Wed. Oct 27th, 2021
#Unicode Version
အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့
၁။ အချိန်မဖြုန်းပါနဲ့
အချိန်မဖြုန်းပါနဲ့ဆိုသည်မှာ တစ်နာရီပဲသွားသင့်တဲ့ခရီးကို တစ်နာရီပဲအကုန်ခံပါ (ရန်သူမျိုးငါးပါး,အကြောင်းမျိုးမျိုးကြောင့်အချိန်လက်ဟင်းတာကိုမဆိုလိုပါ)အကယ်၍တစ်နာရီထက်ပိုအချိန်ကုန်သွားတဲ့အချိန်ဟာသင့်ရဲ့အောင်မြင်မှု့နဲ့အလှမ်းဝေးသွားကြမဲ့အချိန်တွေပါပဲ ဒါကြောင့်အချိန်ကိုမဖြုန်းပါနဲ့။
၂။ အပျော်ပါးလျော့ပါ
ခေတ်လူငယ်ပဲအသောက်စားတော့ရှိမှာပဲ။ ထိုစကားဟာ လုံးဝမှားပါတယ်။ လူငယ်ဆိုတိုင်းသောက်စားနေကြရင် လူငယ်တိုင်းအကုန်သောက်စားသမားတွေ ဖြစ်ကုန်မှာပေါ့။ “အစရှိ တနောင်နောင်”တဲ့ အစမကောင်းရင်အနှောင်း မသေချာပါဘူး။ မိမိသူငယ်ချင်းဆေးသောက်တိုင်းမိမိက လိုက်သောက်စရာမလိုပါဘူး။အတုခိုးသင့်,မသင့်စဉ်းစား ပါ။
၃။ ငွေကိုအလွယ်တကူမသုံးပါနဲ့
မိမိချွေးနဲစာနဲ့ရလာတဲ့ငွေကိုပဲဖြစ်ဖြစ်အလွယ်တကူပဲရလာတဲ့ငွေပဲ ဖြစ်ဖြစ်တန်ဖိုးထားပါ။ သုံးပြီးလို့ပိုလာတာကို မစုပါနဲ့။မိမိသတ်မှတ်ထားတဲ့စီမံချက်တိုင်း စုလို့ပိုလာတဲ့ ငွေကိုသုံးပါ။ပိုက်ဆံမရှိတဲ့အခါကျန်တာတွေအဝေးကြီး စဉ်းစားမနေနဲ့ မိမိအမြဲတမ်းလိုလိုကျွေးမွေးခဲ့တဲ့သူဟာမိမိ အဆင်မပြေတဲ့အခါ သူဟာမိမိပေါ်ဘယ်လိုဆက်ဆံလဲ (သူငယ်ချင်းတိုင်းမဟုတ်ပါအများစုဖြစ်တတ်ကြပါတယ်)ကြုံဖူးသူတိုင်းသိကြမှာပါ။ နောက်တစ်ခုကမိမိရဲ့ မိသားစု ထဲမှာ ငွေမရှိတဲ့သားသမီးဟာ မောင်နှမ ညီအစ်ကိုတွေမိမိ ဘယ်လိုဆက်ဆံလဲ? ဒါတွေကိုသိနေရင်မိမိငွေတစ်ခါသုံးဖို့ ငွေစက္ကူတစ်ရွတ်ထုတ်တိုင်းအမှတ်ရပါ။
၄။ အားလပ်တဲ့အခါမှာ စာဖတ်ပါ
“စာအုပ်စာပေ လူ့မိတ်ဆွေ”တဲ့။ မိမိလမ်းမှားနေရင်စာအုပ် ဖတ်တဲ့အခါမိမိဖြစ်နေတဲ့ဖြစ်ရပ်နဲ့ကိုက်ညီသောစာသားတွေ့ခဲ့ရင်ရှေ့ကိုဘယ်လိုလုပ်ရမလဲဆိုတာတွေကိုအဲဒီစာပေတွေက မိမိကိုပြန်လည်လမ်းပြပေးမှာပါ။ အတွေ့အကြုံမရှိသော် လည်း စာပေရဲ့ဗဟုသုတကြောင့် လွယ်လင့်တကူပိုင်ပိုင် နိုင်နိုင်ဆုံးဖြတ်ချက်တစ်ခုကိုချနိုင်ပါတယ်။ ဒါကြောင့် မိမိအားလပ်နေတဲ့အချိန်တွေကိုမဖြုန်းတီးပဲစာဖတ်ပါ။
၅။ ခံပြင်းစိတ်ထားပါ
ခံပြင်းစိတ်ထားခြင်းဟာလဲမိမိလုပ်နေတဲ့အလုပ်အတွက်အားအင်တစ်ခုပါပဲ။မလုပ်တော့လို့စိတ်ဓာတ်ကျတဲ့အခါမိမိ ငွေမရှိတဲ့အခါ ပတ်ဝန်းကျင် သူငယ်ချင်း မိသားစုတွေက မိမိပေါ်ဘယ်လိုဆက်ဆံလဲ ?? ပြန်အမှတ်ရပြီး ကျသွား သောစိတ်ဓာတ်ကိုပြန်လည်ထူထောင်စေတယ်။ ဒါကြောင့် ခံပြင်းစိတ်ထား၍မိမိအလုပ်ကိုအရင်ကထက် (၂)ဆပိုမို လုပ်ပြီး ကြိုးစားလိုက်ပါ။
၆။ အပြောအဆိုသိမ်မွေ့ပါ
အပြောအဆိုသိမ်မွေ့ခြင်းဟာမိမိလုပ်ငန်းအတွက်မိတ်ဆွေတိုးပွား၍လုပ်ငန်းကိုလဲ ပိုမိုဖြစ်မြောက်စေပါတယ်။ ဥပမာ ငါ့ညီရေ အကိုတို့ဒီပစ္စည်းလေးဝယ်တုန်းကဘယ်လောက် ပေးရတယ် အကိုတို့ကအမြတ်ကိုဘယ်လောက်လေးပဲတင် ထားတာပါ။ ဒီလိုအေးအေးဆေးဆေးလေးသိမ်မွေ့စွာရှင်းပြ ခြင်းအားဖြင့် မိမိပစ္စည်းဟာအမြန်ရောင်းရစေပါတယ်။ အဲလိုမဟုတ်ပဲ “ငါဝယ်တာတောင် ဘယ်လောက်ပေးရတာ မင့်ကိုငါကဒီစျေးနဲ့ပေးရမယ်။ မင့်ကြိုက်ရင်ဝယ် မဝယ် ချင်နေ” ဒီလိုပြောတာနဲ့ အင်မတန်မှကွာခြားလှပါတယ်။ ထို့ကြောင့် မိမိရဲ့အောင်မြင်မှုတွေအမြန်ပိုင်ဆိုင်ဖို့အတွက် အပြောအဆို သိမ်မွေ့ခြင်းဟာလဲအရာရောက်ပါတယ်။
၇။ အလုပ်တစ်ခုကိုအကြွေးမထားပါနဲ့
မိမိလုပ်စရာရှိတဲ့အလုပ်ကို ချက်ချင်းထလုပ်လိုက်ပါ။တော်ကြာမှ ခဏနေမှဆိုတဲ့ပုံစံကို ဘယ်တော့မှမလုပ်ပါနဲ့။အဲလိုလုပ်ခြင်းဟာ မိမိရဲ့ပန်းတိုင်ကို မြန်မြန်မလိုချင်ပါ ဘူးလို့ ငြင်းပယ်လိုက်တာနဲ့အတူတူပါပဲ။အလုပ်တစ်ခု ဘယ်တော့မှ အကြွေးမထားပါနဲ့။ မိမိမလုပ်ပဲထိုင်နေတဲ့ အချိန်တွေက ဘယ်လိုတန်ဖိုးရှိလဲဆိုတာ တော်ကြာမှဆိုပြီး ပြစ်ထားလိုက်တဲ့အလုပ်ကိုစိတ်ပါမှထလုပ်ရင်း အချိန်တွေ မလောက်ငှပဲ နောက်အလုပ်တွေကိုနောက်နှေး စေပါတယ်။ လုပ်စရာရှိတဲ့အလုပ်မြန်မြန်သာထလုပ်လိုက်ပါ။
၈။ လက်ရှိအလုပ်ကိုသစ္စာပါ
အလုပ်ရှင်ဟာလဲ အလုပ်သမား-အလုပ်သမားဟာလဲ အလုပ်ရှင်ပါပဲ။ ရောင်းဝယ်သူအသံတူနေမှသာ လုပ်နေတဲ့ အလုပ်ဟာစည်းလုံးခြင်းကိုဖြစ်ပေါ်စေပါတယ်။အလုပ် သမားဟာလဲ မိမိအလုပ်နေတဲ့အလုပ်ကို မိမိကိုယ်ပိုင် ပစ္စည်းသဖွယ် စိတ်ထဲထင်မှတ်ကာသစ္စာရှိပါ။ အလုပ်ရှင် ဟာလဲ မိမိအလုပ်သမားတွေဟာ ငါရဲ့စီးပွားရေးလုပ်ငန်း အောင်မြင်ခြင်းအတွက် ထောက်ပံ့နေသောသူတွေပါလို့ တစ်ဦးမေတ္တာတစ်ဦးသိလို့ လက်ရှိအလုပ်ကိုသစ္စာရှိပါ။
၉။ အိပ်ယာထမပျင်းပါနဲ့
“ဝီရိယအကျိုး စောစောနိုး။ သူခိုးတုတ်နဲ့ပြစ်လတ္တံ”တဲ့ ရှေးဆိုရိုးစကားရှိပါတယ်။စောစောအိပ်ယာထပြီးအလုပ် လုပ်ခြင်းဟာ မိမိပြောမပြတတ်လောက်အောင်အကျိုး ကြီးမားလှပါတယ်။ ဥပမာ (၁)နာရီနားရမဲ့ဟာ (၁၀)နာရီနဲ့ နားရပါတယ်။ အချိန်တွေကိုပိုမိုရစေပါတယ်။စောစောထပြီး အလုပ်လုပ်တော့ နောက်ဆုံးပြောရရင်တစ်ခြားသူတွေ နေပူတာလောက်တောင်မခံရပါဘူး။ ထို့ကြောင့် အိပ်ယာ စောစောထပြီးအလုပ်ကိုကြိုးစားကြပါ။
၁၀။ ရည်မှန်းချက်ထားပါ
မိမိအောင်မြင်မှုရခြင်းအတွက် ရည်းမှန်းချက်ထားပါ။ဥပမာ- ငါခုအသက် (၂၀)ရှိပြီ ဒီနှစ်ကိုငါဆိုင်ကယ်တစ်စီး ပိုင်ဆိုင်ရမယ်။ နောက်(၂)နှစ်နေရင် ငါ့မှာကိုယ်ပိုင်အလုပ် လေးတစ်ခု ပိုင်ဆိုင်ရမယ်။ (၃)နှစ်ကြာရင် ငါမြေကွက်တစ် ကွက်ပိုင်ရမယ်။ ဒီ(၆)နှစ်မှာငါ့ဘဝခုလက်ရှိဘဝနဲ့မတူ ပြောင်းလဲစေရမယ်။ လူ့လောကမှာ အသက်(၃၀)ကျော် သွားရင် လုပ်ရကိုင်ရတာတွေ သိပ်အဆင်မပြေတော့ပါဘူး။ ဒီလိုစီမံကိန်းချ ရည်မှန်းချက်ထားပါ။ရည်မှန်းချက်မရှိရင် ဘာလုပ်,လုပ်အလကားပါပဲ။ ရည်မှန်းချက်ရှိရှိအလုပ်ကို လုပ်ပါ။
၁၁။ ကျန်းမာရေးဂရုစိုက်ပါ
Take care of your health
မြတ်စွာဘုရားဟောကြားခဲ့ပါတယ် “အာရောဂျံ ပရမံ လာဘံ” ကျန်းမာခြင်းသည်လာဘ်တစ်တစ်ပါးပါပဲ။ မိမိ ကျန်းမာရေးကိုဂရုစိုက်ပါ။ မိမိနေမကောင်းရင်အလုပ်လုပ် ဖို့မပြောနဲ့အုံး။ မိမိမဟုတ်တဲ့အခြားတစ်ယောက်ချက်ထား တဲ့ထမင်း ဟင်းတောင်စားရတာ အဆင်မပြေပါဘူး။ မိမိမှာ ဘယ်လောက်ပဲစည်းစိမ်တွေရှိနေပါ ကျန်းမာရေးမကောင်း ရင် အပြည့်အဝ ခံစားပိုင်ခွင့်မရှိပါဘူး။ မိမိလုပ်ချင်သော အလုပ် မိမိလိုချင်သောရည်ရွယ်ချက်တွေကိုဘာတစ်ခုမှ လုပ်လို့မရပါဘူး။ မိမိမကျန်းမာခြင်းဟာလိုချင်တဲ့ပန်းတိုင် ကို ဟန့်တားစေပါတယ်။ ဒါကြောင့်ကျန်းမာရေးဟာလဲ မိမိအောင်မြင်မှု့ရခြင်းတွက်အရေးပါလှပါတယ်။
ဒီဟာကိုဖတ်မိသူတိုင်းအောင်မြင်သောစီးပွားရေးပိုင်ရှင်တစ်ယောက်ဖြစ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်တယ်။
ကျန်းမာချမ်းသာလို့ ရွှင်လန်းချမ်းမြေ့ကြပါစေ။
#Zawgyi Version
၁။ အချိန်မဖြုန်းပါနဲ့
၂။ အပျော်ပါးလျော့ပါ
၅။ ခံပြင်းစိတ်ထားပါ
၆။ အပြောအဆိုသိမ်မွေ့ပါ
၉။ အိပ်ယာထမပျင်းပါနဲ
၁၀။ ရည်မှန်းချက်ထားပါ
Leave a Reply
Your email address will not be published. Required fields are marked *