Daily News
Rain (For Ialinks)
Unicode
ကားဝယ်မစီးနိုင်လို့ဆိုပြီး ချစ်သူမိန်းကလေးမှ သူဌေးသားကို ရွေးချယ်ပြီး တွဲသွား၍ မိုးရေထဲမှာ ၃နာရီကြာ ငိုကြွေးခဲ့သော ကောင်လေး
လူတိုင်းအတွက် ဆင်းရဲနေခြင်းက အပြစ်တစ်ခုရှက်စရာတစ်ခု မဟုတ်ပေမယ့် ဘယ်သူနဲ့ယှဥ်ယှဥ် မျက်နှာငယ်ရတာတော့ အမှန်ပါ။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံက အသက် ၂၀ကျော်အရွယ် ကောင်လေးသည် အရမ်းချစ်ရသော မိန်းကလေးဆီကနေ မထင်မှတ်ပဲ လမ်းခွဲစကားကို ကြားခဲ့ရ၍ မိုးသည်းထန်စွာ ရွာနေသည့်ကြားက ၃နာရီအကြာ ထိုင်ငိုခဲ့သည်။
ကောင်လေးသည် ဆင်းရဲသော မိသားစုမှ မွေးဖွားလာသော်လည်း ချစ်သူမိန်းကလေးအတွက်ဆို အမြဲလိုလို လိုချင်တာမှန်သမျှ ဖြည့်ပေးခဲ့ရာ တစ်နေ့တွင် ကားလေးတစ်စီးတောင် ဝယ်မစီးနိုင်လို့ဆိုပြီး ရက်ရက်စက်စက် ချိုးနှိမ်သော စကားလုံးများနှင့်အတူ ပြောဆိုရင်း လမ်းခွဲသွားခဲ့သည်။
ပိုဆိုးသည်မှာ ချစ်သူမိန်းကလေးသည် ကောင်လေးဧ။် မျက်စိရှေ့တင်ပဲ ကားပိုင်သော သူဌေးသားတစ်ယောက်နှင့်အတူ လိုက်ပါသွားခဲ့သည်။
ကောင်လေးဧ။်အဖြစ်ကို မြင်တွေ့သူများမှာ ပကာသနတွေ မက်မောသော မိန်းကလေးတစ်ယောက်အတွက်နှင့် ကိုယ့်ကိုယ်ကို ထိခိုက်စေမည့်လုပ်ရပ်မျိုးမလုပ်သင့်ပဲ မထိုက်တန်ကြောင်း ကောင်လေးအား စာနာမိ၍ နှစ်သိမ့်အားပေးခဲ့ကြသည်။
Rain (For Ialinks)
Leave a Comment