Wed. Oct 27th, 2021

ကံကောင်းထောက်မစွာ တိချစ်သူ အမျိုးသမီးနဲ့‌ တွေ့ဆုံပြီး အသက်အန္တရာယ်မှလွတ်မြောက်နိုင်ခဲ့တဲ့ ရှဉ့်ငယ်လေး

တိရစ္ဆာန်ချစ်သူတစ်ဦးဖြစ်တဲ့ Jannet ဆိုသူအမျိုးသမီးလေးဟာ ပုံမှန်ထက် ရှည်လျားနေတဲ့သွားစွယ်များကြောင့် အစာစားရန်အခက်အခဲဖြစ်နေသူ ရှဉ့်ငယ်လေးတစ်ကောင်ကို တွေ့ရှိပြီး ကယ်တင်ခဲ့ပါတယ်။ရှဉ့်ငယ်လေးဟာ အလွန်ပိန်လှီနေပြီး အသက်ဆက်ဖို့ရန်ပင် ခက်ခဲနေခဲ့တာကြောင့် Jannet က ကယ်တင်ပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့အဖွဲ့သားများဟာလည်း တိရစ္ဆာန်ချစ်သူများဖြစ်တာကြောင့် ယခုလိုထူးဆန်းသောတိရစ္ဆာန်လေးများအကြောင်းကို ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်။ဒီဆောင်းပါးလေးရဲ့အဆုံးသတ်မှာလည်း ရှဉ့်ငယ်လေးများရဲ့ချစ်စရာကောင်းလှတဲ့ ဓာတ်ပုံလေးများကိုဆက်လက်ဖော်ပြပေးထားပါသေးတယ်။

ပြီးခဲ့သောနွေရာသီတစ်ခုမှာတော့ Jannet Tallbot ခြံအလုပ်များ လုပ်ကိုင်နေစဉ် ရှဉ့်ငယ်လေးတစ်ကောင်ဟာ အစာစားဖို့ခက်ခဲစွာရုန်းကန်နေရတာကို တွေ့ရှိခဲ့ပါတယ်။ရှဉ့်ငယ်လေးရဲ့ ပါးစပ်ကနေထူးဆန်းသောအရာတစ်ခုဟာလည်း ထွက်ပေါ်နေပါတယ်။

Jannet ဟာ အနီးကပ်ကြည့်လိုက်တဲ့အခါမှာ ရှဉ့်ငယ်လေးရဲ့သွားများဟာ သာမန်ထက်ပိုမိုကြီးထွားနေပြီး ထိုအရာများကပဲ သူ့ကိုအစာမစားနိုင်အောင် ဟန့်တားနေတာပဲဖြစ်ပါတယ်။ သဘာဝအားဖြင့် ရှဉ့်များဟာ သွားစွယ်ရှည်များကို အခွံမာသီးများ ၊ သစ်ပင်အခေါက်များကို အသုံးပြုပြီး ကြိတ်ချေပစ်လေ့ရှိသော်လည်း အဆိုပါရှဉ့်လေးကတော့ ဒီလိုဖြစ်လာခြင်းမရှိခဲ့ပါဘူး။ ထို့ကြောင့် Jannet ဟာအဆိုပါသနားစရာ ရှဉ့်ငယ်လေးကို ကူညီပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။

သူမက အိမ်သို့ခေါ်ဆောင်လာခဲ့ပြီး ရှဉ့်လေးကိုလည်း Bucky လို့အမည်ပေးခဲ့ပါတယ်။ထို့နောက်သူမက Bucky လေးရဲ့ သွားစွယ်ရှည်လေးများကို ဖြတ်ပေးရန် Youtube ဗီဒီယိုပေါင်းများစွာကနေ တစ်ဆင့်လေ့လာခဲ့ပါတယ်။

Jannet ဟာ သွားစွယ်လေးများဖျက်ရာမှာ အသုံးပြုတဲ့ cuticle trimmer ကို အသုံးပြုပြီး Bucky လေးရဲ့သွားများကို ပြုပြင်ပေးခဲ့ပါတယ်။သွားများကို ပြုပြင်ပေးနေစဉ်မှာ Bucky လေးဟာ အံ့ဩဖွယ်ကောင်းလောက်အောင်ငြိမ်သက်စွာ နေပေးခဲ့ကြောင်းလည်း Jannet ကပြောပြပါတယ်။

အားလုံးပြီးစီးသွားချိန်မှာတော့ Jannet ဟာ Bucky လေးကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ထို့နောက် Bucky လေး မြေပဲဆံများကိုကောင်းစွာ စားနိုင်နေတာကို ကြည့်ပြီး Jannet ဟာလည်း ထပ်တူပျော်ရွှင်ပီတိ ဖြစ်နေပါတော့တယ်။

Bonus အနေနဲ့နဲ့ ယခုဖော်ပြပေးမှာကတော့ Jannet မပါဝင်ပေမယ့် အခြားသော ရှဉ့်ငယ်လေးများရဲ့ ချစ်စဖွယ်ဓာတ်ပုံများပဲ ဖြစ်ပါတယ်။

Source Brightside
Written One Daily Media

Leave a Reply

Your email address will not be published. Required fields are marked *