Uncategorized

မွေးရာပါ လက်နှစ်ဖက်လုံး ပါမလာသော်လည်း ဂီတာတီးခြင်းကို အထူးဝါသနာပါ၍ ခြေထောက်ဖြင့် တီးခတ်ခဲ့သောအမျိုးသား

ဂီတာတီးခြင်းသည် သာမန်လူကောင်းတစ်ယောက်ပင် သံစဉ်အညီတီးခတ်ဖို့ မလွယ်ကူလှ၍ အကြိမ်ကြိမ်လေ့ကျင့်ရသည်။

သို့သော် စပိန်နိုင်ငံရှိ Mark Goffeney အမည်ရှိသော အမျိုးသားသည် မွေးရာပါ လက်နှစ်ဖက်ပါမလာခဲ့သော်လည်း ငယ်စဉ်ကတည်းက ဂီတလောကကို အထူးစိတ်ဝင်စားပြီး ဂီတပညာရှင်တစ်ယောက် ဖြစ်ချင်ခဲ့သည်။
မသန်စွမ်းသူများသည် များသောအားဖြင့် သူတို့ဖြစ်ချင်သော အိပ်မက်များကို အကောင်းဆုံး လက်တွေ့ အကောင်အထည်ဖော်ရန်အတွက် ကြိုးစားအားထုတ်ကြရသည်။

ထို့အတူ Markသည် ဂီတာတီးခြင်းကို ဝါသနာပါပြီး လက်နှစ်ဖက် မရှိသော်လည်း ဂီတာကို ခြေထောက်ကိုသာ အသုံးပြုပြီး တီးခတ်ခဲ့သည်။Markသည် ကိုယ်ပိုင် တီးဝိုင်းကိုတည်ထောင်ချင်ကာ ခြေချောင်းများ နာကျင်သည်ထိ ဂီတာတီးခြင်းကို လေ့ကျင့်ခဲ့သည်။

 

 

ထို့အတူ တတ်မြောက်သွားသောအခါတွင်လည်း လမ်းမပေါ်တွင် ထွက်၍ ဖျော်ဖြေခဲ့ပြီး လူအများကလည်း သူဧ။် ဖျော်ဖြေတင်ဆက်မှုကို ကြိုက်နှစ်သက်ကြပြီး အားပေးခဲ့ကြသည်။Markသည် ဖျော်ဖြေမှုအတွက် ရရှိသော ငွေကြေးများကို မိသားစုအား ပြန်လည် ထောက်ပံ့ခဲ့သည်။

 

 

ယခုအခါတွင် markသည် “big toe”အမည်ဖြင့် လူသိများလာသော ဂီတပညာရှင်ကောင်းတစ်ဦးဖြစ်လာခဲ့သည်။

Hlaing(Love Feeling)

Zawgyi




 

 




Hlaing(Love Feeling)

Leave a Comment