Wed. Oct 27th, 2021

သင့်ကို အံ့ဩတုန်လှုပ်စေမယ့် ထူးဆန်းသောအချက် (၁၀)ချက်

ညဘက်ထွက်ပေါ်သော သက်တံ့များ ၊ အလိမ်ခံရသော လူလိမ်များ အစရှိသဖြင့် ထူးဆန်းသောအရာများဟာ ကျွန်ုပ်တို့ကမ္ဘာပေါ်မှာ များစွာရှိနေပါတယ်။တစ်နည်းအားဖြင့် သဘာဝတရားများ ၊ လူသားများ ၊ တိရစ္ဆာန်များဟာ အံ့ဩဖွယ်ရာများကို ဖန်တီးနိုင်လေ့ရှိကြပါတယ်။

ယခုတစ်ကြိမ်မှာတော့ အဆိုပါအံ့ဩဖွယ်ရာများစွာထဲမှာမှ စိတ်ဝင်စားစရာအကောင်းဆုံးတချို့ကို စုစည်းတင်ပြပေးလိုက်ပါတယ်။

(၁) အနီရောင်ဆံကေသာပိုင်ရှင် မိန်းကလေးများကိုမှ ကြိုက်နှစ်သက်တဲ့ Orangutan လူဝံ‌လေး

Orangutan လို့ ခေါ်တဲ့ လူဝံ အထီးလေးများဟာ Orangutan အမလေးများကိုသာမကဘဲ လူသားမိန်းကလေးများကိုပါ ကြိုက်နှစ်သက်လေ့ရှိကြပါတယ်။ဥပမာအနေဖြင့် ဩစတြေးလျနိုင်ငံ တိရစ္ဆာန်ရုံတစ်ခုမှ “Hsing Hsing” လို့အမည်ရတဲ့ Orangutan အကောင်လေးဟာ နာမည်ကျော်မင်းသမီး Nidcole Kidman ရဲ့ဓာတ်ပုံကို မဂ္ဂဇင်းစာအုပ်တစ်ခုအတွင်းမှ ဆုတ်ဖြဲကာ ခိုးယူသွားခဲ့ဖူးပါတယ်။ အကြောင်းကတော့ သူဟာ Nidcole Kidman ရဲ့ အမာခံပရိတ်သတ်တစ်ဦးပဲဖြစ်ပါတယ်။

(၂) ပန်းချီကားအတုကို ဒေါ်လာ(၁.၇)သန်းဖြင့် လိမ်လည်ရောင်းချသူ ထံမှ လိမ်လည်ဝယ်ယူသူ

ကမ္ဘာ့ကံအဆိုးဆုံး လိမ်လည်မှု ပြိုင်ပွဲသာ ရှိမည်ဆိုပါက အနိုင်ရရှိမည်မှာ ထိုလူနှစ်ဦးပဲ ဖြစ်ပါတယ်။ (၂၀၀၃) ခုနှစ်မှာ လူလိမ်တစ်ဦးဟာ စပိန်နိုင်ငံသား Antonio María Esquivel ရေးဆွဲထားတဲ့ပန်းချီကားတစ်ခုကို Goya ရေးဆွဲထားသောပန်းချီကားဟု လိမ်လည်ရောင်းချခဲ့ပါတယ်။အတုမှန်းမသိတဲ့ အာရေဗျလူမျိုး စော်ဘွားတစ်ဦးက ထိုပန်းချီကားဝယ်ယူရန်အတွက် ကြားခံပွဲစားတစ်ဦးကို ပွဲစားခ ဒေါ်လာ(၃)သိန်းဖြင့် ငှားခဲ့ပါတယ်။ပွဲစားခကိုတော့ အခြားသူတစ်ဦးထံမှ ချေးငှားပြီး ပေးချေခဲ့ရတာပါ ။ ထို့နောက် အရောင်းအဝယ်အတွက်ညှိနှိုင်းရာမှာ ဒေါ်လာ(၄)သန်းဖြင့်စတင်ခဲ့ပြီး အဆုံးသတ်မှာတော့ ဒေါ်လာ(၁.၇)သန်းဖြင့် ဈေးတည့်ခဲ့ပါတယ်။ထို့‌နောက်မှာ ပန်းချီကားနည်းတူ ငွေစက္ကူများဟာလည်း အတုများဖြစ်နေ‌ကြောင်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြိး စရံငွေပေးချေစဉ်မှာပဲ နှစ်ဖက်စလုံး ဖမ်းဆီးခံခဲ့ကြရ သော်လည်း ပွဲစားကတော့ ဒေါ်လာ(၃)သိန်းအသားတင် အမြတ်ရရှိခဲ့ပါတယ်။

(၃) ပင့်ကူများကိုမကြောက်တတ်စေတဲ့ ပညာပေး Peppa Pig ဇာတ်လမ်းတွဲတစ်ခုကို ပိတ်ပင်တဲ့ဩစတြေးလျနိုင်ငံ

ဩစတြေးလျနိုင်ငံရှိ မိဘအများစုဟာ ကလေးများကို ပင့်ကူမကြောက်တတ်အောင် ပညာပေးရိုက်ကူးထားတဲ့ ကလေးသူငယ်တီဗွီရှိူး တစ်ခုကို ဝိုင်းဝန်းဆန့်ကျင်ခဲ့တာကြောင့် ပြသခွင့်ပိတ်ပင်ခဲ့ရပါတယ်။ဩစတြေးလျနိုင်ငံမှ ပင့်ကူမျိုးစိတ်များဟာ ဥရောပနဲ့အမေရိက တို့မှ ပင့်ကူများကဲ့သို့ မဟုတ်ပဲ အလွန်အန္တရာယ်များပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်တဲ့ထိ ဖြစ်စေတာကြောင့် ကလေးငယ်များအယူမမှားစေရန် ပိတ်ပင်ခဲ့ရတာဖြစ်ပါတယ်။

(၄) အရာရှိဝန်ထမ်းအတွက် အကျဉ်းသားများရဲ့ နုတ်ဆက်ပါတီး

Louisiana Correctional Facility ဆိုသည့် ပြုပြင်ရေးသင်တန်းကျောင်းမှ John Whitley ဆိုသူ အရာရှိတစ်ဦးဟာ ကြင်နာပြီး သမာသမတ်ကျသူတစ်ဦိး ဖြစ်တာကြောင့် အကျဉ်းသားများက သူ့အပေါ်ချစ်ခင်လေးစားကြပါတယ်။သူဟာ အကျဉ်းသားများအပေါ် ပညာသင်ကြားပေးခြင်းများ ၊ ထူးချွန်သူကိုဆုချီးမြှင့်ပေးခြင်းများ ၊ ထောင်တွင်း ရန်လိုမှုကိုလျှော့ချပေးနိုင်ခြင်းများ အစရှိတဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ပေးခဲ့ပါတယ်။
ဥပမာအားဖြင့် ယုံကြည်စိတ်ချရသော အကျဉ်းသားများကို ထောင်တွင်းမှထုတ်ပေးပြီး အားကစားနှင့် အခြားသောပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ပေးခဲ့ပါတယ်။ထို့ကြောင့် လူချစ်လူ‌ခင်ပေါများတဲ့ John Whitley ပင်စင်ယူချိန်မှာတော့ အကျဉ်းသားများက စုပေါင်းပြီး ဂုဏ်ပြုနုတ်ဆက်ပွဲ ကျင်းပပေးခဲ့ကြတာဖြစ်ပါတယ်။

(၅) တောထဲ လမ်းပျောက်နေသောကြောင့် နီးစပ်ရာ ဓာတ်အားလိုင်းကို ဖျက်တောက်ပစ်ခဲ့တဲ့ ကနေဒါအမျိုးသား

Saskatchewan ဆိုသူ ကနေဒါအမျိုးသားတစ်ဦးဟာ ငါးမျှားထွက်နေစဉ် မုန်တိုင်းအန္တရာယ်နှင့် ကြုံတွေ့ခဲ့ပြီး တောကြီးမျက်မည်းထဲ လမ်းပျောက်နေခဲ့ပါတယ်။ပြန်လမ်းမဲ့နေခဲ့တဲ့ ထိုအမျိုးသားဟာ ထူးဆန်းသော ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတယ်။ သူဟာ ပုဆိန်ကို အသုံးပြုကာ အနီးဆုံးမှာရှိတဲ့ဓာတ်အားလိုင်းတစ်ခုကို ဖြတ်တောက်ပစ်ခဲ့ပြီး ဓာတ်အားလိုင်းပြုပြင်ရေးအဖွဲ့ရဲ့ Helicopter ကိုစောင့်ခဲ့ပါတယ်။ ဓာတ်အားလိုင်းပြုပြင်ရေးအဖွဲ့သားများ အမှန်တကယ် ရောက်ရှိလာပြီး သူ့ကိုလဲကယ်တင်နိုင်ခဲ့ပါတယ်။ သူဟာ နာရီ(၃၀)လောက် ဓာတ်အားလိုင်းပြတ်တောက်ခဲ့ရရဲ့ တရားခံအဖြစ် ဒဏ်ငွေဆောင်ခဲ့ရသော်လည်း အသက်ကတော့ပိုအရေးကြီးသည်မဟုတ်ပါလား ??

(၆) အမဲလိုက်ဖော် ဝံပုလွေနှင့်ခွေးတူဝက်တူ

ဒဏ္ဍာရီပုံပြင်များမှာ မတူညီတဲ့တိရစ္ဆာန်လေးများစွာရဲ့ခင်မင်မှု‌တို့ကို ဖတ်ရှူခဲ့ရဖူးမှာဖြစ်ပါတယ်။ထိုအထဲတွင်မှ ဝံပုလွေနဲ့ ခွေးတူဝက်တူ အတွဲ ဟာလည်း အမဲလိုက်ထွက်ရာမှာ အပြန်အလှန် အကျိုးပြုသူများဖြစ်ကြပါတယ်။
ခွေးတူဝက်တူအကောငမလေးများဟာ အနံ့ခံကောင်းပြီး တွင်းထွက်သားကောင်များကို ဖမ်းနိုင်စွမ်းရှိသလို ဝံပုလွေများကတော့ အမြင်အာရုံကောင်းမွန်ပြီး မြေပြင်ရှိသားကောင်းများစွာကို ဖမ်းယူလေ့ရှိပါတယ်။

(၇) ငှက်သိုက်အရသာ စပျစ်သီး

ကယ်လီဖိုးနီးယား ပြည်နယ်မှ စိုက်ပျိုးရေးသမားများဟာ သာမန်ထက် (12%) ပိုချိုတဲ့ စပျစ်သီးမျိုးသစ်များကို စိုက်ပျိုးခဲ့ကြပြီး (၁၂) နှစ်အကြာ (၂၀၁၃) ခုနှစ်မှာတော့ စတင်ရောင်းချနိုင်ခဲ့ကြပါတယ်။အဆိုပါစပျစ်သီးများဟာ ပုံသဏ္ဍာန်နှင့် အနံ့တို့မှာ သာမန်စပျစ်သီးများကဲ့သို့ပင် ဖြစ်သော်လည်း အရသာမှာတော့ ငှက်သိုက်အရသာ ဖြစ်နေတာပဲ ဖြစ်ပါတယ်။

(၈) အပျော်စီးသင်္ဘောပေါ်နေထိုင်သူများ

“The World” ဟုအမည်ရသော အပျော်စီးသင်္ဘောကြီးဟာ သင်္ဘောပေါ်နေထိုင်သူများအတွက် ကိုယ်ပိုင်တိုက်ခန်းငယ်များပါ စီစဉ်ပေးထားပါတယ်။တချို့ဟာ သင်္ဘောပေါ်တွင်သာ‌ အပြီးနေထိုင်ကြပြီး တချို့သော့ ကမ္ဘာတစ်ဝှမ်းမှခရီးသည်များက ဆိပ်ကမ်းကပ်သည့်အချိန်များမှာ လာရောက်တည်းခိုလေ့ရှိကြပါတယ်။တိုက်ခန်းဈေးနှုန်းများကတော့ ဒေါ်လာ (၂.၇)သန်းမှ (၉.၁)သန်းထိ အစားစားရှိနေပါတယ်။အခန်းအများစုဟာ သင်္ဘောတည်ဆောက်နေစဉ်အချိန်ကပင် ရောင်းချနေရတာဖြစ်ပြီး နေထိုင်သူအများစုဟာ ပျမ်းမျှအားဖြင့် အသက်(၆၄)နှစ်အရွယ် ရှိကြပါတယ်။

(၉) ညဘက်ထွက်‌သော သက်တံ့များ

လ၏အရောင်ပြန်မှုကြောင့် မြင်တွေ့ရတာဖြစ်ပြီး သာမန်သက်တံ့များထက်အရောင်မှိန်လေ့ရှိပါတယ်။မိုးရွာစဉ်အချိန်နှင့် ရေတံခွန်ရှိသော နေရာများတွင်တွေ့ရလေ့ရှိပြီး အရွယ်အစားကတော့ သာမန်သက်တံ့များနဲ့ အရွယ်တူဖြစ်ပါတယ်။

(၁၀) Albert Einstein ထက် IQ ပိုမြင့်သော Marilyn Monroe

လေ့လာတွေ့ရှိမှုများအရ Marilyn Monroe ဟာ IQ Level 163-168 အကြားရှိပြီး Albert Einstein ကတော့ 160 ရှိပါတယ်။သူမဟာ စာပေလိုက်စားသူဖြစ်ပြီး အတွေးအခေါ်ကျယ်ပြန့်သူလဲ ဖြစ်ပါတယ်။မှတ်သားစရာတစ်ခုအနေနဲ့ကတော့ Albert Einstein ဟာ သူ့ကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့ အရေးကြီးဓာတ်ပုံတစ်ပုံကို Marilyn Monroe အတွက် လက်ဆောင်ပေးခဲ့ဖူးပါတယ်။

ဘယ်အချက်ကသင့်ကို အမှန်တကယ် အံ့ဩစေလဲဆိုတာကိုလဲ comment မှာရေးသားနိုင်ခဲ့ပါတယ်

source One Daily Media

Written One Daily Media

Leave a Reply

Your email address will not be published. Required fields are marked *