Tue. Oct 26th, 2021

ဝေခွဲမရမှုများစွာနှင့် မယုံကြည်နိုင်စရာ တိုက်ဆိုင်မှု (၈) ချက်

တစ်ခါတစ်ရံမှာ ဘဝဟာ ဖြစ်နိုင်ချေ သီအိုရီတွေနဲ့ ရှင်းပြလို့မရတဲ့ အံ့ဩထူးဆန်းဖွယ်ရာ တွေ ယူဆောင်လာတတ်ပါတယ်။

ကမ္ဘာပေါ်မှာ တွေ့ရလေ့ရှိသော ကြိုတင်မခန့်မှန်းနိုင်တဲ့ လျိုဝှက်ဆန်းကြယ် အဖြစ်အပျက်များကို ကျွန်တော်တို့ အဖွဲ့သားများက စဉ်ဆက်မပြတ် ရှာဖွေစုဆောင်းပြီး တင်ဆက်ပေးလျက်ရှိပါတယ်။

(၁) လူဝင်စားလေသလား ?

 

Ferrari Company စတင်တည်ထောင်သူ Enzo Ferrari ဟာ (၁၉၈၈) ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီးနောက် လအနည်းငယ်အကြာမှာ ဂျာမနီနာမည်ကြီး ဘောလုံးသမား Mesut Özil ကိုမွေးဖွားခဲ့ပါတယ်။သူတို့နှစ်ဦးဟာ အမြွှာညီအစ်ကိုများအလား ထင်ရအောင် ရုပ်ရည်ချင်းဆင်တူနေကြပြီး လူဝင်စားမှုများလေးလား ဟုလည်း မေးခွန်းထုတ်မှုများ‌ရှိနေပါတယ်။

(၂) အချိန်ခရီးသွားခြင်း သက်သေတစ်ခု

 

Jennifer Lawrence ဟာ အီဂျစ်မင်းသမီးဟောင်း Zubaida Tharwat ၏ ပုံတူအလား ဆင်တူနေပါတယ်။

(၃)မတူညီသော ရာစုနှစ်များမှ အိမ်နီးချင်းများ

 

ဂီတလောကမှာ ကိုယ်စီကိုယ်စီ ခေတ်အလိုက် အလွှမ်းမိုးနိုင်ဆုံး အနုပညာရှင်များဖြစ်ခဲ့ကြတဲ့ နာမည်ကြီးတေးရေးဆရာ George Handel ဟာ နာမည်ကြီးဂစ်တာပညာရှင် Jimi Hendrix နှင့် အိမ်နီးနားချင်းများဖြစ်ကြပါတယ်။ Handel ဟာ လန်ဒန်မြို့ရှိ အိမ်အမှတ်(၂၅) Brook လမ်းမှာနေထိုင်ပြီး Hendrix က အိမ်အမှတ်(၂၃) Brook လမ်းမှာနေထိုင်ခဲ့ပါတယ် ။ သို့သော် သူတို့နှစ်ဦးဟာ ရာစုနှစ်နှစ်ခုခန့် အသက်ကွာခြားခဲ့ကြပါတယ် ။

(၄) Hoover ဆည်မှ အဖြစ်ဆိုး

 

(၁၉၂၂) ၊ ဒီဇင်ဘာ (၂၀) ရက်နေ့မှာ George Tierney ဆိုသူ အမျိုးသားဟာ Hoover ဆည် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ပထမဆုံးသော မတော်တဆမှုဖြင့် သေဆုံးခဲ့ရသူ ဖြစ်ပါတယ်။
တိုက်ဆိုင်စွာပင် ထိုဆောက်လုပ်ရေးမှ နောက်ဆုံး အနေဖြင့် အသက်ဆုံးရှူံးခဲ့ရသည့် အလုပ်သမားမှာ သူ၏သားဖြစ်သူ Patrick George ဖြစ်ပြီး ဒီဇင်ဘာ (၂၀) ရက်နေ့မှာပဲ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

(၅) ယာဉ်တိုက်မှု

(၁၈၉၅) ခုနှစ် Ohio ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုဟာတော့ ငိုအားထက် ရယ်အားသန် ခဲ့ရပါတယ်။ ထိုစဉ်က Ohio ပြည်နယ်ဟာ မော်တော်ကား နှစ်စီးသာ စတင် ထုတ်လုပ်ရသေး ယင်းကားနှစ်စီးကပဲ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကံမကောင်းစွာပင် ထိုစဉ်အခါက မတော်တဆမှုမှတ်တမ်း မှတ်ရာများ မရှိသေးတဲ့အတွက်ကြောင့် ထိုအဖြစ်အပျက်ကို တရားဝင်မှတ်တမ်း တင်ထားနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။

(၆) Edgar Allan Poeရဲ့ အချိန်ခရီးသွားစက်

 

Edgar Allan Poe ရဲ့ The Narrative of Arthur Gordon Pym of Nantucke စာအုပ်မှာတော့ နစ်မြုပ်သင်္ဘောပေါ်မှ ကျန်ရစ်သူ သင်္ဘောလုပ်သား(၄) ဦးတို့ဟာ Richard Parker ဆိုသူ သင်္ဘောသားကို သတ်ဖြတ် စားသောက်ခဲ့ကြကြောင်း ရေးသားထားခဲ့ပါတယ်။ အဆိုပါစာအုပ်ထုတ်ဝေပြီး (၄၆) နှစ်အကြာမှာတော့ အမှန်တကယ် လှေမြုပ်မှုတစ်ခုဖြစ်ခဲ့ပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သူ သင်္ဘောလုပ်သားများက သူတို့ဟာဝမ်းရေးအတွက် Richard Parker ဆိုသူကို သတ်ဖြတ်စားသောင်ခဲ့မိကြောင်း ပြန်ပြောပြခဲ့ကြပါတယ်။ထို့ကြောင့် Poe ဟာ အချိန်ခရီးသွားစာရေးဆရာတစ်ယောက် ဖြစ်နိုင်ကြောင်း ဝေဖန်သံတွေ ကျယ်လောင်လာခဲ့ပါတယ်။

(၇) ကံဆိုးသူညီအစ်ကိုနှစ်ဦး

Bermuda Islands ၌ နေထိုင်သူ အသက် (၁၇) နှစ် အရွယ် Erskine Lawrence Ebbin ဆိုသူဟာ (၁၉၇၅) ဇူလိုင်လမှာ လမ်းပေါ် ဆိုင်ကယ်စီးနေစဉ် Taxi တစ်စီးနှင့် ယာဉ်တိုက်မှုဖြစ်ခဲ့ပါတယ်။ ထိုဖြစ်ရပ်မတိုင်မှီ တစ်နှစ်အလို (၁၉၇၄) ဇူလိုင်မှာ အသက်(၁၇)နှစ်အရွယ် သူ၏အကိုဖြစ်သူဟာလည်း ယာဉ်မတော်တဆမှုဖြင့် သေဆုံးခဲ့ရပါတယ်။ အံ့ဩဖွယ်ကောင်းသည်ကတော့ တစ်နှစ်သာခြားပြီး ညီအစ်ကိုနှစ်ဦးလုံးကို သေဆုံးစေခဲ့သော အဆိုပါယာဉ်တိုက်မှုဟာ ရက်စွဲ ၊ စီးနင်းသောဆိုင်ကယ် ၊ တိုက်ခံရသောလမ်း ၊ Taxi ယာဉ် ၊ ယာဉ်မောင်းနှင့် စီးနင်းလာသော ခရီးသည် အားလုံးတူညီ တစ်ထပ်တည်းကျနေခြင်းပဲ ဖြစ်ပါတယ်။

(၈) Anthony Hopkins နှင့် ရှားပါးစာအုပ်

မင်းသားကြီး Anthony Hopkins ဟာ George Feifer ရေးသားပြီး သူပါဝင်သရုပ်ဆောင်မည့် The Girl from Petrovka ဆိုသော ဇာတ်ကားမှ ဇာတ်ဝင်ခန်းအတွက် အဆိုပါစာအုပ်ကို အလောတကြီး ဖတ်ရှူလိုခဲ့ပါတယ်။ မည်သည့်ဆိုင်မှာမှ ရှာဖွေဝယ်ယူမရခဲ့သော်လည်း တိုက်ဆိုင်စွာပင် ထိုစာအုပ် မိတ္တူကို မြေအောက်ရထားပေါ်မှ ကောက်ရခဲ့ပါတယ်။
နောက်ပိုင်း Feifer နဲ့ပြန်လည်တွေ့ဆုံဖြစ်ချိန် ထိုအကြောင်း ပြောပြရာမှာ Feifer က သူ့တွင် အပိုမိတ္တူမရှိ‌တော့ကြောင်းနဲ့ ရှိသည့်တစ်ခုမှာ လည်း မိတ်ဆွေတစ်ဦးက မေအောက်ရထားပေါ်မှာ ကျန်ရစ်ပြီးပျောက်ဆုံးခဲ့ရကြောင်း ပြောပြခဲ့ပါတယ် ။

 

Source BrightSide

Written One Daily Media

 

Zawgyi

ေဝခြဲမရမႈမ်ားစြာႏွင့္ မယုံၾကည္ႏိုင္စရာ တိုက္ဆိုင္မႈ (၈) ခ်က္

တစ္ခါတစ္ရံမွာ ဘဝဟာ ျဖစ္ႏိုင္ေခ် သီအိုရီေတြနဲ႔ ရွင္းျပလို႔မရတဲ့ အံ့ဩထူးဆန္းဖြယ္ရာ ေတြ ယူေဆာင္လာတတ္ပါတယ္။

ကမာၻေပၚမွာ ေတြ႕ရေလ့ရွိေသာ ႀကိဳတင္မခန႔္မွန္းႏိုင္တဲ့ လ်ိဳဝွက္ဆန္းၾကယ္ အျဖစ္အပ်က္မ်ားကို ကြၽန္ေတာ္တို႔ အဖြဲ႕သားမ်ားက စဥ္ဆက္မျပတ္ ရွာေဖြစုေဆာင္းၿပီး တင္ဆက္ေပးလ်က္ရွိပါတယ္။

(၁) လူဝင္စားေလသလား ?

Ferrari Company စတင္တည္ေထာင္သူ Enzo Ferrari ဟာ (၁၉၈၈) ခုႏွစ္မွာ ကြယ္လြန္ခဲ့ၿပီးေနာက္ လအနည္းငယ္အၾကာမွာ ဂ်ာမနီနာမည္ႀကီး ေဘာလုံးသမား Mesut Özil ကိုေမြးဖြားခဲ့ပါတယ္။သူတို႔ႏွစ္ဦးဟာ အႁမႊာညီအစ္ကိုမ်ားအလား ထင္ရေအာင္ ႐ုပ္ရည္ခ်င္းဆင္တူေနၾကၿပီး လူဝင္စားမႈမ်ားေလးလား ဟုလည္း ေမးခြန္းထုတ္မႈမ်ား‌ရွိေနပါတယ္။

(၂) အခ်ိန္ခရီးသြားျခင္း သက္ေသတစ္ခု

Jennifer Lawrence ဟာ အီဂ်စ္မင္းသမီးေဟာင္း Zubaida Tharwat ၏ ပုံတူအလား ဆင္တူေနပါတယ္။

(၃)မတူညီေသာ ရာစုႏွစ္မ်ားမွ အိမ္နီးခ်င္းမ်ား

ဂီတေလာကမွာ ကိုယ္စီကိုယ္စီ ေခတ္အလိုက္ အလႊမ္းမိုးႏိုင္ဆုံး အႏုပညာရွင္မ်ားျဖစ္ခဲ့ၾကတဲ့ နာမည္ႀကီးေတးေရးဆရာ George Handel ဟာ နာမည္ႀကီးဂစ္တာပညာရွင္ Jimi Hendrix ႏွင့္ အိမ္နီးနားခ်င္းမ်ားျဖစ္ၾကပါတယ္။ Handel ဟာ လန္ဒန္ၿမိဳ႕ရွိ အိမ္အမွတ္(၂၅) Brook လမ္းမွာေနထိုင္ၿပီး Hendrix က အိမ္အမွတ္(၂၃) Brook လမ္းမွာေနထိုင္ခဲ့ပါတယ္ ။ သို႔ေသာ္ သူတို႔ႏွစ္ဦးဟာ ရာစုႏွစ္ႏွစ္ခုခန႔္ အသက္ကြာျခားခဲ့ၾကပါတယ္ ။

(၄) Hoover ဆည္မွ အျဖစ္ဆိုး

(၁၉၂၂) ၊ ဒီဇင္ဘာ (၂၀) ရက္ေန႔မွာ George Tierney ဆိုသူ အမ်ိဳးသားဟာ Hoover ဆည္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ ပထမဆုံးေသာ မေတာ္တဆမႈျဖင့္ ေသဆုံးခဲ့ရသူ ျဖစ္ပါတယ္။
တိုက္ဆိုင္စြာပင္ ထိုေဆာက္လုပ္ေရးမွ ေနာက္ဆုံး အေနျဖင့္ အသက္ဆုံးရႉံးခဲ့ရသည့္ အလုပ္သမားမွာ သူ၏သားျဖစ္သူ Patrick George ျဖစ္ၿပီး ဒီဇင္ဘာ (၂၀) ရက္ေန႔မွာပဲ ေသဆုံးခဲ့ရတာ ျဖစ္ပါတယ္။

(၅) ယာဥ္တိုက္မႈ

(၁၈၉၅) ခုႏွစ္ Ohio ျပည္နယ္တြင္ျဖစ္ပြားခဲ့ေသာ ယာဥ္တိုက္မႈဟာေတာ့ ငိုအားထက္ ရယ္အားသန္ ခဲ့ရပါတယ္။ ထိုစဥ္က Ohio ျပည္နယ္ဟာ ေမာ္ေတာ္ကား ႏွစ္စီးသာ စတင္ ထုတ္လုပ္ရေသး ယင္းကားႏွစ္စီးကပဲ ယာဥ္တိုက္မႈျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ ကံမေကာင္းစြာပင္ ထိုစဥ္အခါက မေတာ္တဆမႈမွတ္တမ္း မွတ္ရာမ်ား မရွိေသးတဲ့အတြက္ေၾကာင့္ ထိုအျဖစ္အပ်က္ကို တရားဝင္မွတ္တမ္း တင္ထားႏိုင္ျခင္းေတာ့ မရွိခဲ့ပါဘူး။

(၆) Edgar Allan Poeရဲ႕ အခ်ိန္ခရီးသြားစက္

Edgar Allan Poe ရဲ႕ The Narrative of Arthur Gordon Pym of Nantucke စာအုပ္မွာေတာ့ နစ္ျမဳပ္သေဘၤာေပၚမွ က်န္ရစ္သူ သေဘၤာလုပ္သား(၄) ဦးတို႔ဟာ Richard Parker ဆိုသူ သေဘၤာသားကို သတ္ျဖတ္ စားေသာက္ခဲ့ၾကေၾကာင္း ေရးသားထားခဲ့ပါတယ္။ အဆိုပါစာအုပ္ထုတ္ေဝၿပီး (၄၆) ႏွစ္အၾကာမွာေတာ့ အမွန္တကယ္ ေလွျမဳပ္မႈတစ္ခုျဖစ္ခဲ့ၿပီး အသက္ရွင္လ်က္ ကယ္ဆယ္ႏိုင္ခဲ့သူ သေဘၤာလုပ္သားမ်ားက သူတို႔ဟာဝမ္းေရးအတြက္ Richard Parker ဆိုသူကို သတ္ျဖတ္စားေသာင္ခဲ့မိေၾကာင္း ျပန္ေျပာျပခဲ့ၾကပါတယ္။ထို႔ေၾကာင့္ Poe ဟာ အခ်ိန္ခရီးသြားစာေရးဆရာတစ္ေယာက္ ျဖစ္ႏိုင္ေၾကာင္း ေဝဖန္သံေတြ က်ယ္ေလာင္လာခဲ့ပါတယ္။

(၇) ကံဆိုးသူညီအစ္ကိုႏွစ္ဦး

Bermuda Islands ၌ ေနထိုင္သူ အသက္ (၁၇) ႏွစ္ အ႐ြယ္ Erskine Lawrence Ebbin ဆိုသူဟာ (၁၉၇၅) ဇူလိုင္လမွာ လမ္းေပၚ ဆိုင္ကယ္စီးေနစဥ္ Taxi တစ္စီးႏွင့္ ယာဥ္တိုက္မႈျဖစ္ခဲ့ပါတယ္။ ထိုျဖစ္ရပ္မတိုင္မွီ တစ္ႏွစ္အလို (၁၉၇၄) ဇူလိုင္မွာ အသက္(၁၇)ႏွစ္အ႐ြယ္ သူ၏အကိုျဖစ္သူဟာလည္း ယာဥ္မေတာ္တဆမႈျဖင့္ ေသဆုံးခဲ့ရပါတယ္။ အံ့ဩဖြယ္ေကာင္းသည္ကေတာ့ တစ္ႏွစ္သာျခားၿပီး ညီအစ္ကိုႏွစ္ဦးလုံးကို ေသဆုံးေစခဲ့ေသာ အဆိုပါယာဥ္တိုက္မႈဟာ ရက္စြဲ ၊ စီးနင္းေသာဆိုင္ကယ္ ၊ တိုက္ခံရေသာလမ္း ၊ Taxi ယာဥ္ ၊ ယာဥ္ေမာင္းႏွင့္ စီးနင္းလာေသာ ခရီးသည္ အားလုံးတူညီ တစ္ထပ္တည္းက်ေနျခင္းပဲ ျဖစ္ပါတယ္။

(၈) Anthony Hopkins ႏွင့္ ရွားပါးစာအုပ္

မင္းသားႀကီး Anthony Hopkins ဟာ George Feifer ေရးသားၿပီး သူပါဝင္သ႐ုပ္ေဆာင္မည့္ The Girl from Petrovka ဆိုေသာ ဇာတ္ကားမွ ဇာတ္ဝင္ခန္းအတြက္ အဆိုပါစာအုပ္ကို အေလာတႀကီး ဖတ္ရႉလိုခဲ့ပါတယ္။ မည္သည့္ဆိုင္မွာမွ ရွာေဖြဝယ္ယူမရခဲ့ေသာ္လည္း တိုက္ဆိုင္စြာပင္ ထိုစာအုပ္ မိတၱဴကို ေျမေအာက္ရထားေပၚမွ ေကာက္ရခဲ့ပါတယ္။
ေနာက္ပိုင္း Feifer နဲ႔ျပန္လည္ေတြ႕ဆုံျဖစ္ခ်ိန္ ထိုအေၾကာင္း ေျပာျပရာမွာ Feifer က သူ႔တြင္ အပိုမိတၱဴမရွိ‌ေတာ့ေၾကာင္းနဲ႔ ရွိသည့္တစ္ခုမွာ လည္း မိတ္ေဆြတစ္ဦးက ေမေအာက္ရထားေပၚမွာ က်န္ရစ္ၿပီးေပ်ာက္ဆုံးခဲ့ရေၾကာင္း ေျပာျပခဲ့ပါတယ္ ။

 

 

Source Brightside

Written One Daily Media

Believe In Yourself Pageနှင့်Advice Channel Pageနှင့် One Daily Media Pageတို့အတူတူပါပဲခင်ဗျာ

‌ဒါကြောင့်
One Daily Media Copyright © 2021ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်နှင့် pageတွင်တင်ထားသော မည်သည့်သတင်းကိုမှ တခြား pageနှင့်website ပေါ်တွင် ကူးယူခွင့်မပြုပါဘူး။ ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံအပ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *