Tue. Oct 26th, 2021

#Unicode Version

 

“စိတ်တိုလာတဲ့အခါ စကားမပြောပါနှင့်။ ဒီဥပဒေသဟာ ဒုက္ခ သုက္ခနဲ့ ဆုံးရှုံးမှု ထောင်ပေါင်းများစွာကို ကာကွယ်ပေး နိုင်တဲ့ ပညာရှိသော လမ်းညွှန်ချက် ဖြစ်ပါတယ်” (ဟားဗက်ကာဆင်)

 

ဒေါသဖြစ်နေချိန်မှာ ကျွန်တော်တို့ရဲ့ နှုတ်ဟာ ကျွန်တော် တို့ရဲ့ အသိစိတ်ထက် အလုပ်လုပ်နှုန်းပိုမြန်သွားပါတယ်။ ဒါကြောင့် ဒေါသဖြစ်နေချိန်မှာ ပြောမိတဲ့ စကားအများစု ဟာ အမှားအယွင်းတွေ၊ ပြဿနာ ဖြစ်ပေါ်စေတဲ့ အစိတ်အ ပိုင်းတွေသာ ဖြစ်နေတတ်ပါတယ်။ တစ်နည်းအားဖြင့် စဉ်း စားချင့်ချိန်နိုင်စွမ်းတွေ ယုတ်လျော့သွားပြီး မှားယွင်းမှုတစ် စုံတစ်ရာကိုသာ စိတ်လိုက်မာန် ပါ ပြုမူမိစေပါတယ်။

 

ဒေါသစိတ်ဆိုတာ ခံစားရသူကို မကောင်းစေသလို ဆက် လက် ပွားများတတ်တဲ့ သဘောလည်း ရှိပါတယ်။ ဒေါသ စိတ်ကြောင့် မှန်ဖို့ထက် မှားဖို့က ပိုများပါတယ်။အောင်မြင် ဖို့ထက် ကျရှုံးဖို့က ပိုများပါတယ်။ တော်ဖို့ထက် ညံ့ဖို့က ပို များပါတယ်။ ဒါကြောင့် ဒေါသဖြစ် စိတ်တိုလာတဲ့အခါ ခေတ္တထိန်းချုပ်လိုက်ပြီး စိတ်အေးချမ်းမှသာ ဆက်လုပ် သင့်ပါတယ်။ စကားပြောစရာရှိရင်လည်း ဉာဏ်ပညာ ပေါင်းထည့်ပြီးမှ ဆက်ပြောသင့်ပါတယ်။ ဒေါသစိတ်ရဲ့ သဘောက ကောင်းကျိုးတွေကို မှေးမှိန်ပျောက်ကွယ်စေပြီး ဆိုးကျိုးတွေကိုသာ ထွက်ပေါ်လာအောင် တွန်းအားပေး တတ်လို့ပါပဲ။

“အတွင်းစိတ်ရဲ့ ငြိမ်းချမ်းမှုဟာ သင့်ကို ပျော်ရွှင်မှုပေးနိုင် တဲ့ အဓိကအရင်းအမြစ်ပါ။အဲဒီငြိမ်းချမ်းမှုကိုလည်း သင့်ရဲ့ ဒေါစိတ်ကလွဲလို့ တခြားဘယ်အရာကမှမဖျက်ဆီးနိုင်ပါ” (ဒလိုင်းလာမား)

တစ်ခါက ပညာရှိတစ်ဦးနဲ့ တပည့်တချို့ဟာ အမှုကိစ္စတစ်ခု ကို အောင်မြင်စွာ စွမ်းဆောင်ခဲ့ပြီးနောက် တောလမ်းလေး အတိုင်း ဖြတ်ကာအိမ်သို့ ပြန်လာခဲ့ကြပါတယ်။ တောလမ်း တစ်နေရာ အရောက်မှာတော့ ရေကန်တစ်ခုကို မြင်တွေ့ရ တာကြောင့် ပညာရှိက သူ့ရဲ့ တပည့်တစ်ဦးကို ရေခပ်ပေးဖို့ စေခိုင်းလိုက်ပါတယ်။ တပည့်ဖြစ်သူလည်း ရေကန်ထဲ ဆင်း ပြီး ရေခပ်မယ်ပြုတဲ့အခါ အနီးအပါးမှာ လူတချို့ အဝတ် လျှော်နေပြီး နွားလှည်းတစ်စီးလည်း ဖြတ်မောင်းသွားတာ ကြောင့် ရေတွေဟာ နောက်ကျိအနည်ထနေတာကို တွေ့မြင်သွားပါတယ်။ ဒါကြောင့် တပည့်ဖြစ်သူလည်း ပညာရှိထံသို့ ပြန်လျှောက်လာခဲ့ပြီး အသိမရှိတဲ့ အဝတ်လျှော်သမားများ နဲ့ နွားလှည်းသမားကြောင့် ရေတွေဟာ ညစ်ပတ်နေပြီး သောက်သုံးဖို့ မသင့်တဲ့အတွက် ခပ်မလာခဲ့ပါကြောင်း အလို မကျစွာနဲ့ ပြောလိုက်ပါတယ်။ တပည့်ဖြစ်သူရဲ့ စကားဆုံး တာနဲ့ ပညာရှိက “ဒီရေ ကန်အနီးမှာပဲ တို့တွေခေတ္တအနား ယူကြတာပေါ့ “လို့ ဆိုလိုက်ပါတယ်။

ဒီလိုနဲ့ တစ်နာရီနီးပါး အနားယူပြီးတဲ့အခါ စောစောက တပည့်ကိုပဲ ရေခပ်ပေးဖို့ ထပ်မံစေခိုင်းလိုက်ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ – တပည့်ဖြစ်သူဟာ ဝမ်းသာအားရနဲ့ ရေခပ်ယူနိုင်ခဲ့ပါတယ်။ နားခိုရာ သစ်ပင်ရိပ်သို့ တပည့်ဖြစ် သူပြန်ရောက်လာတဲ့အခါ ပညာရှိက ရေအိုးထဲရှိ ကြည်လင် သန့်ရှင်းနေတဲ့ ရေတွေကို ညွှန်ပြလိုက်ပြီး တပည့်အားလုံးကို

“အခုကြည့် ခေတ္တအချိန်ပေး စောင့်ဆိုင်းလိုက်တဲ့အခါ ရေ ကို ညစ်ပတ်စေတဲ့ အနည်အမှုန်တွေ၊ ရွှံ့နွံတွေဟာ ၄င်းတို့ သဘာဝအတိုင်း အနည်ထိုင်သွားခဲ့တယ်။ ဒီလိုအနည်ထိုင် ပြီး ကြည်လင်သန့်ရှင်းဖို့အတွက် တို့တွေစွမ်းနိုင်တဲ့ နည်းက တော့ အချိန်ပေးစောင့်ဆိုင်းတတ်ဖို့ပဲ။ အလားတူ တို့လူသား တွေရဲ့ စိတ်မှာလည်း ဒေါသဆိုတာ ဖြစ်ပေါ်တတ်သလို
ပြန်လည်တည်ငြိမ်မှုဆိုတာလည်း ဖြစ်ပေါ်တတ်တယ်။

တကယ်တော့ မကောင်းတဲ့ လူတွေဟာ မကောင်းတဲ့ အလုပ် ကို လုပ်နေကြသလို အသိမရှိတဲ့ လူတွေဟာလည်း အသိမရှိ တဲ့ အလုပ်ကို လုပ်နေကြမှာပါ။ တစ်ကိုယ်ကောင်းသမား ဟာလည်း သူ့အကျိုးကိုပဲ တစ်ချိန်လုံးကြည့်ပြီးအလုပ်,လုပ် နေမှာပဲ။ ဒါတွေဟာ သူတို့အလုပ်ကို သူတို့လုပ်နေကြတာ ဖြစ်တယ်။ ဒါကြောင့် သူတို့နဲ့ပတ်သက်လို့ ကိုယ့်စိတ်ကို ဒေါ သဆိုတဲ့ ညစ်ညမ်းမှုတစ်မျိုးနဲ့ ပက်ဖျန်းလိုက်ဖို့ မလိုဘဲ့ စိတ်ဓာတ်ပြန်လည်တည်ငြိမ်တဲ့အထိ ခေတ္တအချိန်ပေးစောင့် ဆိုင်းတက်ဖို့၊ စောင့်ဆိုင်းနိုင်ဖို့ လေ့ကျင့်ယူရမယ်”လို့ ဆိုဆုံးမခဲ့ပါတယ်။

တပည့်ဖြစ်သူများ အားလုံးလည်း ပညာရှိကြီးရဲ့ သာဓကပြ ဆို ဆုံးမမှုကြောင့် နားလည်သဘော ပေါက်သွားပြီး ဒေါသ ဖြစ်,စိတ်တိုလွယ်ခြင်းကို ထိန်းချုပ်ခြင်း၊ ဒေါသစိတ်ဖြစ်ပေါ် မိရင်လည်း ၄င်းဒေါသစိတ်နဲ့ ပေါင်းစပ်ကာ တစ်စုံတစ်ရာ တုံ့ပြန်ခြင်း၊ စကားပြောဆိုခြင်းတို့ကို မပြုလုပ်တော့ဘဲ ခေတ္တအချိန်ပေးစောင့်ဆိုင်းနေတတ်တဲ့ အလေ့အကျင့် ကောင်းကို မွေးမြူသွားနိုင်ခဲ့ကြပါတော့တယ်။

“မကောင်းတဲ့ လူတွေကြောင့် ပြန်ပြီး မကောင်းဆက်ဆံ နေရင် ကိုယ်လည်း ကောင်းတဲ့ လူတစ်ယောက်ဖြစ်နိုင်မှာ မဟုတ်တော့ဘူး။ ကိုယ့်ရဲ့ စိတ်ဓာတ်အရည်အသွေးနဲ့ ထိုက် တန်ရာကနေ နိမ့်ပါးရာ၊ ကြမ်းတမ်းခက်ထန်ရာကို မခံချင် စိတ်နဲ့ ခုန်မဆင်းမိဖို့ အထူးသတိပြုပါ။ ခုန်ဆင်းမိရင်ဒေါသ ရေလျဉ်ကြောမှာ နစ်မျောသွားနိုင်လို့ပါပဲ”

Credit: Kaung Sam Thar
Sharing By: #One Daily Media

#Zawgyi Version

ဒီစာဖတ္ၿပီးမွ ေဒါသထြက္ပါ
Get angry after reading this

“စိတ္တိုလာတဲ့အခါ စကားမေျပာပါႏွင့္။ ဒီဥပေဒသဟာ ဒုကၡ သုကၡနဲ႔ ဆုံးရႈံးမႈ ေထာင္ေပါင္းမ်ားစြာကို ကာကြယ္ေပး ႏိုင္တဲ့ ပညာရွိေသာ လမ္းၫႊန္ခ်က္ ျဖစ္ပါတယ္” (ဟားဗက္ကာဆင္)

ေဒါသျဖစ္ေနခ်ိန္မွာ ကြၽန္ေတာ္တို႔ရဲ႕ ႏႈတ္ဟာ ကြၽန္ေတာ္ တို႔ရဲ႕ အသိစိတ္ထက္ အလုပ္လုပ္ႏႈန္းပိုျမန္သြားပါတယ္။ ဒါေၾကာင့္ ေဒါသျဖစ္ေနခ်ိန္မွာ ေျပာမိတဲ့ စကားအမ်ားစု ဟာ အမွားအယြင္းေတြ၊ ျပႆနာ ျဖစ္ေပၚေစတဲ့ အစိတ္အ ပိုင္းေတြသာ ျဖစ္ေနတတ္ပါတယ္။ တစ္နည္းအားျဖင့္ စဥ္း စားခ်င့္ခ်ိန္ႏိုင္စြမ္းေတြ ယုတ္ေလ်ာ့သြားၿပီး မွားယြင္းမႈတစ္ စုံတစ္ရာကိုသာ စိတ္လိုက္မာန္ပါ ျပဳမူမိေစပါတယ္။

ေဒါသစိတ္ဆိုတာ ခံစားရသူကို မေကာင္းေစသလို ဆက္ လက္ ပြားမ်ားတတ္တဲ့ သေဘာလည္း ရွိပါတယ္။ ေဒါသ စိတ္ေၾကာင့္ မွန္ဖို႔ထက္ မွားဖို႔က ပိုမ်ားပါတယ္။ေအာင္ျမင္ ဖို႔ထက္ က်ရႈံးဖို႔က ပိုမ်ားပါတယ္။ ေတာ္ဖို႔ထက္ ညံ့ဖို႔က ပို မ်ားပါတယ္။ ဒါေၾကာင့္ ေဒါသျဖစ္ စိတ္တိုလာတဲ့အခါ ေခတၱထိန္းခ်ဳပ္လိုက္ၿပီး စိတ္ေအးခ်မ္းမွသာ ဆက္လုပ္ သင့္ပါတယ္။ စကားေျပာစရာရွိရင္လည္း ဉာဏ္ပညာ ေပါင္းထည့္ၿပီးမွ ဆက္ေျပာသင့္ပါတယ္။ ေဒါသစိတ္ရဲ႕ သေဘာက ေကာင္းက်ိဳးေတြကို ေမွးမွိန္ေပ်ာက္ကြယ္ေစၿပီး ဆိုးက်ိဳးေတြကိုသာ ထြက္ေပၚလာေအာင္ တြန္းအားေပး တတ္လို႔ပါပဲ။

“အတြင္းစိတ္ရဲ႕ ၿငိမ္းခ်မ္းမႈဟာ သင့္ကို ေပ်ာ္႐ႊင္မႈေပးႏိုင္ တဲ့ အဓိကအရင္းအျမစ္ပါ။အဲဒီၿငိမ္းခ်မ္းမႈကိုလည္း သင့္ရဲ႕ ေဒါစိတ္ကလြဲလို႔ တျခားဘယ္အရာကမွမဖ်က္ဆီးႏိုင္ပါ”
(ဒလိုင္းလာမား)

တစ္ခါက ပညာရွိတစ္ဦးနဲ႔ တပည့္တခ်ိဳ႕ဟာ အမႈကိစၥတစ္ခု ကို ေအာင္ျမင္စြာ စြမ္းေဆာင္ခဲ့ၿပီးေနာက္ ေတာလမ္းေလး အတိုင္း ျဖတ္ကာအိမ္သို႔ ျပန္လာခဲ့ၾကပါတယ္။ ေတာလမ္း တစ္ေနရာ အေရာက္မွာေတာ့ ေရကန္တစ္ခုကို ျမင္ေတြ႕ရ တာေၾကာင့္ ပညာရွိက သူ႔ရဲ႕ တပည့္တစ္ဦးကို ေရခပ္ေပးဖို႔ ေစခိုင္းလိုက္ပါတယ္။ တပည့္ျဖစ္သူလည္း ေရကန္ထဲ ဆင္း ၿပီး ေရခပ္မယ္ျပဳတဲ့အခါ အနီးအပါးမွာ လူတခ်ိဳ႕ အဝတ္ ေလွ်ာ္ေနၿပီး ႏြားလွည္းတစ္စီးလည္း ျဖတ္ေမာင္းသြားတာ ေၾကာင့္ ေရေတြဟာ ေနာက္က်ိအနည္ထေနတာကို ေတြ႕ျမင္သြားပါတယ္။ ဒါေၾကာင့္ တပည့္ျဖစ္သူလည္း ပညာရွိထံသို႔ ျပန္ေလွ်ာက္လာခဲ့ၿပီး အသိမရွိတဲ့ အဝတ္ေလွ်ာ္သမားမ်ား နဲ႔ ႏြားလွည္းသမားေၾကာင့္ ေရေတြဟာ ညစ္ပတ္ေနၿပီး ေသာက္သုံးဖို႔ မသင့္တဲ့အတြက္ ခပ္မလာခဲ့ပါေၾကာင္း အလို မက်စြာနဲ႔ ေျပာလိုက္ပါတယ္။ တပည့္ျဖစ္သူရဲ႕ စကားဆုံး တာနဲ႔ ပညာရွိက “ဒီေရ ကန္အနီးမွာပဲ တို႔ေတြေခတၱအနား ယူၾကတာေပါ့ “လို႔ ဆိုလိုက္ပါတယ္။

ဒီလိုနဲ႔ တစ္နာရီနီးပါး အနားယူၿပီးတဲ့အခါ ေစာေစာက တပည့္ကိုပဲ ေရခပ္ေပးဖို႔ ထပ္မံေစခိုင္းလိုက္ျပန္ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ – တပည့္ျဖစ္သူဟာ ဝမ္းသာအားရနဲ႔ ေရခပ္ယူႏိုင္ခဲ့ပါတယ္။ နားခိုရာ သစ္ပင္ရိပ္သို႔ တပည့္ျဖစ္ သူျပန္ေရာက္လာတဲ့အခါ ပညာရွိက ေရအိုးထဲရွိ ၾကည္လင္ သန႔္ရွင္းေနတဲ့ ေရေတြကို ၫႊန္ျပလိုက္ၿပီး တပည့္အားလုံးကို

“အခုၾကည့္ ေခတၱအခ်ိန္ေပး ေစာင့္ဆိုင္းလိုက္တဲ့အခါ ေရ ကို ညစ္ပတ္ေစတဲ့ အနည္အမႈန္ေတြ၊ ႐ႊံ႕ႏြံေတြဟာ ၄င္းတို႔ သဘာဝအတိုင္း အနည္ထိုင္သြားခဲ့တယ္။ ဒီလိုအနည္ထိုင္ ၿပီး ၾကည္လင္သန႔္ရွင္းဖို႔အတြက္ တို႔ေတြစြမ္းႏိုင္တဲ့ နည္းက ေတာ့ အခ်ိန္ေပးေစာင့္ဆိုင္းတတ္ဖို႔ပဲ။ အလားတူ တို႔လူသား ေတြရဲ႕ စိတ္မွာလည္း ေဒါသဆိုတာ ျဖစ္ေပၚတတ္သလို
ျပန္လည္တည္ၿငိမ္မႈဆိုတာလည္း ျဖစ္ေပၚတတ္တယ္။

တကယ္ေတာ့ မေကာင္းတဲ့ လူေတြဟာ မေကာင္းတဲ့ အလုပ္ ကို လုပ္ေနၾကသလို အသိမရွိတဲ့ လူေတြဟာလည္း အသိမရွိ တဲ့ အလုပ္ကို လုပ္ေနၾကမွာပါ။ တစ္ကိုယ္ေကာင္းသမား ဟာလည္း သူ႔အက်ိဳးကိုပဲ တစ္ခ်ိန္လုံးၾကည့္ၿပီးအလုပ္,လုပ္ ေနမွာပဲ။ ဒါေတြဟာ သူတို႔အလုပ္ကို သူတို႔လုပ္ေနၾကတာ ျဖစ္တယ္။ ဒါေၾကာင့္ သူတို႔နဲ႔ပတ္သက္လို႔ ကိုယ့္စိတ္ကို ေဒါ သဆိုတဲ့ ညစ္ညမ္းမႈတစ္မ်ိဳးနဲ႔ ပက္ဖ်န္းလိုက္ဖို႔ မလိုဘဲ့ စိတ္ဓာတ္ျပန္လည္တည္ၿငိမ္တဲ့အထိ ေခတၱအခ်ိန္ေပးေစာင့္ ဆိုင္းတက္ဖို႔၊ ေစာင့္ဆိုင္းႏိုင္ဖို႔ ေလ့က်င့္ယူရမယ္”လို႔ ဆိုဆုံးမခဲ့ပါတယ္။

တပည့္ျဖစ္သူမ်ား အားလုံးလည္း ပညာရွိႀကီးရဲ႕ သာဓကျပ ဆို ဆုံးမမႈေၾကာင့္ နားလည္သေဘာေပါက္သြားၿပီး ေဒါသ ျဖစ္,စိတ္တိုလြယ္ျခင္းကို ထိန္းခ်ဳပ္ျခင္း၊ ေဒါသစိတ္ျဖစ္ေပၚ မိရင္လည္း ၄င္းေဒါသစိတ္နဲ႔ ေပါင္းစပ္ကာ တစ္စုံတစ္ရာ တုံ႔ျပန္ျခင္း၊ စကားေျပာဆိုျခင္းတို႔ကို မျပဳလုပ္ေတာ့ဘဲ ေခတၱအခ်ိန္ေပးေစာင့္ဆိုင္းေနတတ္တဲ့ အေလ့အက်င့္ ေကာင္းကို ေမြးျမဴသြားႏိုင္ခဲ့ၾကပါေတာ့တယ္။

“မေကာင္းတဲ့ လူေတြေၾကာင့္ ျပန္ၿပီး မေကာင္းဆက္ဆံ ေနရင္ ကိုယ္လည္း ေကာင္းတဲ့ လူတစ္ေယာက္ျဖစ္ႏိုင္မွာ မဟုတ္ေတာ့ဘူး။ ကိုယ့္ရဲ႕ စိတ္ဓာတ္အရည္အေသြးနဲ႔ ထိုက္ တန္ရာကေန နိမ့္ပါးရာ၊ ၾကမ္းတမ္းခက္ထန္ရာကို မခံခ်င္ စိတ္နဲ႔ ခုန္မဆင္းမိဖို႔ အထူးသတိျပဳပါ။ ခုန္ဆင္းမိရင္ေဒါသ ေရလ်ဥ္ေၾကာမွာ နစ္ေမ်ာသြားႏိုင္လို႔ပါပဲ”

Credit: Kaung Sam Thar
Sharing By: #One Daily Media

Leave a Reply

Your email address will not be published. Required fields are marked *