Daily News

ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ ပညာရှင်တစ်ယောက်ရဲ့ မြေအောက်ခန်းထဲက ဒဏ္ဍာရီလာ ရုပ်ကြွင်းများ

ပရိသတ်ကြီးကို ဒီတစ်ခါ ဖော်ပြပေးမှာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀၀ ကျော်လောက်က သတ္တဗေဒကို အလွန်လေ့လာလိုက်စားခဲ့တဲ့ ပညာရှင်တစ်ယောက်ရဲ့ နေအိမ်မြေအောက်ခန်းထဲက ထူးဆန်းတဲ့ သတ္တဝါရုပ်ကြွင်းတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီပညာရှင်ကတော့ 1782 ခုနှစ်မှာမွေးတဲ့ အင်္ဂလန် မြောက်ပိုင်သားThomas Merrylin ဆိုသူဖြစ်ပြီး သဘာဝ လောကပညာရှင် / ရှေးဟောင်းသတ္တဗေဒ ပညာရှင်ဖြစ်ပြီး လူချမ်းသာ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ သမိုင်းကြောင်းမှာတော့ သူဟာ ဘယ်လို သေဆုံးခဲ့တယ်ဆိုတာ မပြောထား ဘဲ ထူးဆန်းစွာ ပျောက်ဆုံး သွားသည့် ပညာရှင် လို့ဘဲ မှတ်တမ်းမှာ တွေ့ရပါတယ်။

သူမရှိတော့ သည့်နောက်ပိုင်း မှာ သူရဲ့ ဆွေမျိုးတော်စပ်သူဟာ Thomas Merrylin အိမ်ကြီး ကို လန်ဒန်မိဘ မဲ့ဂေဟာ အဖြစ်လှုဒါန်း ခဲ့ပါတယ်။ အိမ်ကြီးနဲ့ ပါတ်သတ်လို့ ကတိကဝတ် တစ်ခုရှိခဲ့ပြီး အာ့ဒီကတိကတော့ အိမ်ကြီးရဲ့ မြေအောက်ခန်းကို ဘယ်တော့မှ မဖွင့် ရဘူးဆိုတဲ့ ကတိတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိဘမဲ့ ဂေဟာ အဖြစ်လှုဒါန်းထားတဲ့ Thomas အိမ်ရဲ့ မြေအောက်ခန်းကို ဖွင့်မိတဲ့ အခါမှာတော့ အခု မြင်တွေ့နေရတဲ့အတိုင်း သတ္တဝါ ရုပ်ကြွင်းများ အပါအဝင် ရုပ်ကြွင်းပေါင်း ၅၀၀၀ ကိုတွေ့ရှိ ခဲ့ရပါတယ်။

တပုံချင်းစီကို ကြည့်ပြီး ပရိသတ်ကြီး အပြင်လောကမှာ တခါမှ မြင်ဖူးမှာ မဟုတ်တဲ့ ထူးဆန်းတဲ့ ရုပ်ကြွင်းပေါင်းများစွာကို တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ တချို့ရုပ်ကြွင်းတွေဟာဆိုရင် ပုံပြင်တွေ ဒဏ္ဍာရီတွေမှာသာ ကြားဖူးခဲ့ကြတဲ့ အကောင်တွေကိုပါ တွေ့မြင်ရမှာ ဖြစ်ပြီး မိမိမျက်လုံးကိုတောင်မယုံနိုင်လောက်အောင် ဖြစ်သွားစေပါတယ်။ ပရိသတ်ကြီးအတွက်အခုလို ထူးဆန်းတာတွေကို ရှာဖွေ တင်ဆက်ပေးအုန်းမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးကြပါအုန်းနော်။


2.

Zawgyi





Leave a Comment