Daily News

ဆိုရှယ်မီဒီယာမှာနာမည်ကြီးနေတဲ့ အသက်(၄၀)ကွာတဲ့ စုံတွဲ

လက်ရှိအချိန်မှာ အသက်(၂၃)နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ Ashleigh Petrie အမည်ရ ကောင်မလေးဟာ တရားသူကြီးတစ်ဦးဖြစ်တဲ့ ချစ်သူအဖိုးအို Rodney Higgins နဲ့ တရားဝင် စေ့စပ်ကြောင်းလမ်းလိုက်ပြီလို့ သိရပါတယ်။ ဒီသြစတြေးလျစုံတွဲဟာ လူငယ်ထုကြားမှာတော့ ပြောစမှတ်ပြုစရာ ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် သူတို့နှစ်ယောက်ကတော့ ပျော်နေကြပါတယ်။ တရားသူကြီး Higgins ဟာ အသက်(၆၃)ဝန်းကျင်အရွယ် ဖြစ်ပြီး၊ Petrie က “ ထင်မှတ်မထားတဲ့ တွေ့ဆုံမှုကနေ အခုဆိုရင် ကျွန်မရဲ့ လက်ချောင်းပေါ်မှာ စေ့စပ်လက်စွပ် ရောက်နေပါပြီ … ကျွန်မအသက်နဲ့ ရင်းပြီး ချစ်ရသူက … သူ့ကို လက်ထပ်မလား မေးတော့ ကျွန်မ ဟန်မဆောင်နိုင်စွာပဲ … ဟုတ်ကဲ့လို့ ဖြေခဲ့ပါတယ် ”လို့ ပြောခဲ့ပါတယ်။

သူတို့ဟာ ဖီဂျီကို အလည်အပတ်ခရီး ရောက်နေခဲ့တာဖြစ်ပြီး၊ ဒီခရီးစဉ်က Petrie တို့စုံတွဲအတွက်တော့ အမှတ်တရ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူမက “ Rod ရဲ့ ချစ်သူအဖြစ်နဲ့ ဒီကိုရောက်ခဲ့တယ် … Rod ရဲ့ ဇနီးလောင်းအဖြစ်နဲ့ ဒီကနေ ထွက်ခွာခဲ့တာ … ဒါက အမှတ်တရပါဘဲ ”လို့ ပြောပါတယ်။ သူမက “ လက်ထပ်ပွဲကို မစောင့်နိုင်အောင်ပါဘဲ .. ကျွန်မ မစ္စ Higgins ဆိုတဲ့ အမည်ဘွဲ့ထူးကို ခံယူချင်လှပါပြီ ”လို့ ပြောခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ မဲလ်ဘုန်းမြို့က တရားရုံးတစ်ခုမှာ စတင်တွေ့ဆုံခဲ့တာဖြစ်ပြီး၊ မတ်လမှာ ချစ်သူတွေအဖြစ် တရားဝင်လက်တွဲခဲ့ကြတာပါ။ Petrie က သူမတို့စုံတွဲဟာ ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံး စုံတွဲပါလို့ ဆိုပါတယ်။ Higgins မှာ အရင်အိမ်ထောင်နဲ့ သမီးသုံးယောက် ထွန်းကားခဲ့ပြီး၊ မြေးတွေတောင် ရထားတဲ့ အဖိုးတစ်ဦး ဖြစ်ပါတယ်။

Petrie က ပူဆာထားလို့ လာမယ့်လတွေလောက်မှာ ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ပြီး၊ နှစ်ကိုတူ ကြည်နူးဖွယ်ဘဝကို ပိုက်ဆံတွေခင်းပြီး ဖြတ်သန်းဦးမယ်လို့ ဆိုပါတယ်။ သူတို့စုံတွဲဟာ မကြာသေးမီကပဲ အင်ဒိုနီးရှားနိုင်ငံ ဘာလီကို ရက်ရှည်အလည်အပတ် ရောက်ခဲ့ပြီး၊ မင်္ဂလာပွဲပြီးရင်လည်း သတို့သား Higgins တစ်ယောက် ပိုက်ဆံကုန်ပေါက် နှိုက်ရဦးမှာပါ။

Zawgyi







Leave a Comment