Wed. Oct 27th, 2021

#Unicode Version

 

ငှက်ချင်းတူစေဦးတော့ တောင်ပံခတ်သံချင်း ထပ်တူမကျ နိုင်ပါဘူး။ လူချင်းတူစေဦးတော့ အားသာချက် ၊ အားနည်း ချက်ချင်း ထပ်တူမကျနိုင်ပါဘူး။ ဒါကြောင့် တန်ဖိုးရှိတဲ့ ငှက်ငယ်ဟာ တောင်ပံခတ်သံချင်း ပြိုင်ဆိုင်နေမဲ့အစား အဓိပ္ပါယ်ရှိတဲ့ ပျံသန်းခြင်းတွေဖြစ်ဖို့သာ အားစိုက်နေသလို တန်ဖိုးရှိတဲ့ သင်ဟာလည်း အားသာချက်၊ အားနည်းချက် ချင်း ယှဉ်ပြိုင်နေမဲ့အစား အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခု ဖန်တီး တည်ဆောက်နိုင်ဖို့သာ အားစိုက်ထုတ်နေသင့်ပါတယ်။

 

လူသားတိုင်းမှာ မတူညီတဲ့ အားသာချက်တွေ ၊ အားနည်း ချက်တွေ အသီးသီးပိုင်ဆိုင်ထားကြပါတယ်။ တစ်ဦးက လုပ်ငန်းစွမ်းဆောင်ရည်မှာ အားသာသလို တစ်ဦးက စဉ်း စားတွေးခေါ်မှုအ ပိုင်းမှာ အားသာနေတတ်ပြန်ပါတယ်။

သူတို့နှစ်ဦး ပေါင်းစပ် အလုပ်လုပ်ဖြစ်တဲ့အခါ အတွေးမှန်း၊ အလုပ်မှန်ပြီး ရလဒ်ကောင်းတွေ ထွက်ပေါ်လာပါတယ်။ သဘာဝတရားက ဒီလိုမတူညီတဲ့ အရာတွေကို ပေးစွမ်းထား တာဟာ လူသားတွေကို ပေါင်းစပ်လုပ်ဆောင်စေဖို့နဲ့ အပြန် အလှန် ရိုင်းပင်းကူညီကြဖို့ ရည်ရွယ်တယ်လို့ သုံးသပ် မိပါ တယ်။

အလွန်အခြေခိုင်ခံ့ပါတယ်ဆိုတဲ့ အဆောက်အအုံတွေ၊ လမ်း တွေရဲ့ အောက်မှာ အရွယ်အစားမတူညီတဲ့ ကျောက်တုံး၊ ကျောက်ခဲတွေကို ပေါင်းစု အမာခံယူထားတာဖြစ်ပါတယ်။

သို့ဖြင့် မတူညီတာတွေ ပေါင်းစည်းခြင်းဖြင့်သာ ကြီးမြတ် တဲ့ ဖြစ်မြောက်အောင်မြင်မှုတွေကို တည်ဆောက် ယူနိုင် မယ်လို့ မှတ်ယူမိပါတယ်။

 

တကယ်တော့ ကိုယ့်ရဲ့အားသာချက်ဟာ တစ်ပါးသူရဲ့ အားနည်းချက်ကို ဖြည့်စွက်ကူညီပေးဖို့ ဖြစ်သင့်ပြီး တစ်ပါးသူရဲ့အားသာချက်ဟာလည်း ကိုယ့်ရဲ့အားနည်းချက်ကို ပြန်လည်ဖြည့်စွက် ပေးဖို့ ဖြစ်သင့်ပါတယ်။

ဒါပေမဲ့ စိတ်မ ကောင်းစွာဘဲ တစ်ဦးက သူ့ရဲ့ အားသာချက်နဲ့ တစ်ပါးသူရဲ့ အားနည်းချက်အပေါ် လှောင်ပြောင်အနိုင်ယူတတ်ကြသလို ကိုယ်အခွင့်သာရင် ဘယ်လို ပညာပြလိုက်မယ်၊ ဘယ်လို သင်ခန်းစာပေး လိုက်မယ်လို့ စဉ်းစားဖြစ်သူက ပိုများပါ တယ်။

ဒီလိုနဲ့ တစ်ပါးသူကလည်း ငါ့တုန်းကတော့ သူက ဘယ်လို ပညာပြထားတာပဲဆိုပြီး သူ့အလှည့်အဖြစ် ပြန်အစွမ်းပြ ပြန်ပါတယ်။

ဒီလိုနဲ့ လူတချို့ဟာ သူတစ်ပြန် ကိုယ်တစ်ပြန် ပညာပြရင်း ကရွတ်ကင်းလျှောက် ပြုမူနေတတ်ကြသလို တန်ဖိုးရှိတဲ့ အချိန်တွေလည်း ကုန်လွန်နေပြီး ဘဝရဲ့ အဓိပ္ပါယ် ၊ ဘဝရဲ့ တန်ဖိုးကိုလည်း မေ့လျော့လာခဲ့ကြပါ တယ်။

 

\

လူဟာ နယ်ပယ်တိုင်းမှာ ထူးချွန်ထက်မြက်နေသူ မဖြစ်နိုင် ပါဘူး။ ဆိုင်ရာ ဆိုင်ရာ နယ်ပယ်အနည်းငယ်စီမှာသာ ကျွမ်း ကျင်ပိုင်နိုင်ကြတာ ဖြစ်ပါတယ်။ စဉ်းစားတွေးခေါ်မှု ပိုင်းမှာ ပိုင်နိုင်နှံ့စပ်အောင် သိမြင်နိုင်စွမ်းပါတယ်ဆိုတဲ့ ပညာရှိတွေ မှာတောင် သူတို့ရဲ့ လုပ်နိုင်စွမ်းမှာတော့ အကန့် အသတ်နဲ့ သာရှိနိုင်တာဖြစ်ပါတယ်။

ခေါင်းဆောင်တစ်ဦးမှာ ခေါင်း ဆောင်မှုအရည် အသွေးတွေ ရှိနေသည်ဆိုဦးတော့ နောက်လိုက် နောက်ပါများမှာ လက်တွေ့အကောင် အထည်ဖော်ဆောင်နိုင်စွမ်းတွေရှိမှသာ ဖြစ်မြောက်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

ဆိုးလှသည်မှာ တချို့က အရာရာမှာ သူတို့သာ သိရှိနား လည်ထားတယ်။ စွမ်းဆောင်နိုင်တယ်လို့ အထင်ရှိနေပြီး တစ်ပါးသူရဲ့ အားသာချက်တွေကိုလည်း အသိအမှတ်ပြု လက်ခံခြင်းမပြုပြန်ပါဘူး။

ဆရာဝန်ဟာ ဆေးကုသမှုအ ပိုင်း၊ ကျန်းမာရေးအပိုင်းမှာ အားသာပေမဲ့ဘောလုံးပွဲသွား ကြည့်တဲ့အခါ ပရိသတ်ဖြစ်သွားပါတယ်။ ဒီလိုပါပဲ၊ ကွင်း လယ်ဒိုင်ဟာ ဘောလုံးပွဲမှာ အားသာသူ၊ အရေးပါသူ ဖြစ် ပေမဲ့ ဆေးရုံသွားရတဲ့အခါ လူနာစောင့် (သို့မဟုတ် ) လူနာ ဖြစ်သွားပြန်ပါတယ်။

အခြင်းအရာကို ကြည့်ခြင်းဖြင့် အား သာချက် အားနည်းချက်တွေဟာ အချိန်၊ နေရာအခြေ အ နေတွေအပေါ် မှီတည်နေတာကို သတိပြုမိပါလိမ့်မယ်။

ဒါ့အပြင် ကိုယ့်ရဲ့ အနည်းငယ်သော အားသာချက်တွေကြောင့် မာနထောင်လွှား ဂုဏ်မောက်နေဖို့ မလိုသလို တစ်ပါးသူတွေရဲ့ အနည်းငယ်သော အားသာချက်တွေကို လည်း သိမြင်လက်ခံပေးနိုင်ဖို့ လွန်စွာ အရေးကြီးလှပါ တယ်။

ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အဓိကလက် နက်ဟာ အားနည်းချက်တွေကို ရှာဖွေအပြစ်တင်ဖို့မဟုတ်ဘဲ အားသာချက် တွေကို တတ်နိုင်သမျှ ဆွဲ ထုတ်ပြီး ချီးမွမ်း စကားဆိုကာ စိတ်ဓာတ်မြှင့်တင်ပေးရတာပဲ ဖြစ်ပါတယ်။ မဖြစ်မနေ ပြုပြင်သင့်တဲ့ အရာကို ထောက်ပြလိုတဲ့တိုင် အောင် အားသားချက်တစ်ခု ၊ကောင်းကွက်တစ်ခုနဲ့ စတင် စကားဆိုကြရတာ ဖြစ်ပါတယ်။

 

Credit: Kaung Sam Thar
Sharing By: #One Daily Media

#Zawgyi Version

အားသာခ်က္ နဲ႔ အားနည္းခ်က္

ငွက္ခ်င္းတူေစဦးေတာ့ ေတာင္ပံခတ္သံခ်င္း ထပ္တူမက် ႏိုင္ပါဘူး။ လူခ်င္းတူေစဦးေတာ့ အားသာခ်က္ ၊ အားနည္း ခ်က္ခ်င္း ထပ္တူမက်ႏိုင္ပါဘူး။ ဒါေၾကာင့္ တန္ဖိုးရွိတဲ့ ငွက္ငယ္ဟာ ေတာင္ပံခတ္သံခ်င္း ၿပိဳင္ဆိုင္ေနမဲ့အစား အဓိပၸါယ္ရွိတဲ့ ပ်ံသန္းျခင္းေတြျဖစ္ဖို႔သာ အားစိုက္ေနသလို တန္ဖိုးရွိတဲ့ သင္ဟာလည္း အားသာခ်က္၊ အားနည္းခ်က္ ခ်င္း ယွဥ္ၿပိဳင္ေနမဲ့အစား အဓိပၸါယ္ရွိတဲ့ ဘဝတစ္ခု ဖန္တီး တည္ေဆာက္ႏိုင္ဖို႔သာ အားစိုက္ထုတ္ေနသင့္ပါတယ္။

လူသားတိုင္းမွာ မတူညီတဲ့ အားသာခ်က္ေတြ ၊ အားနည္း ခ်က္ေတြ အသီးသီးပိုင္ဆိုင္ထားၾကပါတယ္။ တစ္ဦးက လုပ္ငန္းစြမ္းေဆာင္ရည္မွာ အားသာသလို တစ္ဦးက စဥ္း စားေတြးေခၚမႈအပိုင္းမွာ အားသာေနတတ္ျပန္ပါတယ္။ သူတို႔ႏွစ္ဦး ေပါင္းစပ္ အလုပ္လုပ္ျဖစ္တဲ့အခါ အေတြးမွန္း၊

အလုပ္မွန္ၿပီး ရလဒ္ေကာင္းေတြ ထြက္ေပၚလာပါတယ္။ သဘာဝတရားက ဒီလိုမတူညီတဲ့ အရာေတြကို ေပးစြမ္းထား တာဟာ လူသားေတြကို ေပါင္းစပ္လုပ္ေဆာင္ေစဖို႔နဲ႔ အျပန္ အလွန္ ႐ိုင္းပင္းကူညီၾကဖို႔ ရည္႐ြယ္တယ္လို႔ သုံးသပ္ မိပါ တယ္။

အလြန္အေျခခိုင္ခံ့ပါတယ္ဆိုတဲ့ အေဆာက္အအုံေတြ၊ လမ္း ေတြရဲ႕ ေအာက္မွာ အ႐ြယ္အစားမတူညီတဲ့ ေက်ာက္တုံး၊ ေက်ာက္ခဲေတြကို ေပါင္းစု အမာခံယူထားတာျဖစ္ပါတယ္။

သို႔ျဖင့္ မတူညီတာေတြ ေပါင္းစည္းျခင္းျဖင့္သာ ႀကီးျမတ္ တဲ့ ျဖစ္ေျမာက္ေအာင္ျမင္မႈေတြကို တည္ေဆာက္ ယူႏိုင္ မယ္လို႔ မွတ္ယူမိပါတယ္။

တကယ္ေတာ့ ကိုယ့္ရဲ႕အားသာခ်က္ဟာ တစ္ပါးသူရဲ႕ အားနည္းခ်က္ကို ျဖည့္စြက္ကူညီေပးဖို႔ ျဖစ္သင့္ၿပီး တစ္ပါးသူရဲ႕အားသာခ်က္ဟာလည္း ကိုယ့္ရဲ႕အားနည္းခ်က္ကို ျပန္လည္ျဖည့္စြက္ ေပးဖို႔ ျဖစ္သင့္ပါတယ္။ ဒါေပမဲ့ စိတ္မ ေကာင္းစြာဘဲ တစ္ဦးက သူ႔ရဲ႕ အားသာခ်က္နဲ႔ တစ္ပါးသူရဲ႕ အားနည္းခ်က္အေပၚ ေလွာင္ေျပာင္အႏိုင္ယူတတ္ၾကသလို ကိုယ္အခြင့္သာရင္ ဘယ္လို ပညာျပလိုက္မယ္၊ ဘယ္လို သင္ခန္းစာေပး လိုက္မယ္လို႔ စဥ္းစားျဖစ္သူက ပိုမ်ားပါ တယ္။

ဒီလိုနဲ႔ တစ္ပါးသူကလည္း ငါ့တုန္းကေတာ့ သူက ဘယ္လို ပညာျပထားတာပဲဆိုၿပီး သူ႔အလွည့္အျဖစ္ ျပန္အစြမ္းျပ ျပန္ပါတယ္။

ဒီလိုနဲ႔ လူတခ်ိဳ႕ဟာ သူတစ္ျပန္ ကိုယ္တစ္ျပန္ ပညာျပရင္း က႐ြတ္ကင္းေလွ်ာက္ ျပဳမူေနတတ္ၾကသလို တန္ဖိုးရွိတဲ့ အခ်ိန္ေတြလည္း ကုန္လြန္ေနၿပီး ဘဝရဲ႕ အဓိပၸါယ္ ၊ ဘဝရဲ႕ တန္ဖိုးကိုလည္း ေမ့ေလ်ာ့လာခဲ့ၾကပါ တယ္။

လူဟာ နယ္ပယ္တိုင္းမွာ ထူးခြၽန္ထက္ျမက္ေနသူ မျဖစ္ႏိုင္ ပါဘူး။ ဆိုင္ရာ ဆိုင္ရာ နယ္ပယ္အနည္းငယ္စီမွာသာ ကြၽမ္း က်င္ပိုင္ႏိုင္ၾကတာ ျဖစ္ပါတယ္။ စဥ္းစားေတြးေခၚမႈ ပိုင္းမွာ ပိုင္ႏိုင္ႏွံ႔စပ္ေအာင္ သိျမင္ႏိုင္စြမ္းပါတယ္ဆိုတဲ့ ပညာရွိေတြ မွာေတာင္ သူတို႔ရဲ႕ လုပ္ႏိုင္စြမ္းမွာေတာ့ အကန႔္ အသတ္နဲ႔ သာရွိႏိုင္တာျဖစ္ပါတယ္။ ေခါင္းေဆာင္တစ္ဦးမွာ ေခါင္း ေဆာင္မႈအရည္အေသြးေတြ ရွိေနသည္ဆိုဦးေတာ့ ေနာက္ လိုက္ ေနာက္ပါမ်ားမွာ လက္ေတြ႕အေကာင္အထည္ေဖာ္ ေဆာင္ႏိုင္စြမ္းေတြရွိမွသာ ျဖစ္ေျမာက္ေအာင္ျမင္ႏိုင္မွာ ျဖစ္ပါတယ္။

ဆိုးလွသည္မွာ တခ်ိဳ႕က အရာရာမွာ သူတို႔သာ သိရွိနား လည္ထားတယ္။

စြမ္းေဆာင္ႏိုင္တယ္လို႔ အထင္ရွိေနၿပီး တစ္ပါးသူရဲ႕ အားသာခ်က္ေတြကိုလည္း အသိအမွတ္ျပဳ လက္ခံျခင္းမျပဳျပန္ပါဘူး။ ဆရာဝန္ဟာ ေဆးကုသမႈအ ပိုင္း၊ က်န္းမာေရးအပိုင္းမွာ အားသာေပမဲ့ေဘာလုံးပြဲသြား ၾကည့္တဲ့အခါ ပရိသတ္ျဖစ္သြားပါတယ္။ ဒီလိုပါပဲ၊ ကြင္း လယ္ဒိုင္ဟာ ေဘာလုံးပြဲမွာ အားသာသူ၊ အေရးပါသူ ျဖစ္ ေပမဲ့ ေဆး႐ုံသြားရတဲ့အခါ လူနာေစာင့္ (သို႔မဟုတ္ ) လူနာ ျဖစ္သြားျပန္ပါတယ္။ အျခင္းအရာကို ၾကည့္ျခင္းျဖင့္ အား သာခ်က္ အားနည္းခ်က္ေတြဟာ အခ်ိန္၊ ေနရာအေျခ အ ေနေတြအေပၚ မွီတည္ေနတာကို သတိျပဳမိပါလိမ့္မယ္။

ဒါ့အျပင္ ကိုယ့္ရဲ႕ အနည္းငယ္ေသာ အားသာခ်က္ေတြ ေၾကာင့္ မာနေထာင္လႊား ဂုဏ္ေမာက္ေနဖို႔ မလိုသလို တစ္ပါးသူေတြရဲ႕ အနည္းငယ္ေသာ အားသာခ်က္ေတြကို လည္း သိျမင္လက္ခံေပးႏိုင္ဖို႔ လြန္စြာ အေရးႀကီးလွပါ တယ္။

ေခါင္းေဆာင္ေကာင္းတစ္ေယာက္ရဲ႕ အဓိကလက္ နက္ဟာ အားနည္းခ်က္ေတြကို ရွာေဖြအျပစ္တင္ဖို႔မဟုတ္ဘဲ အားသာခ်က္ ေတြကို တတ္ႏိုင္သမွ် ဆြဲထုတ္ၿပီး ခ်ီးမြမ္း စကားဆိုကာ စိတ္ဓာတ္ျမႇင့္တင္ေပးရတာပဲ ျဖစ္ပါတယ္။ မျဖစ္မေန ျပဳျပင္သင့္တဲ့ အရာကို ေထာက္ျပလိုတဲ့တိုင္ ေအာင္ အားသားခ်က္တစ္ခု ၊ေကာင္းကြက္တစ္ခုနဲ႔ စတင္ စကားဆိုၾကရတာ ျဖစ္ပါတယ္။

 

Credit: Kaung Sam Thar
Sharing By: #One daily Media

Leave a Reply

Your email address will not be published. Required fields are marked *