Daily News

သမီးမိန်းကလေးမွေးထားသော်လည်း မျောက်ရှုံးအောင် ဆော့တတ်လွန်း၍ လက်လန်သွားသော မိဘနှစ်ပါး

အိမ်တစ်အိမ်တွင် များသောဖြင့် မိန်းကလေးထက် ယောကျာ်းလေးများကသာ အရမ်းဆိုး အရမ်းဆော့လွန်း၍ မိဘများပင် ခေါင်းမွေးပြောင်အောင် ထိန်းရသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံရှိ ကလေးမလေးတစ်ဦးသည် အပေါ်မြင့် မျက်နှာကျက်ထိကို တက်ဆော့သည့်အပြင် တစ်အိမ်လုံး ရှုပ်ပွပြီး ဗြောင်းဆန်နေအောင် တော်လွန်း၍ မိဘနှစ်ပါးမှာ သူတို့ဧ။်သမီးလေး သောင်းကျန်းထားသော ရယ်ရမလို ငိုရမလို ပုံရိပ်လေးများအား လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

မိခင်ဖြစ်သူသည် အစပိုင်းတွင် သား ယောကျာ်းလေးများသာ ထိန်းရခက်ပြီး ဆိုးလွန်းသည်ဟု မှတ်ယူကာ သမီးလေးသာ လိုချင်ခဲ့သည်။

ထို့နောက် သမီးလေးအား ပိုင်ဆိုင်ထားသော်လည်း ပြောရဆိုရမခက်ပဲ မိန်းကလေးပီပီ ယဥ်ကျေးသိမ်မွေ့လေးများ ဖြစ်မည်ဟု ထင်ထားခဲ့ရာ လက်ဖျားခါလောက်အောင် လျှောက်ဆော့လွန်း၍ မိဘနှစ်ပါးခမျာ သူတို့ဧ။် သမီးလေးအား ကြည့်ရင်း အံ့အားသင့်နေရသည်။

Hlaing (Love Feeling )

Zawgyi






Hlaing (Love Feeling )

Leave a Comment