success

သင့်စိတ်ထဲက မကောင်းတဲ့အတွေးတွေကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်း (၅)ခု

#Unicode Version

လူတိုင်းရဲ့စိတ်ထဲမှာ ကောင်းတဲ့အတွေးနဲ့မကောင်းတဲ့အ တွေးဆိုတာရှိမှာပါ။ လူတွေရဲ့သဘောကိုက မကောင်းတဲ့သ တင်း၊ မကောင်းတဲ့စကားတွေမှာဆိုရင် ပိုပြီး အာရုံစိတ်ဝင် စားမှုရှိတတ် ကြပါတယ်။ မကောင်းတာကို သွားပြီးအာရုံ ထားလေလေ မကောင်းတာတွေနဲ့တင် အတွေးတွေက တဝဲ ဝဲ တလည်လည်ဖြစ်လေနဲ့ ပိုပြီး စိတ်ညစ်ညူးရပါတယ်။ အဲဒီ့အခါ ကိုယ့်ရဲ့စိတ်က မကောင်းတဲ့စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာပြီး ကိုယ့်ရဲ့အပြုအမူတွေ၊ အတွေးအခေါ်တွေ၊ ကိုယ့်ရဲ့အပြောအဆိုတွေဆီကိုပါ တဆင့်ပြန်ရောက်ပြန်ပါ တယ်။ ကိုယ့်ရဲ့အပြုအမူ၊ အတွေးအခေါ်၊ အပြောအဆိုအား လုံးက အဆိုးဘက်သွားတဲ့အခါ ကိုယ့်ရဲ့လက်ရှိဘဝမှာ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ အဲဒါကြောင့် ကိုယ့်ရဲ့စိတ် ထဲက မကောင်းတဲ့အတွေးတွေကို ထိန်းချုပ်နိုင်ဖို့လိုပါ တယ်။ သင့်စိတ်ထဲမှာရော အဲဒီ့လိုမကောင်းတဲ့စိတ်အတွေး တွေရှိနေမယ်ဆိုရင် အောက်ပါအချက်လေးတွေအတိုင်း လိုက်နာကြည့်ပြီး ထိန်းချုပ်ကြည့်လိုက်ပါနော်။

၁) သင့်အတွေးတွေကို သတိထားပါ

 

ပထမဆုံးက သင်တွေးနေတဲ့အတွေးတွေကို သိဖို့လိုပါတယ်။ သင်ကကောင်းတဲ့ဖြစ်ရပ်တွေမှာအာရုံထားမိနေသလား? ဆိုးတဲ့ဖြစ်ရပ်တွေမှာ အာရုံများနေသလား? စသဖြင့် ကိုယ့်ကိုယ်ကိုယ်ပြန်မေးဖို့နဲ့ ကိုယ့်အတွေးတွေကို သတိထား ဖို့လိုတာပါ။ သင့်အတွေးကိုသိနေတဲ့အခါ သင့်အတွေးကို သင်ပြန်ပြီး စီမံနိုင်ပါတယ်။ ဥပမာ- ကိုယ့်အကြောင်းကိုမ ဟုတ်တမ်းတရား ပြောနေတဲ့သူတွေအကြောင်းချည်း စဉ်း စားမိနေတယ်ဆိုရင် ကိုယ်က မကောင်းတဲ့အာရုံကို စတင်တွေး မိနေပါပြီ။ “သူတို့က ငါ့ကိုမဟုတ်တာတွေပြောတယ်” ဆိုပြီး ဒေါသတွေထွက်မယ်၊အတင်း ဖြေရှင်းချင်မယ်၊ ပြော တဲ့သူကို တခုခုတုံ့ပြန်ချင်စိတ်တွေဖြစ်လာမယ် စသဖြင့်ပေါ့ မကောင်းတဲ့ခံစားချက်တွေကို သင့်ခေါင်းထဲအများကြီး ထည့်မိလာပါလိမ့်မယ်။ အဲဒီလိုဖြစ်လာတာနဲ့ ကောင်းတဲ့ စိတ်အာရုံဘက်ကိုပြန်ပြောင်းဖို့ သင့်ကိုယ်သင်သတိပြန် ပေးလိုက်ပါ။

၂) အလုပ်ကို များများအာရုံစိုက်လိုက်ပါ

 

အဲဒီလိုမကောင်းတဲ့စိတ်အာရုံခံစားမှုတွေစတင်ဖြစ်ပေါ်လာပြီလို့ ကိုယ့်ကိုယ်ကိုယ်သတိထားမိတာနဲ့ ကိုယ့်ရဲ့စိတ်ကို တခြားတခုခုကိုအာရုံထားလိုက်ပါ။ အလုပ်များများလုပ် လိုက်တာက ပိုပြီး စိတ်ထဲကမကောင်းတဲ့ခံစားချက်တွေ ကိုပြေပျောက်စေပါတယ်။ ရုံးအလုပ်ဖြစ်ဖြစ်၊ အိမ်မှုကိစ္စ အိမ်အလုပ်ဖြစ်ဖြစ် အလုပ်ကို များများအာရုံထဲထည့်ပြီး လုပ်နေလိုက်တာက မကောင်းတဲ့ခံစားချက်ကို ပျောက်စေ ပါတယ်။

၃) မကောင်းတဲ့ခံစားချက်ဖြစ်ပေါ်စေတဲ့သူတွေကို ရှောင်ပါ

 

ကိုယ့်ကို စိတ်ခံစားချက်မကောင်းစေတဲ့သူတွေ။ ဥပမာ- သင့်ကိုအတင်းပြောတတ်သူတွေ၊ သင်ဘာလုပ်လုပ်အပြစ် ပြောတဲ့သူတွေ၊ သင့်ကိုအကောင်းမထင်သူတွေကို အတတ် နိုင်ဆုံးရှောင်ပါ။ အဲဒါက သင့်ကိုမကောင်းတဲ့စိတ်ခံစား ချက်ဖြစ်ပေါ်မှု နည်းစေပါတယ်။ သူတို့ကိုပြန်ပြီး မတုံ့ပြန် ဖြစ်တော့လို့ သင့်အတွက်လည်း မကောင်းတဲ့စိတ်ခံစား ချက် မဖြစ်စေသလို၊ သင့်စိတ်ထဲ တအုံနွေးနွေးနဲ့ မခံစားရ တော့ပါဘူး။

၄) စိတ်ရော၊ ကိုယ်ပါအနားယူလိုက်ပါ

 

သင့်စိတ်ထဲမှာ အရမ်းကို မကောင်းတဲ့စိတ်ခံစားချက်တွေနဲ့ ဖိစီးနေပြီလို့ထင်တဲ့အခါ သင့်စိတ်ရော၊ ကိုယ်ရောကို အနား ပေးလိုက်ပါ။ အိပ်ရေး၀၀ အိပ်လိုက်တာပဲဖြစ်ဖြစ်၊ ဘာကိုမှ မတွေးဘဲ တစ်ယောက်တည်းငြိမ်နေလိုက်တာပဲဖြစ်ဖြစ်၊ တ ရားထိုင်လိုက်တာ၊ ယောဂကျင့်လိုက်တာပဲဖြစ်ဖြစ်လုပ်ရင်း အနားပေးလိုက်ပါ။

၅) ငြိမ့်ညောင်းတဲ့သီချင်းအေးအေးလေးတွေ နားထောင်ပါ

 

 

အဆိုးမြင်စိတ်တွေများနေတဲ့အချိန်မှာ စိတ်ကို အတတ်နိုင် ဆုံး အေးစေတဲ့သီချင်းအေးအေးငြိမ့်ငြိမ့်လေးတွေနား ထောင်သင့်ပါတယ်။ ဘာကိုမှမတွေးဘဲ သီချင်းနားထောင် နေလိုက်တာမျိုးပေါ့။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်ခံစားချက်ကို ပိုဆိုးဝါးစေတဲ့ အဆိုးဘက်ခံစားထားတဲ့သီချင်းမျိုးတော့ နားမထောင်သင့်ပါဘူးနော်။ တကယ်လို့ သင့်မှာ မကောင်း တဲ့စိတ်ခံစားချက်တွေများနေတယ်လို့ခံစားနေရတယ်ဆိုရင် အထက်ကအဆင့်တွေကို လိုက်နာကြည့်လိုက်ပါ။ မကောင်း တဲ့အာရုံကို ကောင်းတဲ့ဘက်ကိုလွှဲလိုက်တဲ့အခါ ကောင်းတဲ့ စိတ်အာရုံခံစားချက်တွေများလာပြီး သင့်အပြုအမူ၊ သင့် ခံစားချက်၊ သင့်အတွေးအခေါ်၊ သင့်စကားတွေအားလုံး လည်း အကောင်းဘက်ကဖြစ်ဖို့အလားအလာများလာပါ တယ်။ အဲဒီ့အခါ သင့်ရဲ့နေ့ရက်တွေကလည်း ပိုပြီး ကောင်းတဲ့ ဖြစ်ရပ်တွေဖြစ်ဖို့များလာပါလိမ့်မယ်။ ပိုကောင်းတဲ့စိတ်ခံ စားချက်တွေဖြစ်လေလေ ပိုကောင်းတဲ့ဘဝကို ဖန်တီးဖို့ခွန် အားရလာလေလေပါပဲ။

Credit: Original Uploader
Sharing By:One Daily Media

#Zawgyi Version

သင့္စိတ္ထဲက မေကာင္းတဲ့အေတြးေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔ နည္းလမ္း (၅)ခု
Five ways to control negative thoughts in your mind

လူတိုင္းရဲ႕စိတ္ထဲမွာ ေကာင္းတဲ့အေတြးနဲ႔မေကာင္းတဲ့အ ေတြးဆိုတာရွိမွာပါ။ လူေတြရဲ႕သေဘာကိုက မေကာင္းတဲ့သ တင္း၊ မေကာင္းတဲ့စကားေတြမွာဆိုရင္ ပိုၿပီး အာ႐ုံစိတ္ဝင္ စားမႈရွိတတ္ ၾကပါတယ္။ မေကာင္းတာကို သြားၿပီးအာ႐ုံ ထားေလေလ မေကာင္းတာေတြနဲ႔တင္ အေတြးေတြက တဝဲ ဝဲ တလည္လည္ျဖစ္ေလနဲ႔ ပိုၿပီး စိတ္ညစ္ညဴးရပါတယ္။ အဲဒီ့အခါ ကိုယ့္ရဲ႕စိတ္က မေကာင္းတဲ့စိတ္ခံစားခ်က္ေတြ ျဖစ္ေပၚလာၿပီး ကိုယ့္ရဲ႕အျပဳအမူေတြ၊ အေတြးအေခၚေတြ၊ ကိုယ့္ရဲ႕အေျပာအဆိုေတြဆီကိုပါ တဆင့္ျပန္ေရာက္ျပန္ပါ တယ္။ ကိုယ့္ရဲ႕အျပဳအမူ၊ အေတြးအေခၚ၊ အေျပာအဆိုအား လုံးက အဆိုးဘက္သြားတဲ့အခါ ကိုယ့္ရဲ႕လက္ရွိဘဝမွာ ဘယ္လိုမွအဆင္မေျပႏိုင္ပါဘူး။ အဲဒါေၾကာင့္ ကိုယ့္ရဲ႕စိတ္ ထဲက မေကာင္းတဲ့အေတြးေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔လိုပါ တယ္။ သင့္စိတ္ထဲမွာေရာ အဲဒီ့လိုမေကာင္းတဲ့စိတ္အေတြး ေတြရွိေနမယ္ဆိုရင္ ေအာက္ပါအခ်က္ေလးေတြအတိုင္း လိုက္နာၾကည့္ၿပီး ထိန္းခ်ဳပ္ၾကည့္လိုက္ပါေနာ္။

၁) သင့္အေတြးေတြကို သတိထားပါ

ပထမဆုံးက သင္ေတြးေနတဲ့အေတြးေတြကို သိဖို႔လိုပါတယ္။ သင္ကေကာင္းတဲ့ျဖစ္ရပ္ေတြမွာအာ႐ုံထားမိေနသလား? ဆိုးတဲ့ျဖစ္ရပ္ေတြမွာ အာ႐ုံမ်ားေနသလား? စသျဖင့္ ကိုယ့္ကိုယ္ကိုယ္ျပန္ေမးဖို႔နဲ႔ ကိုယ့္အေတြးေတြကို သတိထား ဖို႔လိုတာပါ။ သင့္အေတြးကိုသိေနတဲ့အခါ သင့္အေတြးကို သင္ျပန္ၿပီး စီမံႏိုင္ပါတယ္။ ဥပမာ- ကိုယ့္အေၾကာင္းကိုမ ဟုတ္တမ္းတရား ေျပာေနတဲ့သူေတြအေၾကာင္းခ်ည္း စဥ္း စားမိေနတယ္ဆိုရင္ ကိုယ္က မေကာင္းတဲ့အာ႐ုံကို စတင္ ေတြးမိေနပါၿပီ။ “သူတို႔က ငါ့ကိုမဟုတ္တာေတြေျပာတယ္” ဆိုၿပီး ေဒါသေတြထြက္မယ္၊ အတင္းေျဖရွင္းခ်င္မယ္၊ ေျပာ တဲ့သူကို တခုခုတုံ႔ျပန္ခ်င္စိတ္ေတြျဖစ္လာမယ္ စသျဖင့္ေပါ့ မေကာင္းတဲ့ခံစားခ်က္ေတြကို သင့္ေခါင္းထဲအမ်ားႀကီး ထည့္မိလာပါလိမ့္မယ္။ အဲဒီလိုျဖစ္လာတာနဲ႔ ေကာင္းတဲ့ စိတ္အာ႐ုံဘက္ကိုျပန္ေျပာင္းဖို႔ သင့္ကိုယ္သင္သတိျပန္ ေပးလိုက္ပါ။

၂) အလုပ္ကို မ်ားမ်ားအာ႐ုံစိုက္လိုက္ပါ

အဲဒီလိုမေကာင္းတဲ့စိတ္အာ႐ုံခံစားမႈေတြစတင္ျဖစ္ေပၚလာၿပီလို႔ ကိုယ့္ကိုယ္ကိုယ္သတိထားမိတာနဲ႔ ကိုယ့္ရဲ႕စိတ္ကို တျခားတခုခုကိုအာ႐ုံထားလိုက္ပါ။ အလုပ္မ်ားမ်ားလုပ္ လိုက္တာက ပိုၿပီး စိတ္ထဲကမေကာင္းတဲ့ခံစားခ်က္ေတြ ကိုေျပေပ်ာက္ေစပါတယ္။ ႐ုံးအလုပ္ျဖစ္ျဖစ္၊ အိမ္မႈကိစၥ အိမ္အလုပ္ျဖစ္ျဖစ္ အလုပ္ကို မ်ားမ်ားအာ႐ုံထဲထည့္ၿပီး လုပ္ေနလိုက္တာက မေကာင္းတဲ့ခံစားခ်က္ကို ေပ်ာက္ေစ ပါတယ္။

၃) မေကာင္းတဲ့ခံစားခ်က္ျဖစ္ေပၚေစတဲ့သူေတြကို ေရွာင္ပါ

ကိုယ့္ကို စိတ္ခံစားခ်က္မေကာင္းေစတဲ့သူေတြ။ ဥပမာ- သင့္ကိုအတင္းေျပာတတ္သူေတြ၊ သင္ဘာလုပ္လုပ္အျပစ္ ေျပာတဲ့သူေတြ၊ သင့္ကိုအေကာင္းမထင္သူေတြကို အတတ္ ႏိုင္ဆုံးေရွာင္ပါ။ အဲဒါက သင့္ကိုမေကာင္းတဲ့စိတ္ခံစား ခ်က္ျဖစ္ေပၚမႈ နည္းေစပါတယ္။ သူတို႔ကိုျပန္ၿပီး မတုံ႔ျပန္ ျဖစ္ေတာ့လို႔ သင့္အတြက္လည္း မေကာင္းတဲ့စိတ္ခံစား ခ်က္ မျဖစ္ေစသလို၊ သင့္စိတ္ထဲ တအုံေႏြးေႏြးနဲ႔ မခံစားရ ေတာ့ပါဘူး။

၄) စိတ္ေရာ၊ ကိုယ္ပါအနားယူလိုက္ပါ

သင့္စိတ္ထဲမွာ အရမ္းကို မေကာင္းတဲ့စိတ္ခံစားခ်က္ေတြနဲ႔ ဖိစီးေနၿပီလို႔ထင္တဲ့အခါ သင့္စိတ္ေရာ၊ ကိုယ္ေရာကို အနား ေပးလိုက္ပါ။ အိပ္ေရး၀၀ အိပ္လိုက္တာပဲျဖစ္ျဖစ္၊ ဘာကိုမွ မေတြးဘဲ တစ္ေယာက္တည္းၿငိမ္ေနလိုက္တာပဲျဖစ္ျဖစ္၊ တ ရားထိုင္လိုက္တာ၊ ေယာဂက်င့္လိုက္တာပဲျဖစ္ျဖစ္လုပ္ရင္း အနားေပးလိုက္ပါ။

၅) ၿငိမ့္ေညာင္းတဲ့သီခ်င္းေအးေအးေလးေတြ နားေထာင္ပါ

အဆိုးျမင္စိတ္ေတြမ်ားေနတဲ့အခ်ိန္မွာ စိတ္ကို အတတ္ႏိုင္ ဆုံး ေအးေစတဲ့သီခ်င္းေအးေအးၿငိမ့္ၿငိမ့္ေလးေတြနား ေထာင္သင့္ပါတယ္။ ဘာကိုမွမေတြးဘဲ သီခ်င္းနားေထာင္ ေနလိုက္တာမ်ိဳးေပါ့။ အဲဒီလိုမဟုတ္ဘဲ ကိုယ့္ခံစားခ်က္ကို ပိုဆိုးဝါးေစတဲ့ အဆိုးဘက္ခံစားထားတဲ့သီခ်င္းမ်ိဳးေတာ့ နားမေထာင္သင့္ပါဘူးေနာ္။ တကယ္လို႔ သင့္မွာ မေကာင္း တဲ့စိတ္ခံစားခ်က္ေတြမ်ားေနတယ္လို႔ခံစားေနရတယ္ဆိုရင္ အထက္ကအဆင့္ေတြကို လိုက္နာၾကည့္လိုက္ပါ။ မေကာင္း တဲ့အာ႐ုံကို ေကာင္းတဲ့ဘက္ကိုလႊဲလိုက္တဲ့အခါ ေကာင္းတဲ့ စိတ္အာ႐ုံခံစားခ်က္ေတြမ်ားလာၿပီး သင့္အျပဳအမူ၊ သင့္ ခံစားခ်က္၊ သင့္အေတြးအေခၚ၊ သင့္စကားေတြအားလုံး လည္း အေကာင္းဘက္ကျဖစ္ဖို႔အလားအလာမ်ားလာပါ တယ္။ အဲဒီ့အခါ သင့္ရဲ႕ေန႔ရက္ေတြကလည္း ပိုၿပီး ေကာင္း တဲ့ျဖစ္ရပ္ေတြျဖစ္ဖို႔မ်ားလာပါလိမ့္မယ္။ ပိုေကာင္းတဲ့စိတ္ခံ စားခ်က္ေတြျဖစ္ေလေလ ပိုေကာင္းတဲ့ဘဝကို ဖန္တီးဖို႔ခြန္ အားရလာေလေလပါပဲ။

Credit: Original Uploader
Sharing By: #One Daily Media

Leave a Comment