက်သွားပြီး ဆိုင်အတွင်းကို ပြေးဝင်သွား ပါတယ်။

အထဲရောက်လို့ ကျောက်တုံးလေးပြပြီး တန်ဖိုး စုံစမ်းကြည့်တဲ့အခါမှာတော့ ဆိုင်ရှင်ရဲ့ အံ့အားသင့်မှုကို လူငယ်လေး သတိပြုမိလိုက်ပါတယ်။ ဆိုင်ရှင်က ကျောက်တုံးလေးကို အဝတ်အနီစတစ်ခုပေါ် တင်လိုက်ပြီး ဘေးပတ်လည်ကို လှည့်ပတ်ကြည့်လိုက်တယ်။ နောက်တော့ ခါးကိုပါ ကုန်းလိုက်ပြီး ကျောက်တုံးလေးကို အနီးကပ်စိုက်ကြည့်နေ ရင်း “ဒီလိုတန်ဖိုးကြီးမားတဲ့ ပတ္တမြားတုံးကြီးကို ဘယ်ကနေ များ ရလာခဲ့တာလဲ။ ကမ္ဘာကြီးတစ်ခုလုံးကို ရောင်းပြီး ဝယ်မယ်ဆိုရင်တောင် မဝယ်နိုင်ဘူး။ တန်ဖိုးမဖြတ်နိုင်ဘူး” လို့ တအံ့တဩဆိုလိုက်ပါတယ်။

လူငယ်လည်း အကျိုးအကြောင်းကို ရိုသေစွာ ရှင်းလင်းပြောပြပြီး ပညာရှိအဘိုး အိုဆီကို ခပ်သုတ်သုတ် ပြန်လာခဲ့တော့တယ်။

ပြန်ရောက်တဲ့အခါ ပညာရှိအဘိုးအိုကို စုံစမ်းဖြစ်ခဲ့တဲ့ နေရာ တွေနဲ့ ကျောက်တုံးလေးဟာ တန်ဖိုးမဖြတ်နိုင်အောင် ထိုက် တန်ပါကြောင်း ရိုသေစွာ ရှင်းလင်းပြောပြပါတယ်။အဲဒီ နောက် လူတစ်ယောက်ရဲ့ တန်ဖိုးအကြောင်း အဖြေပေးဖို့ အဘိုးအိုကို တောင်းဆိုပါတော့တယ်။ အဲဒီအခါ ပညာရှိ အဘိုးအိုက “သင့်မေးခွန်းရဲ့ အဖြေကို သင်သွားဖြစ်ခဲ့တဲ့ လိမ္မော် သီးဆိုင်၊ဟင်းသီး ဟင်းရွက်ဆိုင်၊ ရွှေဆိုင်နဲ့ ကျောက်မျက်ရတနာဆိုင် တွေက ရှင်းပြခဲ့ပြီးပြီလေ”လို့ ဆိုပါတယ်။

ဒါပေမဲ့လူငယ်လေး သိပ်နားမလည်ပုံပေါ်တာနဲ့ ပညာရှိ အဘိုးအိုက “သင်ဟာ ဒီကျောက်တုံးလေးလို အဖိုးမဖြတ် နိုင်အောင် ထိုက်တန်သူတစ်ဦးဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ လူတွေက သူတို့ရဲ့ ငွေရေး ကြေးရေးအခြေအနေတွေတွေ၊ ယုံကြည်မှုတွေ ၊ ပညာအရည်အချင်းတွေ ၊ အသိ ပညာဗဟု သုတ ၊ ဖြတ်သန်းရှင်သန်ခဲ့တဲ့ ဘဝအတွေ့အကြုံတွေ ၊ ကျဉ်းမြောင်းတဲ့ ရှုမြင်သုံးသပ်မှုဘောင်တွေ စတဲ့ အရာတွေ ပေါ် မူတည်ပြီး တန်ဖိုးဖြတ်ကြလိမ့်မယ်။ တစ်နည်းဆိုရရင် သူတို့ရဲ့ မတူညီတဲ့ ချိန်ခွင်အမျိုးမျိုးနဲ့ ချိန်တိုင်းပြီး တန်ဖိုး ဖြတ်ကြလိမ့်မယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ နောက်ဆုံးမှာ အဖိုးတန်ကျောက်မျက်ရတနာဆိုင်ရှင်လို သင့်တန်ဖိုးကို အမှန်ကန်ဆုံး အကဲဖြတ်ပေးနိုင်သူနဲ့ကြုံဆုံနိုင်ပါလိမ့်မယ်။ လူတိုင်း လူတိုင်းမှာ အဖိုးမဖြတ်နိုင်တဲ့ အရည်အသွေး ကောင်းတွေ အသီးသီးပိုင်ဆိုင်ထားကြတယ်။ ဒါကြောင့် သင့်ကို တန်ဖိုးမထားသူတွေ ၊ သင့်တန်ဖိုးကို အသိအမှတ် ပြုလက်ခံမှု မရှိသူတွေထံ သင့်ကိုယ်သင် ဘယ်တော့မှ အလွယ်တကူ မရောင်းမိပါစေနဲ့။ သင့်ကိုယ်သင်တန်ဖိုး မြှင့်ရင်း ဘဝခရီးကို ပုံမှန်ဆက်လက်လျှောက်လှမ်းနေပါ။ တစ်နေ့မှာတော့ သင့်ကို အမှန်တကယ်တန်ဖိုးထားရှိနိုင်သူ၊ သင့်တန်ဖိုးကို သိမြင်လက်ခံ နိုင်သူတစ်ဦးဦးနဲ့ ကြုံဆုံတွေ့ ရှိနိုင်ပါလိမ့်မယ်”လို့ ရှင်းပြပေးလိုက်ပါတယ်။

အဲဒီအခါမှ လူငယ်လေးလည်း ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်သွားပြီး ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမြှင့်ရင်း ကိုယ့်တန်ဖိုးကို သိမြင်လက်ခံခြင်းမရှိသူတွေရဲ့ ပတ်ဝန်း ကျင်မှာ ရပ်တန့်မနေဖို့နဲ့ ကိုယ့်တန်ဖိုးကို အသိအမှတ်ပြု လက်ခံနိုင်သူတွေအနီးသို့ ရောက်ရှိအောင်သွားဖို့ဆုံးဖြတ် ချက်ချ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့တန်ဖိုးကို သိမြင်လက်ခံနိုင်သူ တွေရဲ့ ပတ်ဝန်းကျင်မှာ သူ့အတွက် ပျော်ရွှင်မှု ၊ အောင်မြင် မှုနဲ့ အမြင့်ဆုံး စိတ်ဓာတ်ခွန်အားတွေ တည်ရှိနေတဲ့ အကြောင်း လူငယ်လေး သိရှိနား လည်သွားခဲ့လို့ပါပဲ။

“လူတွေက သူတို့ရဲ့ မတူညီတဲ့ ချိန်ခွင်တွေနဲ့ ချိန်တိုင်းပြီး သင့်ကို အမျိုးမျိုးတန်ဖိုးဖြတ်ကြပါလိမ့်မယ် ။ အကယ်၍ သင်ကိုယ်တိုင်က အဖိုးတန်ကျောက်တစ်လုံးဆိုရင်တော့ ကျောက်မျက်ကျွမ်း ကျင်သူရဲ့ အကဲဖြတ်မှုကိုသာ အသိအမှတ်ပြုလက်ခံရလိမ့်မယ်”

Credit: Kaung Sam That
Sharing By: #One Daily Media

#Zawgyi Version

လူတစ္ေယာက္ရဲ႕ တန္ဖိုး

“တန္ဖိုးရွိတဲ့ လူဆိုတာ သူ႔ကိုယ္သူ တန္ဖိုးရွိေအာင္ အၿမဲထိန္းသိမ္းေနထိုင္ၿပီး တစ္ပါးသူေတြအေပၚလည္း တန္ဖိုးထပ္ေပါင္းထည့္ေပးႏိုင္တဲ့ လူပါ”

တစ္ခါက ပညာရွိအဘိုးကို လူငယ္တစ္ဦးကလူတစ္ေယာက္ ရဲ႕ တန္ဖိုးဟာ ဘာလဲလို႔ ေမးခဲ့ပါတယ္။ ပညာရွိအဘိုးအိုက လူငယ္ရဲ႕အေမးကို မေျဖေသးဘဲ ေက်ာက္တုံးေလးတစ္တုံးကို ထုတ္ေပးလိုက္ၿပီး ၄င္းရဲ႕ တန္ဖိုးအစစ္အမွန္ကို သိရွိ ေအာင္ စုံစမ္း႐ုံသာ စုံစမ္းခဲ့ၿပီး ျပန္ယူလာခဲ့ဖို႔ မွာလိုက္ပါ တယ္။ လူငယ္လည္း အဘိုးအိုေပးတဲ့ ေက်ာက္တုံးေလးကို ႐ိုေသစြာ လက္ခံယူၿပီး ေဈး႐ုံဘက္ကို ေလွ်ာက္လာခဲ့တယ္။ ေက်ာက္တုံးေလးရဲ႕ တန္ဖိုးကို ေဈးသည္ေတြ သိလိမ့္မယ္ လို႔လည္း အထင္ရွိခဲ့ဟန္တူပါတယ္။

ဒါနဲ႔ ေဈး႐ုံထိပ္နားမွာ စေတြ႕ရတဲ့ လိေမၼာ္သီးသည္ကို ေက်ာက္တုံးေလး ျပၿပီး တန္ဖိုးစုံစမ္းၾကည့္ေတာ့ သူ႔ကို ေရာင္းရင္ လိေမၼာ္သီး ၁၂ လုံးေပးမယ္လို႔ ေျပာလိုက္ပါ တယ္။ လူငယ္လည္း စုံစမ္းၾကည့္႐ုံသာျဖစ္ၿပီး မေရာင္း ေသးပါေၾကာင္း ရွင္းျပကာ ဆက္ေလွ်ာက္လာ ခဲ့ပါတယ္။ဒီလိုနဲ႔ ေဈး႐ုံအတြင္းပိုင္းကို ေရာက္ရွိလာခဲ့ၿပီး သေဘာ ေကာင္း ပုံေပၚတဲ့ ဟင္းသီးဟင္း႐ြက္သည္ကို ထပ္ေတြ႕ကာ စုံစမ္းၾကည့္ျပန္ေတာ့ သူ႔ကို ေရာင္းရင္ အာလူးတစ္အိတ္ ေပးမယ္လို႔ ေျပာျပန္ပါတယ္။ လူငယ္လည္း ေဈးစုံစမ္း႐ုံ သာျဖစ္ေၾကာင္းေျပာခဲ့ၿပီး ဆက္ေလွ်ာက္ခဲ့ျပန္ပါတယ္။

ဟင္း႐ြက္သည္နဲ႔ မလွမ္းမကမ္း ေဈး႐ုံအစြန္တစ္ေနရာ အေရာက္မွာေတာ့ ေ႐ႊဆိုင္တစ္ဆိုင္ကို ေတြ႕သြားၿပီး ထပ္မံ စုံစမ္းၾကည့္ျပန္တယ္။ ေ႐ႊဆိုင္ပိုင္ရွင္က ေက်ာက္တုံးေလးကို မွန္ဘီလူးနဲ႔ စစ္ေဆးလိုက္ၿပီး သူ႔ကို ေရာင္းရင္ ၅ သန္းေပးမယ္လို႔ ေျပာပါတယ္ ။ လူငယ္က ေခါင္းခါျပေတာ့ သန္း၂၀ေပးမယ္လို႔ ထပ္ေျပာျပန္ပါတယ္။ လူငယ္လည္း ေဈးစုံစမ္း႐ုံသာျဖစ္ေၾကာင္း ရွင္းျပၿပီး ဆက္ေလွ်ာက္လာခဲ့ျပန္တယ္။

လူငယ္ရဲ႕ စိတ္ထဲမွာေတာ့ ေက်ာက္တုံးေလးရဲ႕ တန္ဖိုးဟာ ပို ပိုတိုးလာတာကိုလည္း သတိျပဳမိလာပါတယ္။ ဒီလိုနဲ႔ ေဈး႐ုံ ထဲက ထြက္ၿပီး လမ္းမႀကီးေဘးကို ေရာက္ရွိသြားတဲ့အခါမွာေတာ့ ေက်ာက္မ်က္ရတနာ အ ေရာင္းဆိုင္တစ္ဆိုင္ကို ေတြ႕ျမင္သြားပါတယ္။ လူငယ္ရဲ႕ မ်က္ႏွာဟာ ဝင္းလက္သြားၿပီး ဆိုင္အတြင္းကို ေျပးဝင္သြား ပါတယ္။ အထဲေရာက္လို႔ ေက်ာက္တုံးေလးျပၿပီး တန္ဖိုး စုံစမ္းၾကည့္တဲ့အခါမွာေတာ့ ဆိုင္ရွင္ရဲ႕ အံ့အားသင့္မႈကို လူငယ္ေလး သတိျပဳမိလိုက္ပါတယ္။ ဆိုင္ရွင္က ေက်ာက္တုံးေလးကို အဝတ္အနီစတစ္ခုေပၚ တင္လိုက္ၿပီး ေဘးပတ္လည္ကို လွည့္ပတ္ၾကည့္လိုက္တယ္။ ေနာက္ေတာ့ ခါးကိုပါ ကုန္းလိုက္ၿပီး ေက်ာက္တုံးေလးကို အနီးကပ္စိုက္ၾကည့္ေန ရင္း “ဒီလိုတန္ဖိုးႀကီးမားတဲ့ ပတၱျမားတုံးႀကီးကို ဘယ္ကေန မ်ား ရလာခဲ့တာလဲ။ ကမာၻႀကီးတစ္ခုလုံးကို ေရာင္းၿပီး ဝယ္မယ္ဆိုရင္ေတာင္ မဝယ္ႏိုင္ဘူး။ တန္ဖိုးမျဖတ္ႏိုင္ဘူး” လို႔ တအံ့တဩဆိုလိုက္ပါတယ္။ လူငယ္လည္း အက်ိဳး အေၾကာင္းကို ႐ိုေသစြာ ရွင္းလင္းေျပာျပၿပီး ပညာရွိအဘိုး အိုဆီကို ခပ္သုတ္သုတ္ ျပန္လာခဲ့ေတာ့တယ္။

ျပန္ေရာက္တဲ့အခါ ပညာရွိအဘိုးအိုကို စုံစမ္းျဖစ္ခဲ့တဲ့ ေနရာ ေတြနဲ႔ ေက်ာက္တုံးေလးဟာ တန္ဖိုးမျဖတ္ႏိုင္ေအာင္ ထိုက္ တန္ပါေၾကာင္း ႐ိုေသစြာ ရွင္းလင္းေျပာျပပါတယ္။အဲဒီ ေနာက္ လူတစ္ေယာက္ရဲ႕ တန္ဖိုးအေၾကာင္း အေျဖေပးဖို႔ အဘိုးအိုကို ေတာင္းဆိုပါေတာ့တယ္။ အဲဒီအခါ ပညာရွိ အဘိုးအိုက “သင့္ေမးခြန္းရဲ႕ အေျဖကို သင္သြားျဖစ္ခဲ့တဲ့ လိေမၼာ္ သီးဆိုင္၊ ဟင္းသီးဟင္း႐ြက္ဆိုင္၊ ေ႐ႊဆိုင္နဲ႔ ေက်ာက္မ်က္ရတနာဆိုင္ ေတြက ရွင္းျပခဲ့ၿပီးၿပီေလ”လို႔ ဆိုပါတယ္။

ဒါေပမဲ့လူငယ္ေလး သိပ္နားမလည္ပုံေပၚတာနဲ႔ ပညာရွိ အဘိုးအိုက “သင္ဟာ ဒီေက်ာက္တုံးေလးလို အဖိုးမျဖတ္ ႏိုင္ေအာင္ ထိုက္တန္သူတစ္ဦးျဖစ္ေကာင္းျဖစ္မယ္။ ဒါေပမဲ့ လူေတြက သူတို႔ရဲ႕ ေငြေရး ေၾကးေရးအေျခအေနေတြေတြ၊ ယုံၾကည္မႈေတြ ၊ ပညာအရည္အခ်င္းေတြ ၊ အသိပညာဗဟု သုတ ၊ ျဖတ္သန္းရွင္သန္ခဲ့တဲ့ ဘဝအေတြ႕အႀကဳံေတြ ၊ က်ဥ္းေျမာင္းတဲ့ ရႈျမင္သုံးသပ္မႈေဘာင္ေတြ စတဲ့ အရာေတြ ေပၚ မူတည္ၿပီး တန္ဖိုးျဖတ္ၾကလိမ့္မယ္။ တစ္နည္းဆိုရရင္ သူတို႔ရဲ႕ မတူညီတဲ့ ခ်ိန္ခြင္အမ်ိဳးမ်ိဳးနဲ႔ ခ်ိန္တိုင္းၿပီး တန္ဖိုး ျဖတ္ၾကလိမ့္မယ္။ ဒါေပမဲ့ စိတ္မပူပါနဲ႔။ ေနာက္ဆုံးမွာ အဖိုးတန္ေက်ာက္မ်က္ရတနာဆိုင္ရွင္လို သင့္တန္ဖိုးကို အမွန္ကန္ဆုံး အကဲျဖတ္ေပးႏိုင္သူနဲ႔ႀကဳံဆုံႏိုင္ပါလိမ့္မယ္။ လူတိုင္း လူတိုင္းမွာ အဖိုးမျဖတ္ႏိုင္တဲ့ အရည္အေသြး ေကာင္းေတြ အသီးသီးပိုင္ဆိုင္ထားၾကတယ္။ ဒါေၾကာင့္ သင့္ကို တန္ဖိုးမထားသူေတြ ၊ သင့္တန္ဖိုးကို အသိအမွတ္ ျပဳလက္ခံမႈ မရွိသူေတြထံ သင့္ကိုယ္သင္ ဘယ္ေတာ့မွ အလြယ္တကူ မေရာင္းမိပါေစနဲ႔။ သင့္ကိုယ္သင္တန္ဖိုး ျမႇင့္ရင္း ဘဝခရီးကို ပုံမွန္ဆက္လက္ေလွ်ာက္လွမ္းေနပါ။ တစ္ေန႔မွာေတာ့ သင့္ကို အမွန္တကယ္တန္ဖိုးထားရွိႏိုင္သူ၊ သင့္တန္ဖိုးကို သိျမင္လက္ခံ ႏိုင္သူတစ္ဦးဦးနဲ႔ ႀကဳံဆုံေတြ႕ ရွိႏိုင္ပါလိမ့္မယ္”လို႔ ရွင္းျပေပးလိုက္ပါတယ္။

အဲဒီအခါမွ လူငယ္ေလးလည္း ရွင္းရွင္းလင္းလင္း နားလည္ သေဘာေပါက္သြားၿပီး ကိုယ့္ကိုယ္ကိုယ္တန္ဖိုးျမႇင့္ရင္း ကိုယ့္တန္ဖိုးကို သိျမင္လက္ခံျခင္းမရွိသူ တြရဲ႕ ပတ္ဝန္း က်င္မွာ ရပ္တန႔္မေနဖို႔နဲ႔ ကိုယ့္တန္ဖိုးကို အသိအမွတ္ျပဳ လက္ခံႏိုင္သူေတြအနီးသို႔ ေရာက္ရွိေအာင္သြားဖို႔ ဆုံးျဖတ္ ခ်က္ခ် ျဖစ္ခဲ့ပါတယ္။ သူ႔ရဲ႕တန္ဖိုးကို သိျမင္လက္ခံႏိုင္သူ ေတြရဲ႕ ပတ္ဝန္းက်င္မွာ သူ႔အတြက္ ေပ်ာ္႐ႊင္မႈ ၊ ေအာင္ျမင္ မႈနဲ႔ အျမင့္ဆုံး စိတ္ဓာတ္ခြန္အားေတြ တည္ရွိေနတဲ့ အေၾကာင္း လူငယ္ေလး သိရွိနား လည္သြားခဲ့လို႔ပါပဲ။

“လူေတြက သူတို႔ရဲ႕ မတူညီတဲ့ ခ်ိန္ခြင္ေတြနဲ႔ ခ်ိန္တိုင္းၿပီး သင့္ကို အမ်ိဳးမ်ိဳးတန္ဖိုးျဖတ္ၾကပါလိမ့္မယ္ ။ အကယ္၍ သင္ကိုယ္တိုင္က အဖိုးတန္ေက်ာက္တစ္လုံးဆိုရင္ေတာ့ ေက်ာက္မ်က္ကြၽမ္းက်င္သူရဲ႕ အကဲျဖတ္မႈကိုသာ အသိအမွတ္ျပဳလက္ခံရလိမ့္မယ္”

Credit: Kaung Sam That
Sharing By: #One Daily Media

Leave a Comment