Uncategorized

အသုံးမလိုတော့တဲ့ ကတ်ထူဖာဟောင်းများကို အနုစိတ်ကျတဲ့အံ့ဩဖွယ်ပန်းပုများအဖြစ် ပြောင်းလဲဖန်တီးပြခဲ့တဲ့ အမျိုးသမီးဗိသုကာပညာရှင်

ဂျပန် Artist တစ်ဦးဖြစ်တဲ့ Monami Ohno ဟာ 3-D animation ကာတွန်းများကို အထူးပြုလေ့ကျင့်သင်ယူခဲ့သော်လည်း တီထွင်ဆန်းသစ်တတ်တဲ့ Ohno ဟာ သူမကိုယ်သူမအား ပန်းပုဆရာတစ်ဦးအဖြစ် နာမည်ကျော်ကြားလာစေခဲ့ပါတယ်။ ရွှံ့၊ သစ်သား (သို့) အခြားသမားရိုးကျပစ္စည်းများအစား Ohno ဟာ ပုံမှန်မဟုတ်တဲ့ အလတ်စားပစ္စည်းအဖြစ် ကတ်ထူပြားကို အထူးရွေးချယ်ခဲ့ပါတယ်။ အထူးသဖြင့် Ohno ဟာ သူမရဲ့စွန့်ပစ်ထားတဲ့ Amazon ကတ်ဖာသေတ္တာများကိုသုံး၍ ပါးစပ်အဟောင်းသားဖြစ်သွားစေမဲ့အသေးစိတ်ကတ်ထူပြားပန်းပုများစုဆောင်းခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ Ohno ဟာ ပြန်လည်အသုံးပြုနိုင်တဲ့စက္ကူထုတ်ကုန်များကိုသုံး၍ ကတ်ထူပြားအနုပညာမြောက်မြားစွာကို လက်ရာမြောက်စေခဲ့ပါတယ်။


သူမရဲ့အထင်ရှားဆုံးပန်းပုလက်ရာအချို့မှာ စိတ်အားထက်သန်နေတဲ့သတ္တဝါများ (miniature Godzilla အပါအ၀င်)၊ အစားအစာနှင့်အချိုရည်ကို လက်တွေ့ကျကျ ကိုယ်စားပြုမှု ၊ စီးလို့ရတဲ့ shoe ဖိနပ်များနှင့် မော်တော်ယာဉ်တို့ဘဲ ဖြစ်ပါတယ်။ အပိုင်းအစတစ်ခုစီကို အပိုင်းများစွာဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး Ohno ဟာ မတူညီတဲ့ ဖွဲ့စည်းတည်ဆောက်ပုံများ၊ ဒီဇိုင်းနှင့်အသွင်အပြင်များကို အံ့မခန်းဖြစ်ပေါ်စေခဲ့ပါတယ်။ upcycled အနုပညာလက်ရာတစ်ခုစီမှာ အသေးစိတ်ဖော်ပြထားတဲ့အဆင့်ကိုပေးထားတဲ့အတွက်ကြောင့် Ohno အသုံးပြုခဲ့တဲ့ကိရိယာများရဲ့ရိုးရှင်းမှုကတော့ သင့်အား အံ့အားသင့်သွားစေမှာပါ။ ထူးခြားတဲ့ကတ်ထူပန်းပုရုပ်တုများပြုလုပ်ရန် Ohno ဟာ ကတ်ကြေးတစ်စုံ၊ ကတ်ထူဖြတ်တဲ့သေတ္တာ ၊ ပေတံ၊ ကော်နှင့်မျက်နှာဖုံးတိပ်ကိုသာ သုံးခဲ့ပါတယ်။


Ohno ဟာ ဆိုင်ခန်းခများကြောင့် သူမကြိုက်နှစ်သက်သလောက်ကာတွန်းများကို ပြုလုပ်ရန် ငွေအရင်းအနှီးများမရှိတော့တာကြောင့် သူမဟာ ပုံမှန်မဟုတ်သောအရာများနှင့်စတင်အလုပ်လုပ်ခဲ့ပြီး သူမသင်ယူဖို့အခြားအနုပညာတစ်ခုကိုရှာဖွေရင်း သူမမှာအများကြီးရှိနေခဲ့တဲ့ Amazon သေတ္တာဟောင်းအချို့ကို စတင်စမ်းသပ်ခဲ့တာပါ။ “ ကတ်ထူပြားက အံ့သြစရာကောင်းလောက်အောင် ပျော်စရာကောင်းတဲ့အလတ်စားဖန်တီးမှုတစ်ခုဖြစ်နေတာကို သိခဲ့ရတယ် ၊အဲ့ဒါနဲ့ ကျွန်မအဲဒါကို ဖန်တီးဖို့ စတင်ခဲ့တာ ” ဟု Ohno က ရှင်းပြထားပါတယ်။ လက်ရှိမှာ Ohno ဟာ ကတ်ထူပြားများကို လိုက်ရှာခြင်းနှင့် ပြီးပြည့်စုံအောင်ဖန်တီးခြင်းတို့ဖြင့် သူမရဲ့အချိန်အများစုကုန်ဆုံးစေလျက်ရှိနေပါတယ်။ Ohno ရဲ့ဖန်တီးမှုက အသေးစိတ်ကျပြီး စိတ်ဝင်စားဖို့လည်းကောင်းနေပါတယ်။


.


.


.


.


.


.


.


.


.


.


.


.


Mia (KBdailynews)

Reference : mymodernmet

Zawgyi

ဂ်ပန္ Artist တစ္ဦးျဖစ္တဲ့ Monami Ohno ဟာ 3-D animation ကာတြန္းမ်ားကို အထူးျပဳေလ့က်င့္သင္ယူခဲ့ေသာ္လည္း တီထြင္ဆန္းသစ္တတ္တဲ့ Ohno ဟာ သူမကိုယ္သူမအား ပန္းပုဆရာတစ္ဦးအျဖစ္ နာမည္ေက်ာ္ၾကားလာေစခဲ့ပါတယ္။ ႐ႊံ႕၊ သစ္သား (သို႔) အျခားသမား႐ိုးက်ပစၥည္းမ်ားအစား Ohno ဟာ ပုံမွန္မဟုတ္တဲ့ အလတ္စားပစၥည္းအျဖစ္ ကတ္ထူျပားကို အထူးေ႐ြးခ်ယ္ခဲ့ပါတယ္။ အထူးသျဖင့္ Ohno ဟာ သူမရဲ႕စြန႔္ပစ္ထားတဲ့ Amazon ကတ္ဖာေသတၱာမ်ားကိုသုံး၍ ပါးစပ္အေဟာင္းသားျဖစ္သြားေစမဲ့အေသးစိတ္ကတ္ထူျပားပန္းပုမ်ားစုေဆာင္းျခင္းတို႔ကို ျပဳလုပ္ခဲ့ပါတယ္။ Ohno ဟာ ျပန္လည္အသုံးျပဳႏိုင္တဲ့စကၠဴထုတ္ကုန္မ်ားကိုသုံး၍ ကတ္ထူျပားအႏုပညာေျမာက္ျမားစြာကို လက္ရာေျမာက္ေစခဲ့ပါတယ္။


သူမရဲ႕အထင္ရွားဆုံးပန္းပုလက္ရာအခ်ိဳ႕မွာ စိတ္အားထက္သန္ေနတဲ့သတၱဝါမ်ား (miniature Godzilla အပါအ၀င္)၊ အစားအစာႏွင့္အခ်ိဳရည္ကို လက္ေတြ႕က်က် ကိုယ္စားျပဳမႈ ၊ စီးလို႔ရတဲ့ shoe ဖိနပ္မ်ားႏွင့္ ေမာ္ေတာ္ယာဥ္တို႔ဘဲ ျဖစ္ပါတယ္။ အပိုင္းအစတစ္ခုစီကို အပိုင္းမ်ားစြာျဖင့္ ေပါင္းစပ္ဖြဲ႕စည္းထားၿပီး Ohno ဟာ မတူညီတဲ့ ဖြဲ႕စည္းတည္ေဆာက္ပုံမ်ား၊ ဒီဇိုင္းႏွင့္အသြင္အျပင္မ်ားကို အံ့မခန္းျဖစ္ေပၚေစခဲ့ပါတယ္။ upcycled အႏုပညာလက္ရာတစ္ခုစီမွာ အေသးစိတ္ေဖာ္ျပထားတဲ့အဆင့္ကိုေပးထားတဲ့အတြက္ေၾကာင့္ Ohno အသုံးျပဳခဲ့တဲ့ကိရိယာမ်ားရဲ႕႐ိုးရွင္းမႈကေတာ့ သင့္အား အံ့အားသင့္သြားေစမွာပါ။ ထူးျခားတဲ့ကတ္ထူပန္းပု႐ုပ္တုမ်ားျပဳလုပ္ရန္ Ohno ဟာ ကတ္ေၾကးတစ္စုံ၊ ကတ္ထူျဖတ္တဲ့ေသတၱာ ၊ ေပတံ၊ ေကာ္ႏွင့္မ်က္ႏွာဖုံးတိပ္ကိုသာ သုံးခဲ့ပါတယ္။


Ohno ဟာ ဆိုင္ခန္းခမ်ားေၾကာင့္ သူမႀကိဳက္ႏွစ္သက္သေလာက္ကာတြန္းမ်ားကို ျပဳလုပ္ရန္ ေငြအရင္းအႏွီးမ်ားမရွိေတာ့တာေၾကာင့္ သူမဟာ ပုံမွန္မဟုတ္ေသာအရာမ်ားႏွင့္စတင္အလုပ္လုပ္ခဲ့ၿပီး သူမသင္ယူဖို႔အျခားအႏုပညာတစ္ခုကိုရွာေဖြရင္း သူမမွာအမ်ားႀကီးရွိေနခဲ့တဲ့ Amazon ေသတၱာေဟာင္းအခ်ိဳ႕ကို စတင္စမ္းသပ္ခဲ့တာပါ။ “ ကတ္ထူျပားက အံ့ၾသစရာေကာင္းေလာက္ေအာင္ ေပ်ာ္စရာေကာင္းတဲ့အလတ္စားဖန္တီးမႈတစ္ခုျဖစ္ေနတာကို သိခဲ့ရတယ္ ၊အဲ့ဒါနဲ႔ ကြၽန္မအဲဒါကို ဖန္တီးဖို႔ စတင္ခဲ့တာ ” ဟု Ohno က ရွင္းျပထားပါတယ္။ လက္ရွိမွာ Ohno ဟာ ကတ္ထူျပားမ်ားကို လိုက္ရွာျခင္းႏွင့္ ၿပီးျပည့္စုံေအာင္ဖန္တီးျခင္းတို႔ျဖင့္ သူမရဲ႕အခ်ိန္အမ်ားစုကုန္ဆုံးေစလ်က္ရွိေနပါတယ္။ Ohno ရဲ႕ဖန္တီးမႈက အေသးစိတ္က်ၿပီး စိတ္ဝင္စားဖို႔လည္းေကာင္းေနပါတယ္။

Mia (KBdailynews)

Leave a Comment