success

လက်ရှိဘဝအခြေအနေကနေ သင့်ဘဝကို ပိုပြီး ထူးခြားတိုးတက်လာစေမယ့် နည်းလမ်း (၆)ခု

Unicode Version

နေ့စဉ် ဖြတ်သန်းနေရတဲ့ သင့်ဘဝကြီးက ဘာမှ ထူးခြားမှု မရှိဘူးလို့ ခံစားနေရပါသလား?? တစ်နေ့ တစ်နေ့ စက်ရုပ်တစ်ရုပ်လို ပုံမှန် မလုပ်မဖြစ် လုပ်စရာရှိတာတွေ လုပ်နေပေမယ့် ဘာမှ တိုးတက်မှု မရှိဘူးလို့ ခံစားနေရတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နေပါသလား။ ဒီလိုတွေ ခံစားနေရပေမယ့် သင်က ဘဝမှာ တိုးတက်မှုကို လိုလားသလို တိုးတက်ချင်တဲ့သူဆိုရင်တော့ ဒီအချက်တွေကို ပြုလုပ်ရင်း ဒီထက်ပိုကောင်းတဲ့ ဘဝဆီကို ဆက်တက်လှမ်းသွားသင့်ပါတယ်။

(၁) လေ့လာမှုတွေကို မရပ်တန့်ပါနဲ့

ဘဝကို ပိုပိုပြီး တိုးတက်စေချင်ရင်တော့ မဖြစ်မနေ လုပ်ရမှာက လေ့လာမှုတွေကို အမြဲမပြတ် လုပ်သင့်တာပဲ ဖြစ်ပါတယ်။ လူတွေအကြောင်းတွေကိုလည်း လေ့လာသင့်သလို ကိုယ့်အလုပ်နဲ့ ဆိုင်တဲ့ ပညာရပ်တွေကိုလည်း တစ်နေ့ထက်တစ်နေ့ ပိုသိနားလည်လာတဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားအားထုတ်ရပါမယ်။ ဒါ့အပြင် ခေတ်မီနေတဲ့ ခေတ်ကြီးထဲမှာ ပညာရပ်တွေ တတ်ကျွမ်းရုံနဲ့ ဘဝကောင်းကောင်းတစ်ခုရဖို့ဆိုတာ မလွယ်ကူပါဘူး။ ဘာသာစကားပိုင်းကိုလည်း မကျွမ်းကျင်ရင်တောင် တတ်မြောက်အောင် လေ့လာထားဖို့ လိုအပ်ပါတယ်။

(၂) စိတ်ကို ငြိမ်အောင်ထားပါ

 

စိတ်တွေ အမြဲ ရှုပ်ထွေးနေရင် ဘာမှ ကောင်းမွန်အောင် တွေးတော့နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် စိတ်တည်ငြိမ်မှု မရှိရင် ဘဝအတွက် အထောက်အကူဖြစ်မယ့် လေ့လာမှုတွေ လုပ်ရာမှာလည်း အာရုံစိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘဝ အောင်မြင်ဖို့ ဆိုရင် စိတ်တည်ငြိမ်ဖို့လည်း အများကြီး လိုအပ်နေပါတယ်။

(၃) လူမှုရေးမှာ အရှုပ်အရှင်း ကင်းအောင်နေပါ

လူဖြစ်လာပြီမို့ လူမှုရေးတွေကတော့ ရှိနေတာပါပဲ။ ဒါပေမဲ့ ဘဝမှာ အောင်မြင်ချင်ရင်တော့ ကြိုးစားရမယ့်အရာထဲမှာ လူမှုရေးမှာ ကောင်းမွန်ခြင်းလည်း ပါဝင်နေပါတယ်။ လူမှုရေးမှာ အရှုပ်အရှင်း ကင်းတဲ့အခါ မကောင်းသော သတင်းနဲ့ ကိုယ့်ကို တိုက်ခိုက်ဖျက်စီးချင်တဲ့သူတွေ မလုပ်နိုင်ကြတော့ပါဘူး။ ဒါ့အပြင် အရှုပ်အရှင်းရှိတဲ့သူက စိတ်အာရုံတွေ ထွေပြားရပြီး လူမှုရေးကိစ္စတွေကိုလည်း များစွာ အာရုံစိုက်ပြီး အချိန်ပေးရပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ဘဝရဖို့ ကြိုးစားရမယ့် လေ့လာရမယ့် အရာတွေအတွက် အာရုံစိုက်ပြီး အချိန်ပေးရမှာတွေမှာ လျော့ရဲသွားတာကြောင့် အောင်မြင်တဲ့ဘဝကို ရဖို့မှာ အခက်အခဲတွေ ရှိသွားနိုင်ပါတယ်။

(၄) အခွင့်အလမ်းတွေကို အမြဲစောင့်ကြည့်နေပါ

 

အောင်မြင်တယ်ဆိုတာ တစ်နေရာတည်းမှာ ရပ်နေပြီး အောင်မြင်သွားကြတာ မဟုတ်ပါဘူး။ အခုထက် ပိုကောင်းတဲ့အခြေအနေကို လိုချင်ရင်တော့ အခုထက်ပိုကောင်းတဲ့ အခွင့်အရေးတွေကို ရဖို့ လိုအပ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးဆိုတာ ကိုယ့်မှာ လက်ရှိအခြေအနေထက် ပိုပြီး သာလွန်နေတဲ့ အရည်အချင်းတွေ ရှိနေမှ ရွေးချယ်လို့ ရတာပါ။ ဒါကြောင့် ကိုယ့်ဆီ ရောက်လာမယ့် အခွင့်အရေးကို အမြဲ စောင့်ကြည့်နေရမှာ ဖြစ်သလို အခွင့်အရေးကို ဖမ်းဆုပ်နိုင်တဲ့ အရည်အချင်းတွေလည်း ဖြည့်ထားရမှာ ဖြစ်ပါတယ်။

(၅) ပိုကောင်းမယ့် အခွင့်အရေးကိုပဲ အမြဲရွေးပါ

 

ကိုယ့်မှာ အခုအခြေအနေထက် ပိုပြီး သာတဲ့ အရည်အချင်းတွေ ရှိလာတဲ့အခါ ကိုယ့်အတွက် ရွေးချယ်လို့ ရမယ့် အခွင့်အလမ်းတွေက ရှိလာမှာပါ။ ဒါပေမဲ့ ဘယ်လို အခွင့်အရေးတွေက ကိုယ့်ကို ပိုအကျိုးရှိစေပြီး ကိုယ့်အတွက် သင့်လျော်မှာလဲ ဆိုတာကိုတော့ ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်အတွက် အခွင့်အရေးကောင်း ဖြစ်နေပေမယ့် ကိုယ့်ရဲ့ တခြားကိစ္စကို ပြန်ထိခိုက်နိုင်တဲ့ အခွင့်အရေးတွေလည်း ရှိနေတတ်ပါတယ်။ ဒါကြောင့် အခွင့်အရေးကောင်းဆိုတာ ကိုယ့်ကို ဘာအတွက်မှ မထိခိုက်စေပဲ တိုးတက်မှုကို ဖြစ်စေတဲ့အရာ ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒီလို အခွင့်အရေးမျိုးကိုလည်း ရွေးတတ်ဖို့ လိုပါတယ်။

(၆) ငွေစုပါ ( ချွေတာသုံးစွဲတတ်ပါစေ)

 

ငွေကြေးနဲ့ ဖလှယ်ပြီး လည်ပတ်နေတဲ့ လောက ဖြစ်တဲ့ အတွက် ဘဝမှာ ငွေကြေးရှိမှုကလည်း အရေးပါနေပါတယ်။ ဒါကြောင့် တိုးတက်မှုကို လိုချင်ရင် ရင်းနှီးမြှပ်နှံရမယ့် အထဲမှာ ငွေကြေးလည်း ပါဝင်ပါတယ်။ တစ်ချို့သော လေ့လာမှုတွေအတွက် ငွေကြေးက ပါဝင်နေပါတယ်။ ဒါကြောင့် အခုထက် ပိုသာတဲ့ဘဝကိုသွားချင်ရင် ငွေကြေးဖြုန်းတီးမှု မရှိဖို့လည်း လိုအပ်ပါတယ်။ ငွေကို မလိုအပ်တာတွေပဲ မသုံးပဲ စုဆောင်းထားသင့်ပါတယ်။ စုဆောင်းထားတဲ့ ငွေကြေးတွေကို အခုထက် ပိုသာတဲ့ဘဝကို သွားဖို့ လှေကားထစ်တွေအဖြစ် အသုံးချဖို့ လိုအပ်ပါတယ်။

Credit: Original Writer
Sharing By: #One Daily Media

#Zawgyi Version

လက္ရွိဘဝအေျခအေနကေန သင့္ဘဝကို ပိုၿပီး ထူးျခားတိုးတက္လာေစမယ့္ နည္းလမ္း(၆)ခု

ေန႕စဥ္ ျဖတ္သန္းေနရတဲ့ သင့္ဘဝႀကီးက ဘာမွ ထူးျခားမႈ မရွိဘူးလို႔ ခံစားေနရပါသလား??
တစ္ေန႕ တစ္ေန႕ စက္႐ုပ္တစ္႐ုပ္လို ပုံမွန္ မလုပ္မျဖစ္ လုပ္စရာရွိတာေတြ လုပ္ေနေပမယ့္ ဘာမွ တိုးတက္မႈ မရွိဘူးလို႔ ခံစားေနရတဲ့ ေန႕ရက္ေတြကို ပိုင္ဆိုင္ေနပါသလား။ ဒီလိုေတြ ခံစားေနရေပမယ့္ သင္က ဘဝမွာ တိုးတက္မႈကို လိုလားသလို တိုးတက္ခ်င္တဲ့သူဆိုရင္ေတာ့ ဒီအခ်က္ေတြကို ျပဳလုပ္ရင္း ဒီထက္ပိုေကာင္းတဲ့ ဘဝဆီကို ဆက္တက္လွမ္းသြားသင့္ပါတယ္။

(၁) ေလ့လာမႈေတြကို မရပ္တန့္ပါနဲ႕

ဘဝကို ပိုပိုၿပီး တိုးတက္ေစခ်င္ရင္ေတာ့ မျဖစ္မေန လုပ္ရမွာက ေလ့လာမႈေတြကို အၿမဲမျပတ္ လုပ္သင့္တာပဲ ျဖစ္ပါတယ္။ လူေတြအေၾကာင္းေတြကိုလည္း ေလ့လာသင့္သလို ကိုယ့္အလုပ္နဲ႕ ဆိုင္တဲ့ ပညာရပ္ေတြကိုလည္း တစ္ေန႕ထက္တစ္ေန႕ ပိုသိနားလည္လာတဲ့ သူတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားအားထုတ္ရပါမယ္။ ဒါ့အျပင္ ေခတ္မီေနတဲ့ ေခတ္ႀကီးထဲမွာ ပညာရပ္ေတြ တတ္ကြၽမ္း႐ုံနဲ႕ ဘဝေကာင္းေကာင္းတစ္ခုရဖို႔ဆိုတာ မလြယ္ကူပါဘူး။ ဘာသာစကားပိုင္းကိုလည္း မကြၽမ္းက်င္ရင္ေတာင္ တတ္ေျမာက္ေအာင္ ေလ့လာထားဖို႔ လိုအပ္ပါတယ္။

(၂) စိတ္ကို ၿငိမ္ေအာင္ထားပါ

စိတ္ေတြ အၿမဲ ရႈပ္ေထြးေနရင္ ဘာမွ ေကာင္းမြန္ေအာင္ ေတြးေတာ့နိုင္မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ စိတ္တည္ၿငိမ္မႈ မရွိရင္ ဘဝအတြက္ အေထာက္အကူျဖစ္မယ့္ ေလ့လာမႈေတြ လုပ္ရာမွာလည္း အာ႐ုံစိုက္နိုင္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ဘဝ ေအာင္ျမင္ဖို႔ ဆိုရင္ စိတ္တည္ၿငိမ္ဖို႔လည္း အမ်ားႀကီး လိုအပ္ေနပါတယ္။

(၃) လူမႈေရးမွာ အရႈပ္အရွင္း ကင္းေအာင္ေနပါ

လူျဖစ္လာၿပီမို႔ လူမႈေရးေတြကေတာ့ ရွိေနတာပါပဲ။
ဒါေပမဲ့ ဘဝမွာ ေအာင္ျမင္ခ်င္ရင္ေတာ့ ႀကိဳးစားရမယ့္အရာထဲမွာ လူမႈေရးမွာ ေကာင္းမြန္ျခင္းလည္း ပါဝင္ေနပါတယ္။ လူမႈေရးမွာ အရႈပ္အရွင္း ကင္းတဲ့အခါ မေကာင္းေသာ သတင္းနဲ႕ ကိုယ့္ကို တိုက္ခိုက္ဖ်က္စီးခ်င္တဲ့သူေတြ မလုပ္နိုင္ၾကေတာ့ပါဘူး။ ဒါ့အျပင္ အရႈပ္အရွင္းရွိတဲ့သူက စိတ္အာ႐ုံေတြ ေထြျပားရၿပီး လူမႈေရးကိစၥေတြကိုလည္း မ်ားစြာ အာ႐ုံစိုက္ၿပီး အခ်ိန္ေပးရပါတယ္။ ဒါေၾကာင့္ ေကာင္းမြန္တဲ့ဘဝရဖို႔ ႀကိဳးစားရမယ့္ ေလ့လာရမယ့္ အရာေတြအတြက္ အာ႐ုံစိုက္ၿပီး အခ်ိန္ေပးရမွာေတြမွာ ေလ်ာ့ရဲသြားတာေၾကာင့္ ေအာင္ျမင္တဲ့ဘဝကို ရဖို႔မွာ အခက္အခဲေတြ ရွိသြားနိုင္ပါတယ္။

(၄) အခြင့္အလမ္းေတြကို အၿမဲ ေစာင့္ၾကည့္ေနပါ

ေအာင္ျမင္တယ္ဆိုတာ တစ္ေနရာတည္းမွာ ရပ္ေနၿပီး ေအာင္ျမင္သြားၾကတာ မဟုတ္ပါဘူး။ အခုထက္ ပိုေကာင္းတဲ့အေျခအေနကို လိုခ်င္ရင္ေတာ့ အခုထက္ပိုေကာင္းတဲ့ အခြင့္အေရးေတြကို ရဖို႔ လိုအပ္ပါတယ္။ ပိုမိုေကာင္းမြန္တဲ့ အခြင့္အေရးဆိုတာ ကိုယ့္မွာ လက္ရွိအေျခအေနထက္ ပိုၿပီး သာလြန္ေနတဲ့ အရည္အခ်င္းေတြ ရွိေနမွ ေ႐ြးခ်ယ္လို႔ ရတာပါ။ ဒါေၾကာင့္ ကိုယ့္ဆီ ေရာက္လာမယ့္ အခြင့္အေရးကို အၿမဲ ေစာင့္ၾကည့္ေနရမွာ ျဖစ္သလို အခြင့္အေရးကို ဖမ္းဆုပ္နိုင္တဲ့ အရည္အခ်င္းေတြလည္း ျဖည့္ထားရမွာ ျဖစ္ပါတယ္။

(၅) ပိုေကာင္းမယ့္ အခြင့္အေရးကိုပဲ အၿမဲ ေ႐ြးပါ

ကိုယ့္မွာ အခုအေျခအေနထက္ ပိုၿပီး သာတဲ့ အရည္အခ်င္းေတြ ရွိလာတဲ့အခါ ကိုယ့္အတြက္ ေ႐ြးခ်ယ္လို႔ ရမယ့္ အခြင့္အလမ္းေတြက ရွိလာမွာပါ။ ဒါေပမဲ့ ဘယ္လို အခြင့္အေရးေတြက ကိုယ့္ကို ပိုအက်ိဳးရွိေစၿပီး ကိုယ့္အတြက္ သင့္ေလ်ာ္မွာလဲ ဆိုတာကိုေတာ့ ေ႐ြးခ်ယ္ဖို႔ လိုအပ္ပါတယ္။ ကိုယ့္အတြက္ အခြင့္အေရးေကာင္း ျဖစ္ေနေပမယ့္ ကိုယ့္ရဲ႕ တျခားကိစၥကို ျပန္ထိခိုက္နိုင္တဲ့ အခြင့္အေရးေတြလည္း ရွိေနတတ္ပါတယ္။ ဒါေၾကာင့္ အခြင့္အေရးေကာင္းဆိုတာ ကိုယ့္ကို ဘာအတြက္မွ မထိခိုက္ေစပဲ တိုးတက္မႈကို ျဖစ္ေစတဲ့အရာ ျဖစ္ေနဖို႔ လိုအပ္ပါတယ္။ ဒီလို အခြင့္အေရးမ်ိဳးကိုလည္း ေ႐ြးတတ္ဖို႔ လိုပါတယ္။

(၆) ေငြစုပါ ( ေခြၽတာသုံးစြဲတတ္ပါေစ)

ေငြေၾကးနဲ႕ ဖလွယ္ၿပီး လည္ပတ္ေနတဲ့ ေလာက ျဖစ္တဲ့ အတြက္ ဘဝမွာ ေငြေၾကးရွိမႈကလည္း အေရးပါေနပါတယ္။ ဒါေၾကာင့္ တိုးတက္မႈကို လိုခ်င္ရင္ ရင္းႏွီးျမႇပ္ႏွံရမယ့္ အထဲမွာ ေငြေၾကးလည္း ပါဝင္ပါတယ္။ တစ္ခ်ိဳ႕ေသာ ေလ့လာမႈေတြအတြက္ ေငြေၾကးက ပါဝင္ေနပါတယ္။ ဒါေၾကာင့္ အခုထက္ ပိုသာတဲ့ဘဝကိုသြားခ်င္ရင္ ေငြေၾကးျဖဳန္းတီးမႈ မရွိဖို႔လည္း လိုအပ္ပါတယ္။ ေငြကို မလိုအပ္တာေတြပဲ မသုံးပဲ စုေဆာင္းထားသင့္ပါတယ္။ စုေဆာင္းထားတဲ့ ေငြေၾကးေတြကို အခုထက္ ပိုသာတဲ့ဘဝကို သြားဖို႔ ေလွကားထစ္ေတြအျဖစ္ အသုံးခ်ဖိဳ႕ လိုအပ္ပါတယ္။

Credit: Original Writer

Leave a Comment