ချမ်းသာအောင်မြင်သောလုပ်ငန်းရှင်များရဲ့ အစ
အလွန်နိမ့်ကျသော အခြေအနေတစ်ခု ၊ သာမန်ဂိုဒေါင်တစ်လုံး ကနေအခြေပြုစတင်ခဲ့သည့် စီးပွားရေးလုပ်ငန်း တစ်ခုကို ” Garage Start-Up ” လို့ ခေါ်ဆိုလေ့ရှိကြပါတယ်။ အံ့ဩဖွယ်ရာကောင်းသည်ကတော့ ကြီးမားသော နိုင်ငံရေးအဖွဲ့အစည်းများ ၊ ဂီတအဖွဲ့များ ၊ အောင်မြင်သော စီးပွားရေးလုပ်ငန်းများ အားလုံးဟာ တစ်စုံတစ်ယောက်ရဲ့ အခန်းငယ်လေးအတွင်းမှ စိတ်အားထက်သန်သူများက စုပေါင်း စတင်ခဲ့ကြခြင်းဖြစ်ပါတယ်။
ယခုတစ်ခါမှာတော့ အောင်မြင်ကျော်ကြားနေပြီးဖြစ်တဲ့ လုပ်ငန်းစုများရဲ့ သမိုင်းကြောင်းအခြေအနေတွေကို နှိုင်းယှဉ်ဖော်ပြပေးမှာဖြစ်ပါတယ်။အဓိကသတိပြုရမယ့် အချက်ကတော့ အောင်မြင်မှာဟာ ရင်းနှီးမြုပ်နှံမှု ငွေပမဏပေါ်မူတည်သည်မဟုတ်ပဲ အတွေးအခေါ် ၊ အာရုံစူးစိုက်မှု ၊ စွန့်စားမှု တို့ကနေ ဖြစ်တည်လာတာဖြစ်ပါတယ်။
(1) Amazon
(၁၉၉၄)ခုနှစ် ၊ အင်တာနက်ခေတ်အစများမှာ Jeff Benzos ဟာ သူရဲ့ဂိုဒေါင်ငယ်လေး အတွင်းမှာပဲ အွန်လိုင်းစာအုပ်ဆိုင်လေး ကိုစတင်တည်ထောင်ခဲ့ပြီး တံခါးရွက်ဟောင်း တစ်ခုကိုအလုပ်စားပွဲအနေနဲ့ အသုံးပြုခဲ့ပါတယ်။ယနေ့မှာတော့ Amazon ဟာ ကမ္ဘာ့အကြီးဆုံးစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပြီး တည်ထောင်သူ Benzos ဟာလည်း ကိုယ်ပိုင် အာကာသယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီ “Blue Origin” ကို တည်ထောင်ထားနိုင်ပြီ ဖြစ်ပါတယ်။
(2) Apple
Steve Jobs နှင့် Steve Wozniak တို့ဟာ သူတို့ရဲ့ပထမဆုံးသော လက်လုပ်ကွန်ပျူတာကို Jobs မိသားစုရဲ့ ဂိုဒေါင်ငယ်လေးအတွင်းမှာ စတင်ခဲ့ကြပါတယ်။ (၂၀၁၇) ခုနှစ်မှာတော့ Apple ဟာ စတုရန်းပေ ၂.၈ သန်းကျယ်ဝန်းတဲ့ ၄ထပ် အဆောက်အဦးသစ်ကြီးကို ဝန်ထမ်း (၁၃၀၀၀) နှင့်အတူ သူတို့ရဲ့ အခြေစိုက်ရုံးချုပ်သစ် အဖြစ် တည်ဆောက်ခဲ့ပြီး ဖြစ်ပါတယ်။
(3) Disney
Roy နှင့် Walt Disney တို့ဟာ သူတို့ရဲ့ ပထမဆုံးသော animated ရုပ်ရှင်ကို ဦးလေးတော်စပ်သူရဲ့ ကားဂိုဒေါင်အတွင်းမှာ ဖန်တီးခဲ့ကြပါတယ်။ယနေ့မှာတော့ Walt Disney ကုမ္ပဏီဟာ ကမ္ဘာ့ဝင်ငွေအများဆုံး မီဒီယာလုပ်ငန်းစု အဖြစ်ရပ်တည်နေပြီး ကိုယ်ပိုင် တီဗွီအစီအစဉ်နဲ့ ရုပ်ရှင်များစွာ ထုတ်လုပ်လျက်ရှိပါတယ်။
(4) Hewlett-Packard
ကနဦးအစမှာ တိုင်းတာရေးပစ္စည်းများ ထုတ်လုပ်ရောင်းချမည့်နေရာအဖြစ်သာ ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့ပြီး (၅၃၈) ဒေါ်လာသာ ရင်းနှီးမြုပ်နှံခဲ့ပါတယ် ။Walt-Disney Company ဟာလည်း Hewlett-Packard Company ရဲ့ပထမဦးဆုံး ဝယ်ယူသုံးစွဲသူများထဲမှ တစ်ဦးဖြစ်ပါတယ်။ ယခုအခါ Hewlett-Packard ဟာ ကမ္ဘာပေါ်မှာ လူအသိအများဆုံး ကွန်ပျူတာ ဆက်စပ်ပစ္စည်းအရောင်းကုမ္ပဏီတစ်ခု ဖြစ်နေပါပြီ။
(5) Google
ကမ္ဘာ့အကြီးမားဆုံးသော Search engine ဖြစ်သည့် Google ဟာ Standford တက္ကသိုလ် ဘွဲ့ရကျောင်းသားများရဲ့ သုတေသနပြုလုပ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ယခင်အခုမှာတော့ Google ဟာ မောင်းသူမဲ့ယာဉ်များ ၊ ရောဂါရှာဖွေရေးများ ကြိုးမဲ့အင်တာနက်စနစ်များ အစရှိသည့် နည်းပညာသစ်တီထွင်မှုများ တွင်ပါဝင်နေပြီဖြစ်ပါတယ်။
(6) Harley Davidaon
William S. Harley နှင့် သူ့၏ငယ်သူငယ်ချင်းဖြစ်သူ Arthur Davidson တို့ဟာ သူတို့ရဲ့စက်ဘီးမှာ မော်တာငယ်လေး တပ်ဆင်ကာ စမ်းသပ်မှုတစ်ခုပြုလုပ်ပြီး ပထမဆုံးသော ဆိုင်ကယ်ကို ဖန်တီးခဲ့ကြပါတယ်။ဆိုင်ကယ်ချစ်သူ နှစ်ဦးကတော့ သူတို့ရဲ့တီထွင်ထုတ်လုပ်မှုဟာ တစ်နေ့မှာ ကမ္ဘာ့အထင်ကရအဖြစ်ဆုံး ဆိုင်ကယ် brand တစ်ခုဖြစ်လာမယ်လို့ မထင်ခဲ့ကြပါဘူး။
(7) The Beatles
John Lenon ဟာ The Quarryman လို့ခေါ်တဲ့ ရော့ခ်ဂီတအဖွဲ့တစ်ခုကို ဂိုဒေါင်ငယ်လေးတစ်ခုအတွင်းမှာပဲ စတင်ဖွဲ့စည်းပြီး လေ့ကျင့်ပြင်ဆင်ခဲ့ပါတယ်။ထို့နောက်မှာတော့ John Lenon ဟာ Paul McCartney ကို အဖွဲ့သို့ခေါ်ယူခဲ့ပြီး (၁၉၆၀) ကမ္ဘာကျော် The Beatles အဖွဲ့ကို စတင်ခဲ့ပါတယ်။
(😎 Microsoft
Microsoft ဟာ ပူးတွဲတည်ထောင်သူ Bill Gates နှင့် Paul Allen အပါအဝင် ဝန်ထမ်း(၃)ဦးနဲ့စတင်ခဲ့သော်လည်း ယနေ့မှာတော့ ဝန်ထမ်း(၁၂၀,၀၀၀) ကျော်နှင့်အတူ လည်ပတ်နေပြီး Bill Gates ဟာလည်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အဖြစ် Forbes မှာ အကြိမ်ကြိမ် ဖော်ပြခံခဲ့ရပါတယ်။
(9) Patagonia
Yvon Chouinard ဟာ အသက်(၁၄)နှစ်အရွယ်ကပင် တောင်တက်ဝါသနာပါသူတစ်ဦးဖြစ်သော်လည်း လိုအပ်သော ပစ္စည်းများကို မိဘများက ကောင်းစွာ မထောက်ပံ့နိုင်သောကြောင့် အိမ်ရှ်ိဂိုဒေါင်ငယ်ကို အသုံးပြုကာ လိုအပ်တော့ ပစ္စည်းများကို ကိုယ်တိုင်ဖန်တီးခဲ့ပါတယ်။ နှစ်(၄၀) အကြာမှာတော့ သူဟာတစ်ကမ္ဘာလုံးရှိ ဝယ်သူသုံးစွဲသူများအကြား Patagonia ဟူသောအမည်ရှိ ကုမ္ပဏီတစ်ခုဖြင့် အခိုင်အမာ နေရာယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
(10) Yankee Candle
အသက်(၁၄)နှစ်သား Micheal Kittredge ဟာ သူရဲ့ပထမဆုံးသော ကိုယ်တိုင်ဖန်တီးထားတဲ့ ဖယောင်းတိုင်ကို မိဘများအတွက်လက်ဆောင်ပေးခဲ့ပါတယ်။ထို့နောက် အိမ်နီးချင်းများကပါ စိတ်ဝင်စားသွားပြီး ဝယိယူအားပေးခဲ့ကြပါတယ်။ယခုအခါ Yankee Candle ကုမ္ပဏီဟာ နိုင်ငံပေါင်း ၅၀ ကျော်ထိ ပြန့်နှံ့အောင်မြင်နေပြီး သူ့ရဲ့ပထမဆုံးသော အလုပ်ခန်းလေးကိုတော့ အမှတ်တရပြခန်းအဖြစ် ပြောင်းလဲထားပါတယ်။
(11) Lotus Cars
Lotus Car Company စတင်တည်ထောင်သူဟာ မိဘများရဲ့ ဂိုဒေါင်ငယ်အတွင်းမှာ ပြိုင်ကားအချို့ကို စတင် ထုတ်လုပ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Lotus Cars Team ဟာ ကမ္ဘာ့ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲမှာ (၇) ကြိမ်ထိအနိုင်ရထားခဲ့ပြီး ဖြစ်ပါတယ်။
(12) Mattel
စုံတွဲတစ်တွဲဟာ (၁၉၄၅) ခုနှစ်မှာ ဓာတ်ပုံမှန်ဘောင်များ စတင်ထုတ်လုပ်ခဲ့ရာမှ တစ်ဆင့် သူတို့ရဲ့သမီးငယ်လေးမွေးဖွားပြီးနောက်မှာတော့ “Barbie” လို့အမည်ရတဲ့အရုပ်လေးများ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Mattel ဟာ ကမ္ဘာ့အအောင်မြင်ဆုံး ကစားစရာအရုပ် ထုတ်လုပ်ရောင်းချရေး လုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။
(13) Nike
ကျောင်းသားအားကစားအဖွဲ့တစ်ခုရဲ့ နည်းပြနဲ့ ကစားသမားတို့ ပူးတွဲတည်ထောင်ခဲ့တဲ့ Blue Ribbon Sports Company ဟာ ပထမဦးစွာ ဂျပန်နိုင်ငံမှ ဖိနပ်များကို တင်သွင်းရောင်းချခဲ့ပြီး
(၁၉၇၁) ခုနှစ် မှာတော့ တရားဝင် Nike Company ဖြစ်လာခဲ့ပါတယ်။
ထို့ကြောင့် အချုပ်အားဖြင့်ဆိုရလျှင် မှတ်သားစရာကတော့ ” လုပ်သာလုပ်ပါ အောင်မြင်မှုက ကပ်ပါလာလိမ့်မယ် ”
Source Brightside
Written One Daily Media