One Daily News

ဂျပန်နိုင်ငံ၏ အောင်မြင်‌သောပညာရေးစနစ်မှ လျိုဝှက်ချက်(၇)ချက်

ဂျပန်နိုင်ငံ၏ အောင်မြင်‌သောပညာရေးစနစ်မှ လျိုဝှက်ချက်(၇)ချက်

ဂျပန်နိုင်ငံဟာ စာသင်ကျောင်းများကို ဘဝအောင်မြင်မှုရဲ့ လှေကားထစ်တစ်ခုသဖွယ် မှတ်ယူသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စာသင်နှစ်တစ်နှစ်မှာ ကျောင်းတက်ရက်ပေါင်း (၂၁၀) အထိရှိပါတယ်။ ရက်ပေါင်း (၁၈၀) ရှိတဲ့ အမေရိကန်နိုင်ငံထက် ပိုများသောအရေအတွက်လဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံပညာရေးစနစ်ဟာ အခြားနိုင်ငံများနှင့် အများအားဖြင့်တူညီသော်လည်း ကမ္ဘာ့အကောင်းဆုံး ပညာရေးစနစ်တစ်ခုအဖြစ် သတ်မှတ်ခံရစေနိုင်သော အခြားသော အခန်းကဏ္ဍများစွာရှိပါသေးတယ်။

ဗဟုသုတအဖြစ် ယခုတစ်ခါ တင်ဆက်ပေးချင်တာကတော့ ကျွန်တော်တို့ ရှာဖွေလေ့လာထားတဲ့ ဂျပန်နိုင်ငံမှ အောင်မြင်သောပညာရေးစနစ်ရဲ့ လျိုဝှက်ချက်အချို့ပဲ ဖြစ်ပါတယ်။

(1) အိပ်စက်အနားယူချိန် ပါဝင်ခြင်း

ဂျပန်နိုင်ငံမှာ များပြားလှသော အချိန်ဇယားများကြောင့် အာရုံစူးစိူက်မှု ကောင်းစေရန် တစ်ခါတစ်ရံ စာသင်ခန်းအတွင်း အိပ်စက်ခြင်းဟာ သာမန်ကိစ္စတစ်ခုသာ ဖြစ်ပါတယ်။ သို့သော်အခြားသောနိုင်ငံအချို့တွင်တော့ ထိုသို့အိပ်စက်ခြင်းကို မလေးစားမှုအဖြစ် သဘောထားလေ့ရှိကြပါတယ်။

(၂) Grade-4 အရွယ်ထိ စာမေးပွဲမစစ်ခြင်း

ဂျပန်စာသင်ကြောင်းများဟာ ကျောင်းနေပြီး ကနဦး ၃ နှစ်ဟာ အပြုအမူနှင့်အကျင့်စရိုက် ကောင်းများကိုသာ ဦးစားပေးသင်ကြားပါတယ်။ တတ်မြောက်မှု စစ်ဆေးခြင်းများမပြုလုပ်ပါဘူး။ရက်ရောခြင်း ၊ စာနာတတ်ခြင်း ၊ လေးစားမှုရှိစေခြင်း တို့အပြင် တိရစ္ဆာန်လေးများအပေါ် ကြင်နာသနားတတ်မှုများကို ပါ ပြုစုပျိုးထောင်ပေးကြပါတယ်။

(၃) ကျောင်းသန့်ရှင်းရေး

အခြားသောကျောင်းများဟာ သန့်ရှင်းရေး၊ကျောင်းနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက် အလုပ်သမားများ ထားလေ့ရှိသော်လည်း ဂျပန်နိုင်ငံဟာတော့ ကျောင်းသားလူငယ်လေးများ မိမိကျောင်းသန့်ရှင်းရေး အတွက် ကိုယ့်တာဝန်ကိုယ်ယူရပါတယ်။စုပေါင်းလုပ်ဆောင်တတ်မှု ၊ အလုပ်တာဝန်နှင့် နေရာအပေါ်လေးစားတတ်မှု များတိုးတတ်လာစေရန် ရည်ရွယ်ပါတယ်။

(၄) ဆရာနှင့်တပည့် အတူယှဉ်တွဲစားသောက်ခြင်း

 

အခြားသောနိုင်ငံများအတွက် ဒါဟာမေးခွန်းထုတ်စရာ ဖြစ်နိုင်သော်လည်း ဂျပန်နိုင်ငံကတော့ သာမန်ကိစ္စတစ်ခုသာဖြစ်ပါတယ်။အတူတကွစားသောက်ခြင်းဖြင့် အပြန်အလှန်စာနာကူညီတတ်မှု နှင့်အတူ မိသားစုစိတ်ဓာတ်များကိုပါ ပျိုးထောင်ပေးတာဖြစ်ပါတယ်။

ထို့အပြင် ဂျပန်နိုင်ငံဟာ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ကို အထူးဂရုပြုသောနိုင်ငံဖြစ်တာနဲ့အညီ ကလေးများအတွက် နေ့လည်စာကို စံချိန်စံနှုန်းများနှင့်အညီ အရည်အချင်းပြည့်မှီသော စားဖိုမှူးများဖြင့် ချက်ပြုတ်ကျွေးမွေးလေ့ရှိတာ ဖြစ်ပါတယ်။

(၅)ကျောင်းပြင်ပ အလုပ်ရုံဆွေးနွေးမှု

 

တစ်နေ့တာ အတွက် (၆)နာရီကြာ စာသင်ချိန်များ ပြီးနောက် ကျောင်းဆင်းချိန်မှာလဲ အခြားသောပြင်ပဗဟုသုတ လေ့လာနိုင်သော တန်းခွဲများရှိပါသေးတယ်။ အခြားသောကျောင်းများနှင့်မတူညီတဲ့အချက်ကတော့ ပိတ်ရက်နှင့်အားလပ်ရက် အချို့များတွင်ပါ စာလုပ်ကြလေ့ရှိခြင်း ဖြစ်ပါတယ်။

(၆) ကဗျာနှင့် လက်ရေးလှ သင်ကြားခြင်း

သင်ရိုးဘာသာရပ်များများအပြင် ” Kanji ” ရေးသားရာမှာ အနုပညာတစ်ရပ်ဖြစ်သော “Shodo” ဟုခေါ်သည့် လှပသော ဂျပန်စာအရေးအသားများလဲ သင်ကြားရပါတယ်။ ထို့အပြင် စာဖတ်သူအပေါ် လေးနက်သောစိတ်ခံစားချက်များ ပေးစွမ်းနိုင်မည့် “Haiku “ဟု ခေါ်သော ကဗျာစာစုအရေးသားများ လဲ သင်ကြားပေးပါတယ်။ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို လေးစား တန်ဖိုးထားတတ်စေရန် ရည်ရွယ်ချက်နဲ့ပဲဖြစ်ပါတယ်။

(၇) တူညီဝတ်စုံ ဝတ်ဆင်ရခြင်း

 

ကလေးငယ်များအကြား စုပေါင်းလုပ်ဆောင်တတ်မှု ၊ စည်းလုံးစွာ ယှဉ်တွဲနေထိုင်တတ်မှုများအတွက် တူညီဝတ်စုံများ ဝတ်ဆင်စေပါတယ်။တူညီဝတ်စုံလေးများဟာ ကလေးငယ်များအတွက် မိမိကိုယ်ကိုယုံကြည်မှု ၊ မိမိကျောင်းအတွက်ဂုဏ်ယူမှု အစရှိသည့် စိတ်ပိုင်းဆိုင်ရာအထောက်အပံ့များ ပေးစွမ်းနိုင်ပါတယ်။

Bonus – အမည်မဲ့အရောင်များ အသုံးပြုခြင်း

 

သိကျွမ်းဝင်ပြီးဖြစ်သော အရောင်နာမည်များကို အသုံးမပြုပဲ လိမ္မော်ရောင်၊အပြာရောင်၊အစိမ်းရောင် အစရှိသည့်အရောင်များ ပေါ်ပေါက်လာရန် စတင် ဓာတ်ပြုပေါင်းစည်းထားသော အရောင်တွဲများကို ယှဉ်တွဲလေ့လာစေခြင်းဖြစ်ပါတယ်။ထို့ကြောင့် အရောင်များ၏အခြေခံသဘောတရားများ ၊ မည်သည်အရောင်များပေါင်းစပ်ခြင်းဖြင့် မည်သည့်အရောင်အသစ်များ ထွက်ပေါ်နိုင်သည်များ စတဲ့သိီအိုရီများကိုပါ ရင်းနှီးကျွမ်းဝင်လာစေမှာဖြစ်ပါတယ်။

ကျွန်ုပ်တို့နိုင်ငံ၏ ပညာရေးစနစ်နဲ့ ကွဲပြားနေမှုများကို တွေ့ရှိခဲ့ရပါသလား? ကျွန်ုပ်တို့နိုင်ငံ၏ ပညာရေးစနစ်မှာရော မည်သည့်အချက်များကို ပြောင်းလဲစေလိုပါသလဲ comment မှာ အကြံပြုရေးသားနိုင်ပါတယ်။

 

Source BrightSide

Written One Daily Media

Leave a Comment