Daily News

စက်ဖြင့် ဆွဲထားတယ်လို့တောင် ထင်မိသွားစေမဲ့ အနုစိတ်ကျလွန်းတဲ့သစ်သားပန်းပုကို လှပစွာ ထုလုပ်ပြခဲ့သူ

Kenya နိုင်ငံမှာ မွေးပြီး လက်ရှိ New Zealand မှာ အခြေစိုက်နေတဲ့ ပန်းချီ နှင့် သစ်သားပန်းချီဆရာတစ်ဦးဖြစ်တဲ့ Gordon Pembridge ဟာ သဘာဝတရားကြီးနဲ့ ရာသက်ပန်နှောင်ကြိုးတစ်ခုရှိနေပုံပါဘဲ။ Pembridge ဟာ သဘာဝပတ်ဝန်းကျင် နှင့် ဒေသတွင်းတောရိုင်းတိရိစ္ဆာန်တွေရဲ့သရုပ်ဖော်ပုံများပါဝင်တဲ့ အောင်မြင်မှုတစ်ခုရရှိစေဖို့ သူ့ရဲ့ပတ်ဝန်းကျင်ကိုသာ မျှော်ကြည့်ခဲ့ပါတယ်။ဥပမာအားဖြင့် Pembridge ဟာ ဒေသတွင်းထွက်တဲ့သစ်သားတွေကို သူလိုချင်တဲ့ပုံသဏ္ဍာန်အတိုင်း ထွင်းထုပြီး ၎င်းပေါ်ကို သစ်ရွက်များ ၊ တိရိစ္ဆာန်များ နှင့် သူ့ရဲ့မွေးရပ်မြေက သဘာဝအလှတရားရဲ့ပုံရိပ်တွေကို စက်ပစ္စည်းနဲ့မဟုတ်ဘဲ သူ့လက်များဖြင့် အနုစိတ်ကျတဲ့ ပန်းပုတွေကို ဖန်တီးခဲ့ပါတယ်။သူ့ရဲ့သေသပ်လွန်းတဲ့အနုစိတ်လက်ရာတွေကြောင့် ၎င်းပန်းပုတွေက သစ်သားဖြင့်ထုထွင်းထားတယ်လို့တောင် ယုံကြည်ဖို့ အလွန်ခဲယဉ်းလှပါတယ်။ဒီတော့ Pembridge ရဲ့အံ့ဩစရာကောင်းပြီး သေသပ်လွန်းတဲ့ပန်းပုလက်ရာအချို့ကို စာဖတ်သူတို့လည်း ကြည့်ရှုခံစားနိုင်ဖို့ မျှဝေပေးခဲ့လိုက်ပါတယ်နော်။

1


2


3


4


5


6


7


8


9


10


11


12


13


14


15


16


Mia (Mckzone Daily)

Leave a Comment