Daily News

ဆေးကုသဖို့မတတ်နိုင်၍ ငိုနေသော မိခင်ဖြစ်သူကို သူနေကောင်းနေလို့ စိတ်မပူနဲ့ဆိုပြီး မငိုတော့ဖို့ရာ ပြောဆိုခဲ့သော ကောင်လေး

တရုတ်နိုင်ငံ ကျေးလက်ဒေသတွင် နေထိုင်သော အသက် ၃နှစ်အရွယ် ကောင်လေးသည် ကံဆိုးစွာဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့် ကျောက်ကပ်ကင်ဆာကောဂါ ဝေဒနာကို ခံစားနေရသည်။

မိဘနှစ်ပါးမှာလည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေး၀မ်းကျောင်းပြုနေရ၍ သားဖြစ်သူဧ။် ဆေးကုသမှုစရိတ်အခက်အခဲကြောင့် ဝင်ငွေမကောင်း၍ အမြဲလိုလိုရန်ဖြစ်ခဲ့ကြသည်။

ကောင်လေးသည် ခွဲစိတ်မှု ၂ကြိမ် ပြုလုပ်ပြီးနောက် ဆေးရုံ ၇ခေါက်လောက် တက်နေရသောအခါ စားဝတ်နေရေးကလည်း ရှိသေးတာမို့ နောက်ထပ်ကုသဖို့ရာ မတတ်နိုင်ပဲ ဖြစ်နေတော့သည်။

ထို့ကြောင့် မိခင်ဖြစ်သူသည် သားလေးကို လက်လွှတ်အဆုံးရှုံးလည်း မခံနိုင်၍ ငွေကြေးမှာလည်း အခက်အခဲဖြစ်နေရာ မထိန်းချုပ်နိုင်တော့ပဲ စိတ်ရှိလက်ရှိ ငိုခဲ့တော့သည်။

မိခင်ဖြစ်သူ ငိုနေသည်ကိုတွေ့ရှိသော သားလေးမှာ သူနေပြန်ကောင်းနေပြီဖြစ်၍ ဆေးကုရန်မလိုအပ်တော့ကြောင်းဆိုကာ စီးကျနေသော မျက်ရည်လေးတွေကို သုတ်ပေးရင်း နှစ်သိမ့်ပေးခဲ့သည်။

Hlaing (Love Feeling)

Zawgyi







Hlaing (Love Feeling)

Leave a Comment