Wed. Oct 27th, 2021
လောကမှာ မင်းထက်တော်တဲ့သူ မရှိဘူး။ မင်းထက်ကြိုးစားနေတဲ့သူတော့ ရှိလိမ့်မယ်။
#Unicode Version
လောကမှာ မင်း ထက်တော်တဲ့သူ မရှိဘူး။
မင်း ထက်ကြိုးစားနေတဲ့သူတော့ ရှိလိမ့်မယ်။
မင်းထက် အရည်အချင်းပြည့်စုံသူဆိုတာ မရှိဘူး။
မင်းလိုပဲ အရည်အချင်းပြည့်စုံအောင် ကြိုးစားနေသူတွေပဲ ရှိတယ်။
မင်းတစ်ယောက်တည်း စိတ်ညစ်စရာ၊ ပျော်စရာရှိတာ မဟုတ်ဘူး။ မင်းလိုပဲ စိတ်ညစ်စရာ၊ ပျော်စရာတွေကြားမှာ အဆင်ပြေအောင် နေ,နေရသူတွေချည်းပဲ ရှိတယ်။
မင်းတစ်ယောက်တည်း မျက်ရည်ကျဖူးတာ မဟုတ်ဘူး။
လူဆိုတာ မွေးလာကတည်းက အငိုနဲ့စပြီး အငိုနဲ့အဆုံးသတ် ကြတာသဘာဝပဲ။
မင်း တစ်ယောက်တည်း ကျရူံးဖူးတာ မဟုတ်ဘူး။
ဘဝမှာ ရူံးနိမ့်ခြင်းဆိုတာကို လူသားတိုင်း ခံစားဖူးကြတာ ချည်းပဲ။
မင်း တစ်ယောက်တည်း ဖြစ်ချင်တာတွေ မဖြစ်ခဲ့ရတာ မဟုတ်ဘူး။ လူသားတိုင်း ဖြစ်ချင်တာတွေ သေဆုံးချိန် အထိ မဖြစ်ခဲ့ရတာတွေ အများကြီးရှိတယ်။
ဘဝရဲ့ စိန်ခေါ်သံတွေကို ဘယ်တော့မှ အရှုံးမပေးနဲ့ ။ မင်းအမေက မင်းကို ဘဝကို လွယ်လွယ်နဲ့ အရှုံးပေးဖို့ အသက်နဲ့ရင်းပြီး မွေးလာခဲ့တာမဟုတ်ဘူး။ ခုချက်ခြင်း မင်းမျက်ရည်တွေ သုတ်လိုက်။ မနက်ဖန်တိုင်းမှာ မင်းအတွက် ကံကောင်းခြင်းတွေ စီးကြိုနေတယ်။ မင်းကြိုးစားလိုက်စမ်းပါ။
မင်း လည်း လူပဲ။ အခြားသူတွေလည်း လူတွေပဲ။
လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်သန်နေတာဆိုရင် မျှော်လင့်ခြင်း အိပ်မက်ကို တကယ်လက်တွေ့ဖြစ်အောင် လုပ်နိူင်သူရယ်၊ မလုပ်နိုင်သူရယ်ပဲရှိတယ်။အိပ်မက်ကြားမှာ နိုးမထနိူင်ပဲ သံသရာ လည်နေတဲ့သူတော့ “မင်း”မဖြစ်စေနဲ့ ။”မိတ်ဆွေ”
သင့်အတွက် စိတ်ခွန်အား၊ အားဆေး တစ်ခွက် ဖြစ်ခဲ့လျှင် ပြန်လည် ဝေမျှပေးပါ။
#Zawgyi Version
မင်းဘာကြောင့် အားငယ်နေမှာလဲ ?
မင်းဘာကြောင့်တွေဝေနေမှာလဲ?
မင်းဘာကြောင့် စိတ်ညစ်နေမှာလဲ?
မင်းဘာကြောင့် စိတ်ဓါတ်ကျနေမှာလဲ?
မင်းဘာကြောင့် ကြောက်ရွံ့နေရတာလဲ ?
လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်သန်နေတာဆိုရင် မျှော်လင့်ခြင်း အိပ်မက်ကို တကယ်လက်တွေ့ဖြစ်အောင် လုပ်နိုင်သူရယ်၊ မလုပ်နိုင်သူရယ်ပဲရှိတယ်။အိပ်မက်ကြားမှာ နိုးမထနိုင်ပဲ သံသရာ လည်နေတဲ့သူတော့ “မင်း”မဖြစ်စေနဲ့ ။”မိတ်ဆွေ”
Leave a Reply
Your email address will not be published. Required fields are marked *