Daily News
မင်္ဂလာဆောင်သည့်နေ့မှပဲ သတို့သမီးက အဖွားအိုတစ်ယောက်ဖြစ်နေမှန်းကို သိခဲ့ရသော ကောင်လေးဧ။်ကြေကွဲစရာအဖြစ်
ဖြစ်စဥ်မှာ မိသားစုစားဝတ်နေရေးအတွက် တောင်ကိုးရီးယားနိုင်ငံသို့ အလုပ်သွားလုပ်နေသည့် အင်ဒိုနီးရှားနိုင်ငံမှ Yusufအမည်ရှိသော အသက်၂၇နှစ်အရွယ် ကောင်လေးသည် လိုင်းပေါ်ကနေ သက်တူရွယ်တူ မိန်းမလှလေးတစ်ဦးနှင့် ဆုံတွေ့ခဲ့ပြီး ချစ်ကြိုက်ခဲ့ကြသည်။
ချစ်သူမိန်းကလေးမှာ မွေးရပ်မြေအင်ဒိုနီးရှားကဖြစ်နေသည့်အတွက် ကောင်လေးကလည်း အလုပ်ကနေပြန်လာလို့မရသေးသဖြင့် အဝေးချစ်ကြီး ဖြစ်နေခဲ့သည်။
သူတို့နှစ်ဦးသည် ဝေးကွာနေသော်လည်း တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြကာ နေ့တိုင်းလည်း Video Callပြောဖြစ်ပြီး ချစ်သူသက်တမ်း ၂နှစ်ကြာချိန်မှာတော့ လက်ထပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ထို့ကြောင့် ကောင်လေးသည် မွေးရပ်မြေသို့ ပြန်လာခဲ့ပြီး မင်္ဂလာပွဲကျင်းပခဲ့ရာ ရောက်ရှိလာသောသတို့သမီးမှာ ဖုန်းထဲကလို မိန်းမလှလေးဟုတ်မနေပဲ အဖွားအိုတစ်ယောက်သာ ရောက်လာခဲ့တော့သည်။
ကောင်လေးသည် အလွန်အံ့အားသင့်ခဲ့ရပြီး ဖုန်းထဲတွင် မော်ဒယ်တစ်ဦးဧ။်ပုံကိုယူသုံးထားခြင်းဖြစ်ပြီး သူတို့နှစ်ဦး Video Callပြောချိန်တိုင်း မိန်းကလေးမှာ မျက်နှာဖုံးကို တစ်ခါမှမချွတ်ပြခဲ့သည့်အကြောင်းရင်းကို ထိုအချိန်မှနားလည်သွားခဲ့ရာ လိမ်လည်ခဲ့သည့်အတွက် မင်္ဂလာပွဲအား ရင်နာနာနှင့် ဖျတ်သိမ်းပစ်ခဲ့သည်။
Hlaing (Love Feeling)
Zawgyi
Hlaing (Love Feeling)
Leave a Comment