Daily News

ေက်ာင္းစတက္တဲ့ေန႔မို႔ ငိုလုဆဲဆဲျဖစ္ေနတဲ့ညီမျဖစ္သူအား တင္းက်ပ္စြာ ေပြ႕ဖက္ရင္း ႏွစ္သိမ့္ေပးေနခဲ့တဲ့ အစ္ကိုႀကီးပီသလြန္းတဲ့ေကာင္ေလး

မၾကာေသးခင္က ေကာင္ေလးတစ္ေယာက္ဟာ သူမအတြက္ေက်ာင္းစစတက္တဲ့ေန႔ျဖစ္ေနလို႔ စိတ္လႈပ္ရွားေနခဲ့တဲ့ညီမျဖစ္သူအား ဂ႐ုစိုက္ေပးခဲ့တဲ့အမူအရာတစ္ခုေၾကာင့္ အင္တာနက္ရဲ႕အာ႐ုံစိုက္မႈတစ္ခုျဖစ္လာခဲ့ပါတယ္။ မေမွ်ာ္လင့္ဘဲ ညီမျဖစ္သူအား ေပြ႕ဖက္ကာ အစ္ကိုႀကီးပီသစြာျပဳမူခဲ့တဲ့အဆိုပါေကာင္ေလးရဲ႕ပုံရိပ္ျမင္ကြင္းကို ၎တို႔အား ေက်ာင္းသို႔ လိုက္ပို႔ေပးခဲ့ၿပီး အိမ္ျပန္ဖို႔လုပ္ေနခဲ့တဲ့ မိခင္ျဖစ္သူက ႐ိုက္ကူးထားခဲ့တာပါ။ ဗီဒီယိုထဲအရ ညီမျဖစ္သူဟာ သူမရဲ႕အတန္းထဲသို႔ မဝင္ခ်င္တာေၾကာင့္ အနည္းငယ္စိတ္အေႏွာက္အယွက္ျဖစ္ေနပုံရပါတယ္။ The Uplift ရဲ႕ Facebook page မွမွ်ေဝေပးခဲ့တဲ့ဗီဒီယိုအရ မ်က္ရည္က်လုဆဲဆဲျဖစ္ေနတဲ့ညီမျဖစ္သူဟာ အစ္ကိုႀကီးပီသစြာ ႏွစ္သိမ့္ေပးရင္း တင္းက်ပ္စြာေပြ႕ဖက္ေပးခဲ့ပါတယ္။

ခ်စ္စရာေကာင္းတဲ့ေထြးေပြ႕မႈျဖင့္ အခ်င္းခ်င္းေပြ႕ဖက္ေနၾကတဲ့အခ်ိန္က ၎တို႔ေမာင္ႏွမေရွ႕မွာ ဆရာမတစ္ဦးကလည္း ရပ္ေနခဲ့ပါတယ္။ ထို႔အျပင္ ညီမျဖစ္သူဟာ ၎တို႔ေမာင္ႏွမႏွစ္ေယာက္သားက အနီးကပ္မရွိဘဲ တစ္ေနရာစီေရာက္သြားတိုင္း သူမအစ္ကိုျဖစ္သူရဲ႕လက္ေမာင္းထဲသို႔ အလ်င္အျမန္ ျပန္ထိုးေဝွ႔ေနခဲ့ပါတယ္။ ၎ဗီဒီယို ပ်ံ႕ႏွံ႔သြားၿပီးေနာက္ အင္တာနက္သုံးစြဲသူမ်ားက အစ္ကိုျဖစ္သူဟာ အသက္အ႐ြယ္နဲ႔မလိုက္ဖက္ေအာင္ ရင့္က်က္ၿပီး ညီမအေပၚလည္း ေတာ္ေတာ္အနစ္နာခံပုံရေၾကာင္း ေျပာခဲ့ၾကၿပီး သူႀကီးျပင္းလာရင္လည္း ထိုကဲ့သို႔ဘဲ ရင့္က်က္ၿပီး အမ်ိဳးေကာင္းသားတစ္ေယာက္ျဖစ္လာလိမ့္မယ္လို႔ ဆိုခဲ့ၾကပါတယ္။

ထို႔အျပင္ လူအခ်ိဳ႕က “ ငါ့အကိုလည္း ေက်ာင္းစတက္တဲ့ေန႔မွာ ငါနဲ႔အတူလိုက္သြားေပးခဲ့တယ္ ၊ သူ အဲ့တာကိုေကာင္းေကာင္းကိုင္တြယ္ႏိုင္ခဲ့တယ္ ၊ ခုေတာ့ သူ႔ကို ေန႔တိုင္းလြမ္းေနရတယ္ ” ၊ “ သူမ ခံစားခ်က္ပိုေကာင္းလာဖို႔ေမွ်ာ္လင့္တယ္၊ ေက်ာင္းစတက္တဲ့ေန႔က ကေလးတိုင္းအတြက္ အရမ္းခက္ခဲတဲ့အရာပါ ၊ အဲ့ဒီအတြက္ သူတို႔ကို နားလည္ေပးဖို႔လိုအပ္တယ္” ၊ “ သနားၾကင္နာတတ္ဖို႔သင္ေပးခဲ့တဲ့ ေကာင္ေလးရဲ႕မိဘေတြကို ေက်းဇူးအမ်ားႀကီးတင္မိတယ္” ဟုတဲ့မွတ္ခ်က္မ်ားကိုလည္း ေပးခဲ့ၾကပါေသးတယ္။

Mia (Mckzone Daily)

Source : legit

Unicode

မကြာသေးခင်က ကောင်လေးတစ်ယောက်ဟာ သူမအတွက်ကျောင်းစစတက်တဲ့နေ့ဖြစ်နေလို့ စိတ်လှုပ်ရှားနေခဲ့တဲ့ညီမဖြစ်သူအား ဂရုစိုက်ပေးခဲ့တဲ့အမူအရာတစ်ခုကြောင့် အင်တာနက်ရဲ့အာရုံစိုက်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ မမျှော်လင့်ဘဲ ညီမဖြစ်သူအား ပွေ့ဖက်ကာ အစ်ကိုကြီးပီသစွာပြုမူခဲ့တဲ့အဆိုပါကောင်လေးရဲ့ပုံရိပ်မြင်ကွင်းကို ၎င်းတို့အား ကျောင်းသို့ လိုက်ပို့ပေးခဲ့ပြီး အိမ်ပြန်ဖို့လုပ်နေခဲ့တဲ့ မိခင်ဖြစ်သူက ရိုက်ကူးထားခဲ့တာပါ။ ဗီဒီယိုထဲအရ ညီမဖြစ်သူဟာ သူမရဲ့အတန်းထဲသို့ မဝင်ချင်တာကြောင့် အနည်းငယ်စိတ်အနှောက်အယှက်ဖြစ်နေပုံရပါတယ်။ The Uplift ရဲ့ Facebook page မှမျှဝေပေးခဲ့တဲ့ဗီဒီယိုအရ မျက်ရည်ကျလုဆဲဆဲဖြစ်နေတဲ့ညီမဖြစ်သူဟာ အစ်ကိုကြီးပီသစွာ နှစ်သိမ့်ပေးရင်း တင်းကျပ်စွာပွေ့ဖက်ပေးခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့ထွေးပွေ့မှုဖြင့် အချင်းချင်းပွေ့ဖက်နေကြတဲ့အချိန်က ၎င်းတို့မောင်နှမရှေ့မှာ ဆရာမတစ်ဦးကလည်း ရပ်နေခဲ့ပါတယ်။ ထို့အပြင် ညီမဖြစ်သူဟာ ၎င်းတို့မောင်နှမနှစ်ယောက်သားက အနီးကပ်မရှိဘဲ တစ်နေရာစီရောက်သွားတိုင်း သူမအစ်ကိုဖြစ်သူရဲ့လက်မောင်းထဲသို့ အလျင်အမြန် ပြန်ထိုးဝှေ့နေခဲ့ပါတယ်။ ၎င်းဗီဒီယို ပျံ့နှံ့သွားပြီးနောက် အင်တာနက်သုံးစွဲသူများက အစ်ကိုဖြစ်သူဟာ အသက်အရွယ်နဲ့မလိုက်ဖက်အောင် ရင့်ကျက်ပြီး ညီမအပေါ်လည်း တော်တော်အနစ်နာခံပုံရကြောင်း ပြောခဲ့ကြပြီး သူကြီးပြင်းလာရင်လည်း ထိုကဲ့သို့ဘဲ ရင့်ကျက်ပြီး အမျိုးကောင်းသားတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဆိုခဲ့ကြပါတယ်။

ထို့အပြင် လူအချို့က “ ငါ့အကိုလည်း ကျောင်းစတက်တဲ့နေ့မှာ ငါနဲ့အတူလိုက်သွားပေးခဲ့တယ် ၊ သူ အဲ့တာကိုကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တယ် ၊ ခုတော့ သူ့ကို နေ့တိုင်းလွမ်းနေရတယ် ” ၊ “ သူမ ခံစားချက်ပိုကောင်းလာဖို့မျှော်လင့်တယ်၊ ကျောင်းစတက်တဲ့နေ့က ကလေးတိုင်းအတွက် အရမ်းခက်ခဲတဲ့အရာပါ ၊ အဲ့ဒီအတွက် သူတို့ကို နားလည်ပေးဖို့လိုအပ်တယ်” ၊ “ သနားကြင်နာတတ်ဖို့သင်ပေးခဲ့တဲ့ ကောင်လေးရဲ့မိဘတွေကို ကျေးဇူးအများကြီးတင်မိတယ်” ဟုတဲ့မှတ်ချက်များကိုလည်း ပေးခဲ့ကြပါသေးတယ်။

Mia (Mckzone Daily)

Leave a Comment