Daily News

မီးလောင်မှုတစ်ခုကြောင့် ကွဲကွာခဲ့ပြီး ၇၅နှစ်ကြာမှ ပြန်လည်တွေ့ဆုံခဲ့သော ဝမ်းကွဲညီအစ်ကို

ကမ္ဘာပေါ်ရှိ မိသားစု တစ်ချို့သည် အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားရသောအခါ ပြန်လည်ဆုံဆည်းကြတာရှိသလို ပြန်မဆုံနိုင်တော့သည်များလည်း ရှိတတ်ပါသည်။ယခုအခါတွင် Mr Sanaအမည်ရှိသော အသက် ၈၇နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် Mr Mairowitzအမည်ရ အသက် ၈၅နှစ်အရွယ် အမျိုးသားတို့သည် ညီအစ်ကိုတစ်ဝမ်းကွဲဖြစ်ပြီး ရိုမေးနီးယားမြို့တွင် အတူနေထိုင်ခဲ့စဉ် မီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။

ထိုစဉ် ဘေးကင်းရာသို့ ထွက်ပြေးကြစဉ် လူစုကွဲသွားပြီး တစ်ဦးနှင့်တစ်ဦး သတင်း အစအနလည်း မကြားရတော့၍ ကွယ်လွန်သွားပြီဟု သတ်မှတ်ထားခဲ့ကြသည်။

သို့သော် အွန်လိုင်းမီဒီယာတစ်ခုတွင် မိသားစုရှာဖွေရေးတစ်ခုတွင် ကံကောင်းစွာဖြင့် ချိတ်ဆက်မိပြီး နှစ်ဦးစလုံး အသက်ရှင်နေသေးကြောင်း သိခဲ့ရ၍ အလွန် ဝမ်းသာသွားခဲ့ကြသည်။အစ်ကိုဖြစ်သူ Sanaမှာ အစ္စရေးနိုင်ငံတွင် နေထိုင်ခဲ့ပြီး ညီဖြစ်သူ Mairowitzကတော့ ဗြိတိန်နိုင်ငံ တွင် ရောက်ရှိနေခဲ့သည်။

ထို့နောက် Mairowitzသည် ဗြိတိန်နိုင်ငံကနေ အစ်ကိုဖြစ်သူနေထိုင်သော အစ္စရေးသို့ လိုက်သွားခဲ့သည်။တစ်ယောက်နှင့်တစ်ယောက် တွေ့သောအခါတွင် တင်းကျပ်စွာ ဖက်ရင်း ဝမ်းနည်းမျက်ရည်များ ကျခဲ့ကြသည်။သူတို့နှစ်ဦးသည် ၇၅နှစ်ကြာမှ ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ခြင်း ဖြစ်ပါသည်။သို့ဖြစ်၍ ကွဲကွာနေသော မိသားစုများ ရှိခဲ့သော် အမြန်ဆုံး ဆုံဆည်းရပါစေဟု မျှော်လင့်မိပါသည်။


2.

Hlaing(Love Feeling)

Zawgyi






Hlaing(Love Feeling)

Leave a Comment