One Daily News

သင့်ချစ်သူက သင့်အပေါ် တကယ်ချစ်မချစ် ခွဲခြားသိနိုင်မယ့် အချက်(၈)ချက်

သင့်ချစ်သူက သင့်အပေါ် တကယ်ချစ်မချစ် ခွဲခြားသိနိုင်မယ့် အချက်(၈)ချက်

Relationship တစ်ခုမှာ သင့်ဘက်က လေးလေးနက်နက်နဲ့ “ချစ်တယ်” လို့ ပြော‌လေ့ရှိသော်လည်း တစ်ဖက်က ဝတ်ကြေတန်း‌ကြေ “ကျေးဇူးပဲ ” ဟုလောက်သာ တုံ့ပြန်ခံရလေ့ရှိပါသလား ? ဒါကသင့်ကို အတော်လေးစိတ်မသက်မသာဖြစ်စေမှာပါ ။ မျှော်လင့်ထားခဲ့သလောက် ပွင့်လင်းတဲ့တုံ့ပြန်မှုတွေမရရှိခြင်းအတွက် အံ့သြမိနိုင်ပါတယ် ။ သင့်အပေါ် ခံစားချက်တွေကို ထုတ်မပြတဲ့ သင့်လက်တွဲဖော်ရဲ့အပြုအမူတွေဟာ သေချာပေါက်သင့်အတွက် သံသယအတွေးတွေ ဝင်စေမှာပါ။

သင့်ချစ်သူက သင့်ကိုတကယ်မချစ်ပဲ ဟန်ဆောင်နေတာသာဖြစ်ကြောင်း သိရှိနိုင်မယ့် အရေးကြီးအချက်(၈)ချက်ကို သတိပြုဖွယ် ဖော်ပြပေးလိုက်ပါတယ် ။

(၁) လက်တွေ့မှာထက် ဆိုရှယ်မီဒီယာပေါ်နဲ့လူအများရှေ့တွင်သာ အကဲပိုချစ်ပြခြင်း

Instagram ကဲ့သို့သော လူမှုကွန်ရက်ပေါ်မှာ စုံတွဲပုံပေါင်းများစွာဖြင့် တင်၍ဖြစ်စေ ၊ လူအများရှေ့မှာသာဖြစ်စေ အဖြစ်သည်းချစ်ပြတတ်သူမျိုးဆိုလျှင် သတိပြုသင့်ပါတယ်။ လူအထင်ကြီးခံရစေရန် ဟန်ဆောင်ချစ်ခြင်းမျိုးသာ ဖြစ်ပြီး လက်တွေ့ဘဝ နှစ်ကိုယ်ကြားမှာတော့ အေးစက်သော ဆက်ဆံရေးတစ်ခု ဖြစ်နေနိုင်ပါတယ်။ ၎င်းတို့ဟာ Relationship တစ်ခုရဲ့ အောင်မြင်မှု၊ပျော်ရွှင်မှုတို့ကို လူအများရဲ့အားကျခံရမှု ၊ လူမှုကွန်ရက်ပေါ်မှ အပြုသဘောဆောင်သော မှတ်ချက်ပေးမှု တို့ဖြင့်တိုင်းတာလေ့ရှိသူများ ဖြစ်ပါတယ်။

(၂) Sahara သဲကန္တာရထက်ပင်ပိုမိုခြောက်သွေ့နေသော စကားဝိုင်းများ

ပြီးပြည့်စုံသော Realtionship တစ်ခုအတွက် နှစ်ဦးနှစ်ဖက်စလုံးရဲ့ ပွင့်လင်းစွာပြောဆိုဆက်ဆံတတ်မှု ၊ အလာပသလာပ ပြောဆိုတတ်များလည်း လိုအပ်ပါတယ်။ သင့်ထံမှ တစ်ခုခုလိုအပ်တာရှိမှ လာရောက်စကားပြောဆိုတတ်သူမျိုး ၊ သင်ပြောတဲ့အကြောင်းအရာကို စိတ်ဝင်တစားနားမထောင်ပေးတတ်သူမျိုး မဟုတ်ရင် သင့်အနေနဲ့သတိပြုစဥ်းစားသင့်ပါပြီ။

(၃) သင့်အကျင့်စရိုက်များကို ပြောင်းလဲပစ်ရန်ကြိုးစားခြင်း

တစ်ဦးအပေါ်တစ်ဦး သဘောမကျသောစရိုက်အချို့လဲ ကိုယ်စီ ကိုယ်စီရှိတတ်ပါတယ် ။သို့သော် ညှိနှိုင်းခြင်းမျိုးမရှိ သင့်အကျင့်စရိုက်များကိုသာ ပြောင်းလဲပစ်ရန် တစ်ဖက်သတ်တောင်းဆိုစိတ်ဒုက္ခပေးနေတတ်သူမျိုးကို ရှောင်သင့်ပါမယ်။

(၄) ပြသာနာများကို အတူတကွအဖြေမရှာပဲ ရှောင်ပြေးတတ်ခြင်း

သဘောထားကွဲလွဲမှုနှင့် ငြင်းခံမှုများဟာ လူနှစ်ဦးကြားမှာ သဘာဝအတိုင်းရှိစမြဲသာဖြစ်ပါတယ်။ ပြသာနာတစ်ခုအတွက် အစွန်းမရောက်ပဲ ဖြေရှင်းတတ်ရန်မှာ နှစ်ဦးစလုံး၏ တာဝန်ဖြစ်ပါတယ်။ ဤသို့မဟုတ် ဖြေရှင်းရန်ကြိုးစားခြင်းမရှိဘဲ သင့်စကားများကိုလည်းနားမထောင် ရှောင်ဖယ်တတ်သူမျိုးဟာ သင့်အပေါ်အမှန်တကယ်ချစ်မြတ်နိုးသူ မဖြစ်လာနိုင်ပါဘူး။
ထို့အပြင် ထိုသူမျိုးဟာ သင့်နာကျင်ခံစားရမှု သင့်စိုးရိမ်ပူပန်မှုတွေကိုလဲ ဂရုစိုက်လေ့ရှိသူများ မဟုတ်ကြပါဘူး

(၅)ဦးစားပေးမခံရခြင်း

သင်နဲ့ချိန်းဆိုထားပြီးလျှင် တခြားအရေးမပါသောဆင်ခြေများဖြင့် ဖျက်လေ့ရှိသလို သာမန်ကိစ္စတစ်ခုသဖွယ် ဝမ်းနည်း‌မှုတစ်စုံတစ်ရာလဲ ပြလေ့မရှိပါဘူး ။ မတတ်သာသည့် အဆုံးတွင်ပင် ကမ်းခြေတစ်ခုခု (သို) တောင်တက်ခြင်း အစရှိတဲ့ စိတ်အပန်းဖြေစရာ ခရီးတစ်ခုပြန်လည်စီစဉ်ပေးခြင်းမျိုးဖြင့် သင့်အပေါ်အလေးထားမှုကို ပြသပေးရန်လိုအပ်ပါတယ်။

(၆) ရည်းစားဟောင်းအကြောင်းမကြာခဏပြောဆိုခြင်း

ရည်စားဟောင်းအကြောင်းသာ မကြာခဏပြောဆိုခြင်း (သို့) သင်နဲ့ နှိုင်းယှဉ်ပြောဆိုခြင်းများရှိနေလျှင် သူဟာအတိတ်တွေထဲမှာ ပိတ်မိနေပြီး သင့်အပေါ်စိတ်ကစားခြင်းမျိုးဖြစ်နိုင်ကြောင်းကိုဂရုပြုပါ။ ထို့အပြင် သင့်အပေါ် အနေနီးလို့ ရွေးချယ်ခြင်းမျိုး ၊ သင်ကချစ်ပေးသဖြင့်သာ ရွေးချယ်လိုက်ခြင်းမျိုး နှင့် ၎င်းတို့ရဲ့စိတ်နှင့်နှလုံးသားဟာ မည်သည့်နေရာတွင်ရှိနေမည်တို့ကို ဂရုပြုလေ့လာရပါမယ်။

(၇) သင်နှင့်အတူအနာဂတ်ရည်မှန်းချက်မရှိခြင်း

လေးနက်သော အချစ်တစ်ခုမှာ အနာဂတ်အစီအစဉ်များ ပါဝင်ရပါတယ်။ အိမ်‌ထောင်ပြုခြင်း ၊ သားသမီးယူခြင်းများတင်မကပဲ နှစ်ဖက်မိဘများနှင့်တွေ့ဆုံမိတ်ဆက်ခြင်း ၊ အနာဂတ်စီးပွားရေးအတွက် တိုင်ပင်ခြင်းများရှိရပါမယ်။ထိုသို့မဟုတ်ပဲ အထက်ပါအကြောင်းအရာများကို စိတ်ဝင်စားခြင်းပင်မရှိနေလျှင် သင့်အပေါ်ရေရှည်ရည်ရွယ်မထားသောသဘောသက်ရောက်နေပါလိမ့်မယ်။

(၈)ကြွားဝါတတ်ခြင်း

ယနေ့ခေတ် လူအများစုဟာ Social media များတွင်သာမက နေ့စဉ်လူမှုဘဝများတွင်ပါကြွားဝါတတ်ကြပါတယ်။ ဈေးကြီးအဝတ်အစားများ ၊ အထက်တန်းစား ဘားနှင့်စားသောက်ဆိုင်များ ၊ ခမ်းနားထည်ဝါသော နေရာများ အပေါ်တွင်သာ စိတ်အားထက်သန်ပြီး ခြိုးခြံချွေတာတတ်သူ သင့်အပေါ်ရန်ရှာခြင်းမျိုးများပင် ကြုံတွေ့လာရပါက သင့်အပေါ်ထားတဲ့ ဟန်ဆောင်ချစ်ခြင်းများလဲ မြင်သာလာနိုင်မှာပဲ ဖြစ်ပါတယ် ။

သင့်ရဲ့အခုလက်ရှိအချစ်ရေးမှာရော အခုဖော်ပြခဲ့တဲ့ အချက်မျိုးတွေ ကြုံတွေ့ရခြင်းရှိနေလားဆိုတာ ပြန်လည်ဆန်းစစ်ကြည့်သင့်ပါတယ်။

Zawgyi

သင့္ခ်စ္သူက သင့္အေပၚ တကယ္ခ်စ္မခ်စ္ ခြဲျခားသိႏိုင္မယ့္ အခ်က္(၈)ခ်က္

Relationship တစ္ခုမွာ သင့္ဘက္က ေလးေလးနက္နက္နဲ႔ “ခ်စ္တယ္” လို႔ ေျပာ‌ေလ့ရွိေသာ္လည္း တစ္ဖက္က ဝတ္ေၾကတန္း‌ေၾက “ေက်းဇူးပဲ ” ဟုေလာက္သာ တုံ႔ျပန္ခံရေလ့ရွိပါသလား ? ဒါကသင့္ကို အေတာ္ေလးစိတ္မသက္မသာျဖစ္ေစမွာပါ ။ ေမွ်ာ္လင့္ထားခဲ့သေလာက္ ပြင့္လင္းတဲ့တုံ႔ျပန္မႈေတြမရရွိျခင္းအတြက္ အံ့ၾသမိႏိုင္ပါတယ္ ။ သင့္အေပၚ ခံစားခ်က္ေတြကို ထုတ္မျပတဲ့ သင့္လက္တြဲေဖာ္ရဲ႕အျပဳအမူေတြဟာ ေသခ်ာေပါက္သင့္အတြက္ သံသယအေတြးေတြ ဝင္ေစမွာပါ။

သင့္ခ်စ္သူက သင့္ကိုတကယ္မခ်စ္ပဲ ဟန္ေဆာင္ေနတာသာျဖစ္ေၾကာင္း သိရွိႏိုင္မယ့္ အေရးႀကီးအခ်က္(၈)ခ်က္ကို သတိျပဳဖြယ္ ေဖာ္ျပေပးလိုက္ပါတယ္ ။

(၁) လက္ေတြ႕မွာထက္ ဆိုရွယ္မီဒီယာေပၚနဲ႔လူအမ်ားေရွ႕တြင္သာ အကဲပိုခ်စ္ျပျခင္း

Instagram ကဲ့သို႔ေသာ လူမႈကြန္ရက္ေပၚမွာ စုံတြဲပုံေပါင္းမ်ားစြာျဖင့္ တင္၍ျဖစ္ေစ ၊ လူအမ်ားေရွ႕မွာသာျဖစ္ေစ အျဖစ္သည္းခ်စ္ျပတတ္သူမ်ိဳးဆိုလွ်င္ သတိျပဳသင့္ပါတယ္။ လူအထင္ႀကီးခံရေစရန္ ဟန္ေဆာင္ခ်စ္ျခင္းမ်ိဳးသာ ျဖစ္ၿပီး လက္ေတြ႕ဘဝ ႏွစ္ကိုယ္ၾကားမွာေတာ့ ေအးစက္ေသာ ဆက္ဆံေရးတစ္ခု ျဖစ္ေနႏိုင္ပါတယ္။ ၎တို႔ဟာ Relationship တစ္ခုရဲ႕ ေအာင္ျမင္မႈ၊ေပ်ာ္႐ႊင္မႈတို႔ကို လူအမ်ားရဲ႕အားက်ခံရမႈ ၊ လူမႈကြန္ရက္ေပၚမွ အျပဳသေဘာေဆာင္ေသာ မွတ္ခ်က္ေပးမႈ တို႔ျဖင့္တိုင္းတာေလ့ရွိသူမ်ား ျဖစ္ပါတယ္။

(၂) Sahara သဲကႏၲာရထက္ပင္ပိုမိုေျခာက္ေသြ႕ေနေသာ စကားဝိုင္းမ်ား

ၿပီးျပည့္စုံေသာ Realtionship တစ္ခုအတြက္ ႏွစ္ဦးႏွစ္ဖက္စလုံးရဲ႕ ပြင့္လင္းစြာေျပာဆိုဆက္ဆံတတ္မႈ ၊ အလာပသလာပ ေျပာဆိုတတ္မ်ားလည္း လိုအပ္ပါတယ္။ သင့္ထံမွ တစ္ခုခုလိုအပ္တာရွိမွ လာေရာက္စကားေျပာဆိုတတ္သူမ်ိဳး ၊ သင္ေျပာတဲ့အေၾကာင္းအရာကို စိတ္ဝင္တစားနားမေထာင္ေပးတတ္သူမ်ိဳး မဟုတ္ရင္ သင့္အေနနဲ႔သတိျပဳစဥ္းစားသင့္ပါၿပီ။

(၃) သင့္အက်င့္စ႐ိုက္မ်ားကို ေျပာင္းလဲပစ္ရန္ႀကိဳးစားျခင္း

တစ္ဦးအေပၚတစ္ဦး သေဘာမက်ေသာစ႐ိုက္အခ်ိဳ႕လဲ ကိုယ္စီ ကိုယ္စီရွိတတ္ပါတယ္ ။သို႔ေသာ္ ညႇိႏႈိင္းျခင္းမ်ိဳးမရွိ သင့္အက်င့္စ႐ိုက္မ်ားကိုသာ ေျပာင္းလဲပစ္ရန္ တစ္ဖက္သတ္ေတာင္းဆိုစိတ္ဒုကၡေပးေနတတ္သူမ်ိဳးကို ေရွာင္သင့္ပါမယ္။

(၄) ျပသာနာမ်ားကို အတူတကြအေျဖမရွာပဲ ေရွာင္ေျပးတတ္ျခင္း

သေဘာထားကြဲလြဲမႈႏွင့္ ျငင္းခံမႈမ်ားဟာ လူႏွစ္ဦးၾကားမွာ သဘာဝအတိုင္းရွိစၿမဲသာျဖစ္ပါတယ္။ ျပသာနာတစ္ခုအတြက္ အစြန္းမေရာက္ပဲ ေျဖရွင္းတတ္ရန္မွာ ႏွစ္ဦးစလုံး၏ တာဝန္ျဖစ္ပါတယ္။ ဤသို႔မဟုတ္ ေျဖရွင္းရန္ႀကိဳးစားျခင္းမရွိဘဲ သင့္စကားမ်ားကိုလည္းနားမေထာင္ ေရွာင္ဖယ္တတ္သူမ်ိဳးဟာ သင့္အေပၚအမွန္တကယ္ခ်စ္ျမတ္ႏိုးသူ မျဖစ္လာႏိုင္ပါဘူး။
ထို႔အျပင္ ထိုသူမ်ိဳးဟာ သင့္နာက်င္ခံစားရမႈ သင့္စိုးရိမ္ပူပန္မႈေတြကိုလဲ ဂ႐ုစိုက္ေလ့ရွိသူမ်ား မဟုတ္ၾကပါဘူး

(၅)ဦးစားေပးမခံရျခင္း

သင္နဲ႔ခ်ိန္းဆိုထားၿပီးလွ်င္ တျခားအေရးမပါေသာဆင္ေျခမ်ားျဖင့္ ဖ်က္ေလ့ရွိသလို သာမန္ကိစၥတစ္ခုသဖြယ္ ဝမ္းနည္း‌မႈတစ္စုံတစ္ရာလဲ ျပေလ့မရွိပါဘူး ။ မတတ္သာသည့္ အဆုံးတြင္ပင္ ကမ္းေျခတစ္ခုခု (သို) ေတာင္တက္ျခင္း အစရွိတဲ့ စိတ္အပန္းေျဖစရာ ခရီးတစ္ခုျပန္လည္စီစဥ္ေပးျခင္းမ်ိဳးျဖင့္ သင့္အေပၚအေလးထားမႈကို ျပသေပးရန္လိုအပ္ပါတယ္။

(၆) ရည္းစားေဟာင္းအေၾကာင္းမၾကာခဏေျပာဆိုျခင္း

ရည္စားေဟာင္းအေၾကာင္းသာ မၾကာခဏေျပာဆိုျခင္း (သို႔) သင္နဲ႔ ႏႈိင္းယွဥ္ေျပာဆိုျခင္းမ်ားရွိေနလွ်င္ သူဟာအတိတ္ေတြထဲမွာ ပိတ္မိေနၿပီး သင့္အေပၚစိတ္ကစားျခင္းမ်ိဳးျဖစ္ႏိုင္ေၾကာင္းကိုဂ႐ုျပဳပါ။ ထို႔အျပင္ သင့္အေပၚ အေနနီးလို႔ ေ႐ြးခ်ယ္ျခင္းမ်ိဳး ၊ သင္ကခ်စ္ေပးသျဖင့္သာ ေ႐ြးခ်ယ္လိုက္ျခင္းမ်ိဳး ႏွင့္ ၎တို႔ရဲ႕စိတ္ႏွင့္ႏွလုံးသားဟာ မည္သည့္ေနရာတြင္ရွိေနမည္တို႔ကို ဂ႐ုျပဳေလ့လာရပါမယ္။

(၇) သင္ႏွင့္အတူအနာဂတ္ရည္မွန္းခ်က္မရွိျခင္း

ေလးနက္ေသာ အခ်စ္တစ္ခုမွာ အနာဂတ္အစီအစဥ္မ်ား ပါဝင္ရပါတယ္။ အိမ္‌ေထာင္ျပဳျခင္း ၊ သားသမီးယူျခင္းမ်ားတင္မကပဲ ႏွစ္ဖက္မိဘမ်ားႏွင့္ေတြ႕ဆုံမိတ္ဆက္ျခင္း ၊ အနာဂတ္စီးပြားေရးအတြက္ တိုင္ပင္ျခင္းမ်ားရွိရပါမယ္။ထိုသို႔မဟုတ္ပဲ အထက္ပါအေၾကာင္းအရာမ်ားကို စိတ္ဝင္စားျခင္းပင္မရွိေနလွ်င္ သင့္အေပၚေရရွည္ရည္႐ြယ္မထားေသာသေဘာသက္ေရာက္ေနပါလိမ့္မယ္။

(၈)ႂကြားဝါတတ္ျခင္း

ယေန႔ေခတ္ လူအမ်ားစုဟာ Social media မ်ားတြင္သာမက ေန႔စဥ္လူမႈဘဝမ်ားတြင္ပါႂကြားဝါတတ္ၾကပါတယ္။ ေဈးႀကီးအဝတ္အစားမ်ား ၊ အထက္တန္းစား ဘားႏွင့္စားေသာက္ဆိုင္မ်ား ၊ ခမ္းနားထည္ဝါေသာ ေနရာမ်ား အေပၚတြင္သာ စိတ္အားထက္သန္ၿပီး ၿခိဳးၿခံေခြၽတာတတ္သူ သင့္အေပၚရန္ရွာျခင္းမ်ိဳးမ်ားပင္ ႀကဳံေတြ႕လာရပါက သင့္အေပၚထားတဲ့ ဟန္ေဆာင္ခ်စ္ျခင္းမ်ားလဲ ျမင္သာလာႏိုင္မွာပဲ ျဖစ္ပါတယ္ ။

သင့္ရဲ႕အခုလက္ရွိအခ်စ္ေရးမွာေရာ အခုေဖာ္ျပခဲ့တဲ့ အခ်က္မ်ိဳးေတြ ႀကဳံေတြ႕ရျခင္းရွိေနလားဆိုတာ ျပန္လည္ဆန္းစစ္ၾကည့္သင့္ပါတယ္။

Leave a Comment