success

ဘဝကိုအဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်ဖို့

ဘဝဆိုတာ အင်မတန်တိုတောင်းလှတဲ့ အချိန်ကာကတစ်ခု ပါ။ အသက်ရှင်တုန်း လူဖြစ်လာတုန်းခဏမှာ ဘဝကို အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းနိုင်ဖို့ အရေးကြီးပါတယ်။ သင့်အ နေနဲ့ နေ့ရက်တိုင်းကို အဓိပ္ပါယ်ရှိစွာဖြတ်သန်းချင်တယ် ဆို ရင် အခုပြောပြမယ့်အချက်တွေလုပ်ဆောင်ကြည့်စေချင်ပါ တယ်။

(၁) ရည်မှန်းချက်ရှိပါစေ

 

ဘဝမှာ ရည်မှန်းချက်ရှိသူတိုင်းအတွက် ပန်းတိုင်ဆိုတာ မဝေးပါဘူး။ ယနေ့ခေတ်မှာတော်တော်များများက ရည် မှန်းချက်တွေပျောက်နေကြတာကြောင့် ပန်းတိုင်ဆိုတာရှာ မတွေ့ဖြစ်နေကြတာပါ။တကယ်တော့ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တဲ့အရာတွေကို ရည်မှန်းချက်ကြီးကြီး ချမှတ် ထားမယ်ဆိုရင် ဘဝမှာအောင်မြင်ဖို့ မခဲယဉ်းပါဘူး။

(၂) အကောင်းမြင်စိတ်မွေးပါ

 

အဆိုးမြင်စိတ်များခြင်းဟာ ဘဝမှာကျရှုံးခြင်းတွေရဲ့ လမ်း စတစ်ခုဖြစ်ပါတယ်။အဆိုးမြင်စိတ်ကြောင့် ဒေါသတွေ ပူ လောင်မှုတွေနဲ့ ဘဝကိုလောင်မြိုက်မထားသင့်ပါဘူး။အရာ ရာကိုအကောင်းမြင်စိတ်နဲ့ကြည့်ရှုပေးခြင်းဖြင့် အေးချမ်းတဲ့ ဘဝကိုရရှိပိုင်ဆိုင်နိုင်မှာပါ။

(၃) လူတွေကိုကူညီပါ

လူတွေကိုတက်နိုင်သလောက်ကူညီခြင်းဟာ မွန်မြတ်တဲ့လုပ် ရပ်တစ်ခုပါ။ ကိုယ့်မျက်စိရှေ့မှာ အကူညီလိုအပ်နေသူ တစ် ယောက်တွေ့ရင် မျက်ကွယ်မပြုပဲ တက်နိုင်သလောက် ကူညီပေးပါ။ ကိုယ့်ရဲ့ ကူညီမှုကြောင့် လူတစ်ယောက်အ ဆင်ပြေသွားရင် ရရှိလာတဲ့ကြည်နူးမှုက ဘယ်အရာနဲ့မှလဲ လို့မရပါဘူး။

(၄) ဝေမျှပါ

 

ဝေမျှခြင်းဆိုတာ တကယ်တော့ ကိုယ်ချင်းစာတရားကို ညွှန်ပြနေတဲ့ ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုပါ။ ကိုယ်အနေနဲ့ သိထားတဲ့အသိတွေ တက်မြောက်ထားတဲ့အတတ်ပညာ တွေကို အခွင့်ရေးရရင်ရသလို တခြားသူတွေကို ပြန်လည် ဝေမျှပါ။ သင့်ဘဝမှာလည်း ကောင်းမွန်တဲ့အသိပညာတွေ ထပ်တိုးရရှိလာမှာဖြစ်ပါတယ်။

Credit: Original Uploader
Sharing By: #One daily media

#Zawgyi Version







(၃) လူတွေကိုကူညီပါ


(၄) ဝေမျှပါ


 

Leave a Comment