Daily News
Shoon (Cele Daily)
Unicode
သမီးဖြစ်သူ၏ ဆံပင်အရှည်ကြီးကို ဖြတ်ပစ်တော့မည်ဆိုသောကြောင့် ဘေးမှနေ၍ ယူကြုံးမရ နှမြောတသဖြစ်ကာ ငိုကြွေးနေခဲ့သည့် ဖခင်၏အဖြစ်
မိဘတို့၏ သားသမီးတို့အပေါ်ထားရှိသော စေတနာနှင့် မေတ္တာတရားတို့ကို စာဖွဲ့နေလျှင် ကုန်ဆုံးနိုင်မည်မဟုတ်ပေ။မိဘတို့သည်သာလျှင် သားသမီး၏ အဆိုးအကောင်းများကို မျှဝေခံစားပေးနိုင်သူများဖြစ်ပါတယ်။
ယခုတွင်လည်း ဖခင်တစ်ဦး၏ သမီးအပေါ်တွင်ထားရှိသော ခံစားချက်များကြောင့် ဖြစ်ပေါ်နေသော ပုံစံများဟာ လူအများကို ဂရုဏာသက်စေခဲ့တာဖြစ်ပါတယ်။ထိုဖခင်ဟာ သမီး၏ ဆံပင်အရှည်ကို ဖြတ်ပစ်တော့မည်ဟု ဆုံးဖြတ်ခဲ့ကြသည့် သမီးနှင့်မိဘတို့ကြောင့် ဝမ်းနည်းနေခဲ့တာဖြစ်ပါတယ်။
ထို့နောက် သမီး၏ ဆံပင်ကို မိခင်ဖြစ်သူမှ ဖြတ်တော့မည့်အချိန်တွင် ဘေးမှ ကြည့်နေကာ ဆံပင်များကို နှမျောတသ ဖြစ်နေရပြီး ယူကျုံးမရငိုကြွေးနေခဲ့တာဖြစ်ပါတယ်။ဖခင်တိုင်းဟာ သမီးလေးကို ဆံပင်ရှည်လေးဖြင့် အိန္ဒြေရှင် မင်းသမီးလေးလို လှပနေသည်ကိုသာ မြင်တွေ့လိုကြတာဖြစ်ပါတယ်။
Shoon (Cele Daily)
Leave a Comment