Tue. Oct 26th, 2021

#Unicode Version

လူတစ်ယောက်မှာ အရေးကြီးဆုံးအချက်က ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသင့်တဲ့ အချက်လို့ထင်ပါတယ်။လူတစ်ယောက် ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိမနေဘူးဆိုရင် ကိုယ်လုပ်တဲ့ အလုပ် တွေမှာလည်း မယုံကြည်တတ်တဲ့ စိတ်ကကြီးစိုးနေ တဲ့အခါ အလွဲလွဲအချော်ချော်ဖြစ်တတ်ပါတယ်။ ယုံကြည်မှု က မဖြစ်နိုင်ဘူးလို့ ထင်တဲ့အရာတွေကို ဖြစ်လာအောင် လုပ် ဆောင်ပေးမှာပဲ ဖြစ်ပါတယ်နော်။ ဒါလေးတွေကို ဂရုစိုက် လိုက်ရုံနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်မားသူ တစ်ယောက် ဖြစ်လာစေမှာပါ။

၁။ ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်ကို ဂရုစိုက်ပါ

လူတစ်ယောက်မှာ ရုပ်ရည်သွင်ပြင်က ပထမလို့ ပြောလို့ရ ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံကြတဲ့အခါ ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်ကိုကြည့်ပြီး ဆုံးဖြတ်တတ်ကြပါ တယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဝတ်စားဆင်ယင်ပုံ၊အပြင်အဆင် တွေက လူတစ်ယောက်ရဲ့ ယုံကြည်မှုကို တိုးစေပါတယ်။ မပြင်မဆင်ပဲ နေတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတတ် တာက လူတိုင်း ဖြစ်တတ်ပါတယ်နော်။ ဒါကြောင့်အပြင်သွား တဲ့ အခါတွေမှာ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ခြင်းက သင့်ကိုယုံကြည်မှု ပိုရှိစေပါတယ်။

၂။ အမူအရာတစ်ချို့ကို ပြောင်းလဲသင့်ရင်ပြောင်းလဲပါ

လူတိုင်းမှာ ပြောင်းလဲသင့်တဲ့ အမူအရာတစ်ချို့ ရှိလို့နေပါ တယ်။ ကိုယ့်ကိုယ်ကို မနှစ်သက်တဲ့ အမူအရာ၊ ကိုယ့်ကိုယ် ယုံကြည်မှု မရှိဘူးလို့ ထင်ရစေတဲ့ အမူအရာတစ်ချို့ကို ပြောင်းလဲလိုက်ပါ။ ဥပမာ- လက်သည်းကိုက်တတ်တဲ့ အ ကျင့်၊ စကားပြောတဲ့အခါ ပြောရဲဆိုရဲ မရှိတဲ့အကျင့်စသ ဖြင့် ယုံကြည်မှုမဲ့စေတဲ့ အမူအကျင့်တစ်ချို့ကို ပြောင်းလဲ သင့်ပါတယ်။ ဒါတွေက သင့်ကိုယုံကြည်မှု မြင့်မားသူအဖြစ် မမြင်ရစေပါဘူး။

၃။ အားနာတတ်တဲ့ အကျင့်ကိုဖျောက်ပါ

အားနာတတ်တယ်ဆိုတာ တကယ်တမ်းမှာတော့ တဖြည်း ဖြည်းနဲ့ ယုံကြည်မှုလျော့နည်းလာ စေတာပါပဲ။တစ်ဖက် သား အပေါ် အားနာလွန်းအားကြီးတဲ့အခါ အသုံးချခံဖြစ် သွားစေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက် အဆင်မ ပြေတဲ့ကိစ္စ၊ ကိုယ်မလုပ်ပေးနိုင်တဲ့ကိစ္စတွေကို ရဲရဲဝံ့ဝံ့ငြင်း ဆိုပါ။ ဒါက သင့်ကို ယုံကြည်မှုပိုရှိလာပြီး နေထိုင်ရတာ ပိုအဆင်ပြေလာပါလိမ့်မယ်။

၄။ ကိုယ့်ကိုယ်ကို challenge လုပ်ပါ

လူတွေဟာ တစ်ခြားသူတွေကို လိုက်ပြိုင်ဆိုင်တာတွေ လုပ် တတ်ပါတယ်။ တကယ်တမ်းမှာတော့ ဒါဟာတကယ့်ကို မှား ယွင်းခြင်း တစ်မျိုးပါပဲ။ သူများတွေကို ပြိုင်ဆိုင်နေတာ ထက် ကိုယ့်ကိုယ်ကို ပြိုင်ဆိုင်တာကမှ အကောင်းဆုံးသော နည်းလမ်းဖြစ်ပါတယ်။ အရင်နှစ်ကနဲ့ ဒီနှစ်မှာကိုယ်ဘာတွေ ပြောင်းလဲသွားခဲ့တယ်၊ ကိုယ်ဘာတွေကို ဖြစ်အောင်လုပ်ဖို့ လိုအပ်တယ် စသဖြင့် ကိုယ့်ကိုယ်ကို ပြိုင်ပါ။ ဒါက သင့်ကို ပိုကောင်းမွန်တဲ့ သူတစ်ယောက် ဖြစ်လာပြီး ကိုယ့်ရဲ့လုပ် ဆောင်နိုင်စွမ်းတွေအတွက် ယုံကြည်မှုလည်း တိုးလာမှာ ဖြစ်ပါတယ်။

၅။ ကိုယ့်ကိုယ်ကို အဆိုးမြင်တတ်တဲ့စိတ်ကို ပြင်ပါ

လူတွေမှာ ကိုယ့်ကိုယ်ကို အဆိုးမြင်တတ်တဲ့ စိတ်က တ ကယ့်ကို ဆိုးဝါးပါတယ်။ ဒါဟာ ယုံကြည်မှုပျောက်ဆုံးဖို့ အဓိကလမ်းစပဲ ဖြစ်ပါတယ်။ ငါကရုပ်ဆိုးတယ်၊ ငါက အ ဖြစ်မရှိဘူး၊ ငါကမတော်ဘူး စသဖြင့် ကိုယ့်ကိုယ်ကို အား ငယ်စိတ်ပျက်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုတောင် ယုံ ကြည်မှုမရှိရင် တစ်ခြားသူက ကိုယ့်ကိုယုံကြည်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီလိုစိတ်တွေကို ဖျောက်ပစ်ပါ။ ကိုယ့်ကိုယ်ကို အကောင်းဆုံးလို့ မှတ်ယူထားခြင်းက သင့်ကို ယုံကြည်မှုမြင့်မားတဲ့သူတစ်ယောက်အဖြစ်ကို ရောက်ရှိစေ ပါတယ်။

#Zawgyi Version

လူၾကားထဲ ထင္ေပၚၿပီး ယုံၾကည္မႈျမင့္မားတဲ့ သူတစ္ ေယာက္ျဖစ္ေစမယ့္ နည္းလမ္း(၅)ခု
5 Ways to Become a More Confident Person

လူတစ္ေယာက္မွာ အေရးႀကီးဆုံးအခ်က္က ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိသင့္တဲ့ အခ်က္လို႔ထင္ပါတယ္။လူတစ္ေယာက္ ဟာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ရွိမေနဘူးဆိုရင္ ကိုယ္လုပ္တဲ့ အလုပ္ ေတြမွာလည္း မယုံၾကည္တတ္တဲ့ စိတ္ကႀကီးစိုးေန တဲ့အခါ အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္တတ္ပါတယ္။ ယုံၾကည္မႈ က မျဖစ္ႏိုင္ဘူးလို႔ ထင္တဲ့အရာေတြကို ျဖစ္လာေအာင္ လုပ္ ေဆာင္ေပးမွာပဲ ျဖစ္ပါတယ္ေနာ္။ ဒါေလးေတြကို ဂ႐ုစိုက္ လိုက္႐ုံနဲ႔ ကိုယ့္ကိုယ္ကို ယုံၾကည္မႈျမင့္မားသူ တစ္ေယာက္ ျဖစ္လာေစမွာပါ။

၁။ ကိုယ့္ရဲ႕႐ုပ္ရည္သြင္ျပင္ကို ဂ႐ုစိုက္ပါ

လူတစ္ေယာက္မွာ ႐ုပ္ရည္သြင္ျပင္က ပထမလို႔ ေျပာလို႔ရ ပါတယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ ေတြ႕ဆုံၾကတဲ့အခါ ကိုယ့္ရဲ႕႐ုပ္ရည္သြင္ျပင္ကိုၾကည့္ၿပီး ဆုံးျဖတ္တတ္ၾကပါ တယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ ဝတ္စားဆင္ယင္ပုံ၊အျပင္အဆင္ ေတြက လူတစ္ေယာက္ရဲ႕ ယုံၾကည္မႈကို တိုးေစပါတယ္။ မျပင္မဆင္ပဲ ေနတဲ့အခါ ကိုယ့္ကိုယ္ကို ယုံၾကည္မႈမရွိတတ္ တာက လူတိုင္း ျဖစ္တတ္ပါတယ္ေနာ္။ ဒါေၾကာင့္အျပင္သြား တဲ့ အခါေတြမွာ သပ္သပ္ရပ္ရပ္ ဝတ္စားဆင္ယင္ျခင္းက သင့္ကိုယုံၾကည္မႈ ပိုရွိေစပါတယ္။

၂။ အမူအရာတစ္ခ်ိဳ႕ကို ေျပာင္းလဲသင့္ရင္ေျပာင္းလဲပါ

လူတိုင္းမွာ ေျပာင္းလဲသင့္တဲ့ အမူအရာတစ္ခ်ိဳ႕ ရွိလို႔ေနပါ တယ္။ ကိုယ့္ကိုယ္ကို မႏွစ္သက္တဲ့ အမူအရာ၊ ကိုယ့္ကိုယ္ ယုံၾကည္မႈ မရွိဘူးလို႔ ထင္ရေစတဲ့ အမူအရာတစ္ခ်ိဳ႕ကို ေျပာင္းလဲလိုက္ပါ။ ဥပမာ- လက္သည္းကိုက္တတ္တဲ့ အ က်င့္၊ စကားေျပာတဲ့အခါ ေျပာရဲဆိုရဲ မရွိတဲ့အက်င့္စသ ျဖင့္ ယုံၾကည္မႈမဲ့ေစတဲ့ အမူအက်င့္တစ္ခ်ိဳ႕ကို ေျပာင္းလဲ သင့္ပါတယ္။ ဒါေတြက သင့္ကိုယုံၾကည္မႈ ျမင့္မားသူအျဖစ္ မျမင္ရေစပါဘူး။

၃။ အားနာတတ္တဲ့ အက်င့္ကိုေဖ်ာက္ပါ

 

အားနာတတ္တယ္ဆိုတာ တကယ္တမ္းမွာေတာ့ တျဖည္း ျဖည္းနဲ႔ ယုံၾကည္မႈေလ်ာ့နည္းလာ ေစတာပါပဲ။တစ္ဖက္ သား အေပၚ အားနာလြန္းအားႀကီးတဲ့အခါ အသုံးခ်ခံျဖစ္ သြားေစတတ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္အတြက္ အဆင္မ ေျပတဲ့ကိစၥ၊ ကိုယ္မလုပ္ေပးႏိုင္တဲ့ကိစၥေတြကို ရဲရဲဝံ့ဝံ့ျငင္း ဆိုပါ။ ဒါက သင့္ကို ယုံၾကည္မႈပိုရွိလာၿပီး ေနထိုင္ရတာ ပိုအဆင္ေျပလာပါလိမ့္မယ္။

၄။ ကိုယ့္ကိုယ္ကို challenge လုပ္ပါ

လူေတြဟာ တစ္ျခားသူေတြကို လိုက္ၿပိဳင္ဆိုင္တာေတြ လုပ္ တတ္ပါတယ္။ တကယ္တမ္းမွာေတာ့ ဒါဟာတကယ့္ကို မွား ယြင္းျခင္း တစ္မ်ိဳးပါပဲ။ သူမ်ားေတြကို ၿပိဳင္ဆိုင္ေနတာ ထက္ ကိုယ့္ကိုယ္ကို ၿပိဳင္ဆိုင္တာကမွ အေကာင္းဆုံးေသာ နည္းလမ္းျဖစ္ပါတယ္။ အရင္ႏွစ္ကနဲ႔ ဒီႏွစ္မွာကိုယ္ဘာေတြ ေျပာင္းလဲသြားခဲ့တယ္၊ ကိုယ္ဘာေတြကို ျဖစ္ေအာင္လုပ္ဖို႔ လိုအပ္တယ္ စသျဖင့္ ကိုယ့္ကိုယ္ကို ၿပိဳင္ပါ။ ဒါက သင့္ကို ပိုေကာင္းမြန္တဲ့ သူတစ္ေယာက္ ျဖစ္လာၿပီး ကိုယ့္ရဲ႕လုပ္ ေဆာင္ႏိုင္စြမ္းေတြအတြက္ ယုံၾကည္မႈလည္း တိုးလာမွာ ျဖစ္ပါတယ္။

၅။ ကိုယ့္ကိုယ္ကို အဆိုးျမင္တတ္တဲ့စိတ္ကို ျပင္ပါ

လူေတြမွာ ကိုယ့္ကိုယ္ကို အဆိုးျမင္တတ္တဲ့ စိတ္က တ ကယ့္ကို ဆိုးဝါးပါတယ္။ ဒါဟာ ယုံၾကည္မႈေပ်ာက္ဆုံးဖို႔ အဓိကလမ္းစပဲ ျဖစ္ပါတယ္။ ငါက႐ုပ္ဆိုးတယ္၊ ငါက အ ျဖစ္မရွိဘူး၊ ငါကမေတာ္ဘူး စသျဖင့္ ကိုယ့္ကိုယ္ကို အား ငယ္စိတ္ပ်က္ေနတတ္ပါတယ္။ ကိုယ့္ကိုယ္ကိုေတာင္ ယုံ ၾကည္မႈမရွိရင္ တစ္ျခားသူက ကိုယ့္ကိုယုံၾကည္လာဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္ ဒီလိုစိတ္ေတြကို ေဖ်ာက္ပစ္ပါ။ ကိုယ့္ကိုယ္ကို အေကာင္းဆုံးလို႔ မွတ္ယူထားျခင္းက သင့္ကို ယုံၾကည္မႈျမင့္မားတဲ့သူတစ္ေယာက္အျဖစ္ကို ေရာက္ရွိေစ ပါတယ္။

 

Leave a Reply

Your email address will not be published. Required fields are marked *