Daily News








Shoon (Cele Daily)


Unicode


ချင်ပန်ဇီတစ်ကောင်ကို အပတ်စဥ်လာတွေ့လေ့ရှိပြီး အနမ်းပေးနေသည်ကို မြင်တွေ့သွားခဲ့သောကြောင့် တိရိစ္ဆာန်ရုံသို့ လာရောက်ခွင့်ကို ပိတ်ပင်ခံလိုက်ရသောကြောင့် ဝမ်းနည်းနေသည့် အမျိုးသမီး


တိရိစ္ဆာန်လေးများသည် အလွန်ချစ်စဖွယ်ကောင်းပြီး လူသားတို့အပေါ်တွင် သံယောဇဥ်ရှိနေကြသူများလည်း ဖြစ်ပါတယ်။ယခုတွက်လည်း ဘယ်ဂျီယံနိုင်ငံမှ အသက် 83 နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် တိရိစ္ဆာန်ရုံထဲမှ ချင်ပန်ဇီတစ်ကောင်တို့၏ သံယောဇဥ်လေးကို ဖော်ပြပေးထားတာဖြစ်ပါတယ်။


အမျိုးသမီးဟာ တိရိစ္ဆာန်ရုံထဲတွင် ချင်ပန်ဇီတစ်ကောင်ကို မြင်တွေ့ပြီးနောက်တွင် ချစ်ခင်သွားခဲ့ပါတယ်။ထို့ကြောင့် ၄နှစ်ကြာသည်အထိ အပတ်စဥ်လာရောက်တွေ့ဆုံလေ့ရှိနေခဲ့တာဖြစ်ပါတယ်။


တစ်ရက်တွင် အမျိုးသမီးဟာ ချင်ပန်ဇီလေးကို မှန်ခြားနေသည့်ကြားမှ နမ်းနေသည်ကို ဝန်ထမ်းတစ်ဦးက မြင်တွေ့သွားခဲ့သောအခါ တိရိစ္ဆာန်ရုံသို့ လည်ပတ်ခွင့်ကို ပိတ်ပင်ခံလိုက်ရပါတယ်။အမျိုးသမီးဟာ တိရိစ္ဆာန်ရုံထဲဝင်ရန် ပိတ်ပင်ခံလိုက်ရသောကြောင့် ဝမ်းနည်းကာ ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Leave a Comment