Tue. Oct 26th, 2021
#Unicode Version
“မင်း အခုအချိန်ကနေ နောက် ၂ နှစ်ကြာတဲ့အခါ ကွာခြားချက်တွေဟာ မင်း ဘာစာအုပ်တွေ ဖတ်တယ်၊ဘယ်လိုလူတွေနဲ့ ပေါင်းတယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်” တဲ့။
ဒီစကားအတိုင်းဆိုရင် ကျွန်တော်အခုလို အကြံပေးချင်ပါတယ်။
၁။ စာအုပ်ဖတ်ခြင်း
လူတွေက ပြောကြတယ်။ သူတို့ စာအုပ်တွေ အများကြီး ဖတ်ချင်ကြတယ်တဲ့။ တကယ်လည်း နှစ်သစ်ဆုတောင်း New Year Resolutions List မှာ တစ်နှစ်အတွင်း စာအုပ်ဘယ်နှအုပ်ဖတ်ပြီးရမယ်လို့ ဆုံးဖြတ်ချက်ချထား တတ်ကြပါတယ်။ ဒါပေမဲ့ ၀မ်းနည်းစရာကောင်းတာက အဲဒီ ဆုံးဖြတ်ချက်အတိုင်း လုပ်တဲ့လူဟာ ၁ ရာခိုင်နှုန်း မရှိပါဘူး။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ အလွန်အောင်မြင် ကြီးပွားသူတွေဟာ ၁ ရာခိုင်နှုန်းတောင် မရှိကြပါဘူး။စာအုပ်ဖတ်တယ်ဆိုလို့ ညစဉ်ညတိုင်း တစ်ညလုံး မအိပ်ဘဲ စာအုပ်ကို ဖတ်နေဖို့ မလိုပါဘူး။ အနည်းဆုံး ည မအိပ်ခင် ၁၅ မိနစ်လောက် စာဖတ်ရုံနဲ့ ၂ နှစ်အကြာမှာ မင်းရဲ့ ဦးနှောက်ဟာ အများကြီး ဖွံ့ဖြိုးတိုးတက်လာပါမယ်။
စာမဖတ်ကြတဲ့ မင်းသူငယ်ချင်းတွေထက် စဉ်းစားတွေးခေါ်တာ အခွင့်အလမ်းတွေမြင်တွေ့တာတွေမှာ သာလွန်လာပါလိမ့်မယ်။ ငါ အကြံပေးချင်တာတော့ စာအုပ် တွေ အများကြီးကို မဖတ်နိုင်ရင် အောင်မြင်ကြီးပွားသူတွေအကြောင်း ရေးထားတဲ့ အထ္ထုပ္ပတ္တိစာအုပ်တွေကို ဖတ်စေချင်ပါတယ်။ ဒါမှလည်း မင်းဟာ သူတို့ကို အားကျအတုယူ ပြီး အောင်မြင်သူတစ်ယောက် ဖြစ်လာမှာပါ။
၂။ အပေါင်းအသင်း
အမှန်တရားတစ်ခု ရှိပါတယ်။ မင်း နေ့စဉ် ပေါင်းသင်း ဆက်ဆံနေသူတွေလိုပဲ မင်းလည်း ဖြစ်လာမယ်တဲ့။ အရက် သမားတွေ ပေါင်းနေသူဟာ အရက်သမား ဖြစ်လာမယ်။ မူးယစ်ဆေးစွဲ နေသူတွေနဲ့ ပေါင်းနေသူဟာ မူးယစ်ဆေးစွဲသူ ဖြစ်လာမှာပါ။ စာတော်တဲ့ ကျောင်းသားနဲ့ပေါင်းရင် မင်း လည်း စာတော်လာမှာ သေချာတယ်။ အခု လက်ရှိအချိန်မှာ မင်း ဘယ်လို လူတွေနဲ့ ပေါင်းသင်းဆက်ဆံနေသလဲဆိုတာ ပြန်စဉ်းစားပါ။
သေချာတာက မင်းဟာ နောက် ၂ နှစ်အကြာမှာ သူတို့လိုပဲ ဖြစ်လာမှာပါ။ ဘယ်လိုလူတွေနဲ့ ပေါင်းသင်းသလဲဆိုတာ မင်းရဲ့ အနာဂတ်ကို ရွေးချယ်ခြင်းပါ။ စာအုပ်ဖတ်ခြင်းနဲ့ အပေါင်း အသင်းတွေဟာ မင်းရဲ့ သာယာတဲ့ဘဝ၊ လှပတဲ့ အနာဂတ်ကို တည်ဆောက်ရေးမှာ အရေးပါလှပါတယ်။
#Zawgyi Version
“the difference between who you are now and you will be in 2 years’ time is dependant on the books you read and the people you hang out with.”
ဒီစကားအတိုင်းဆိုရင် ကျွန်တော်အခုလို အကြံပေးချင်ပ‌တေယ်။
၁။ စာအုပ်ဖတ်ခြင်း
၂။ အပေါင်းအသင်း
Leave a Reply
Your email address will not be published. Required fields are marked *