success
အလုပ်မှာပျော်အောင်နေဖို့ နည်းလမ်း (၆)ခု
အလုပ်မှာပျော်အောင်နေဖို့ နည်းလမ်း (၆)ခု
ကျွန်တော်တို့ ဘဝမှာ လုပ်ငန်းခွင်ထဲဝင်ပြီးဆိုတာနဲ့ အချိန် တော်တော်များများ အလုပ်ထဲမှာ ဒါမှမဟုတ် အလုပ်နဲ့ပါတ် သတ်တဲ့နေရာတစ်ခုခုမှာရှိနေတာများပါတယ်။ အဲ့အတွက် ပျော်ရွှင်မှု ဆိုတာ လုပ်ငန်းခွင်ထဲမှာလဲဖန်တီးဖို့လိုအပ်လာ ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အလုပ်ထဲမှာ ပျော်အောင် နေဖို့ နည်းလမ်း (၇) ခုကို ဝေမျှပေးလိုက်ပါတယ်။
၁။ ကိုယ်ပျော်တဲ့အလုပ် လုပ်ပါ
ဆိုရိုးစကားလေးတစ်ခုရှိပါတယ်။ကိုယ်ပျော်တဲ့အလုပ်မှာ လုပ်ပါ။ ဒါမှမဟုတ် “ကိုယ်လုပ်တဲ့အလုပ်မှာပျော်အောင်နေ ပါ” ဆိုတာလေးပါ။ တစ်ခါတလေရွေးချယ်ရခက်ခဲတဲ့အခါ ကိုယ်မလုပ် ချင်တဲ့အလုပ်မျိုးရွေးပြီး လုပ်ခဲ့ရရင်တောင် အဲ့ဒီအလုပ်မှာ ပျော်အောင်နေဖို့လိုပါတယ်။ အလုပ်,လုပ်တဲ့ပိုင်း တစ်ခုထဲမှာ ငြီးငွေ့စရာကောင်းတယ် ဆိုရင်တော့ အတူတူအလုပ်,လုပ်နေတဲ့သူတွေနဲ့ မိတ်ဖွဲ့ပြီး ပျော်ရွှင်မှုဖန်တီးတာမျိုး လုပ်သင့်ပါတယ်။
၂။ စိတ်လှုပ်ရှားအောင်နေပါ
ကျွန်တော်တို့ တော်တော်များများအလုပ်တစ်ခုမှာ အချိန် အတိုင်းအတာတစ်ခု ကြာသွားပြီဆိုရင် ဒီအလုပ်ပဲနေ့စဉ် လုပ်နေရလို့ပျင်းသွားတာမျိုးဖြစ်တတ်ပါတယ်။ အဲ့လိုအခါ မျိုးဆို မိတ်ဆွေတို့အနေနဲ့ မလုပ်ဖူးတဲ့ အလုပ်လေးတွေ လုပ်ကြည့်တာ။ ဥပမာ ကိုယ် မကိုင်ဖူးတဲ့ Projectတစ်ခု မှာ ဝင်ကူညီပေးတာ။ ပိုခက်ခဲတဲ့ Task တွေကို မန်နေဂျာ ဆီက တောင်းပြီးလုပ်ကြည့်တာမျိုး လုပ်သင့်ပါတယ်။ စစခြင်းခက်ခဲရင်တောင် လုပ်ရင်းနဲ့စိတ်လှုပ်ရှားပြီး ပျော်စရာ ကောင်းလာပါလိမ့်မယ်။
၃။ စိတ်ညစ်စရာကောင်းတဲ့သူတွေနဲ့ ဝေးအောင်နေပါ
\
ရုံးတိုင်းမှာ ကိုယ်နဲ့အဆင်မပြေတဲ့သူတွေတစ်ယောက် မဟုတ်တစ်ယောက် ရှိတတ်ပါတယ်။အဲ့လိုရှိတဲ့အခါမိတ်ဆွေ တို့အနေနဲ့ သူတို့နဲ့ငြင်းခုန်တာတွေ လုပ်တာမျိုး စိတ်အခန့် မသင့်ရင် စကားစစ်ထိုးတာမျိုးလုပ်မိကြမှာပါ။ ဒီနေရာမှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာထက် မိတ်ဆွေတို့ အနေနဲ့စိတ်ညစ်ရမှာဖြစ်တဲ့အတွက် ဝေးဝေးရှောင်ဖို့လိုပါ လိမ့်မယ်။ သူတို့တွေကလာတိုက်ခိုင်ရင်တောင် အတတ် နိုင်ဆုံး မတုံ့ပြန်ရင် ပိုကောင်းပါတယ်။
၄။ လူတွေကို ကူညီပါ
အချိန်ရရင်ရသလို အလုပ်ကလူတွေကို ကူညီတာကလဲ ပျော်ရွှင်နိုင်တယ်လို့ သုတေသန တစ်ခုက ဆိုပါတယ်။ အဓိက,က ကူညီလိုက်တဲ့အချိန်မှာ မသိသာပါဘူး။ ကူညီလို့ တဖက်လူ အဆင် ပြေသွားတဲ့အချိန် ကိုယ့်ကိုလာ ကျေးဇူး တင်တဲ့အခါ ကြည်နူးရတဲ့အခိုက်အတန့်မှာ ပျော်ရွှင်မှုကို ရကြတာပါ။ ဒါကြောင့် မိတ်ဆွေ အလုပ်က လုပ်ဖော်ကိုင် ဖက်တွေကိုကူညီကြည့်ပါ။
၅။ မိမိ အထက်လူကြီးထံမှ Feedback တောင်းပါ
ကိုယ်က အလုပ်မှာကြိုးစားသူတစ်ယောက် ဖြစ်တယ်ဆိုရင် တန်ဖိုးရှိတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်လာမှာပါ။အဲ့လိုဖြစ်လာ တဲ့အခါ ကိုယ် ကြိုးစားတာကို လူကြီးက သိလားမသိလားဆိုပြီး မေးဖို့လိုပါတယ်။ မေးလိုက်လို့ Positive Feedback ကြားရတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာပြီး ပျော်ရွှင်မှုကို ရလာစေပါတယ်။
၆။ အပေါ်က တစ်ခုမှအဆင်မပြေရင်
နည်းလမ်းပေါင်းစုံ ကြိုးစားပြီး တစ်ခုမှ အလုပ်မဖြစ်ဘူး ဆိုရင် အလုပ် စရှာပြီးတော့လဲ ပျော်အောင်နေလို့ ရပါ သေးတယ်။
မိတ်ဆွေတို့ကော အလုပ်မှာ ဘာအခက်အခဲတွေ တွေ့ကြုံ နေရလဲ Comment မှာဝေမျှပေးခဲ့ကြပါဦး။
Credit: Original Uploader
Sharing By: One Daily Media
#Zawgyi Version
6 Ways to Enjoy Your Work
၎။ လူတွေကို ကူညီပါ
Leave a Comment