Uncategorized

ရှားပါးရောဂါကြောင့် သူမထက် အသက်အများကြီးကြီးနေပုံရတဲ့သမီးလေးကို မွေးဖွားခဲ့တဲ့ ငယ်ရွယ်တဲ့မိခင်တစ်ဦး

အမျိုးသမီးငယ်တစ်ဦးဟာ သူမထက်အသက်ပိုကြီးနေပုံရတဲ့ ကလေးတစ်ဦးအားမွေးဖွားခဲ့ခြင်းကြောင့် ခေါင်းကြီးပိုင်းသတင်းမှာ ပါလာခဲ့ပြီး ၎င်းကလေးအား “အဘွားကြီး” နှင့်တူသည်ဟု လူအများက ပြောကြပါတယ်။ အမည်မဖော်ပြထားသည့် အသက် ၂၀ အရွယ်တောင်အာဖရိကအမျိုးသမီးတစ်ဦးဟာ သားကောင်များအား ပုံမှန်ထက်ပိုမိုမြန်ဆန်စွာ အသက်ကြီးလာစေတဲ့ Hutchinson-Gilford syndrome ဟုခေါ်သောရှားပါးတဲ့ ကျန်းမာရေးအခြေအနေရှိနေတဲ့သမီးငယ်တစ်ဦးကို မွေးဖွားခဲ့ပါတယ်။


တောင်အာဖရိကရှိမီဒီယာများက ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက် တနင်္လာနေ့တွင် အဆိုပါအမျိုးသမီးဟာ Eastern Cape ပြည်နယ် Libode မြို့ငယ်ရှိသူမ၏အိမ်၌ မီးဖွားခဲ့ပါတယ်။ သူမအဘွားဖြစ်သူက အလုပ်ကြမ်းလုပ်နေစဉ်အရေးပေါ်လူနာတင်ယာဉ်ကိုဖုန်းဆက်ခဲ့ပေမယ့်လည်း အချိန်မီရောက်မလာခဲ့ပါဘူး။ ကလေးမလေးဟာ ပုံပျက်နေတဲ့ခြေလက်များနှင့် အရေးအကြောင်းများဖြင့် မွေးဖွားလာခဲ့ပြီးနောက် သက်ဆိုင်သူများက သူမနှင့်သူမရဲ့အမေကို ဆေးရုံသို့ပို့လိုက်ကြပါတယ်။


အဘွားဖြစ်သူက သတင်းထောက်များအား ပြောကြားခဲ့သည်မှာ ” သူမဟာမသန်စွမ်းသူဖြစ်မယ်လို့ ငါတို့ထင်ခဲ့တယ်၊ သူမမွေးဖွားလာတဲ့အချိန်က သူမမှာထူးဆန်းတဲ့အရာတစ်ခုခုရှိနေတာကို သတိထားမိခဲ့တယ်၊ သူမက မငိုဘဲ နံရိုးတွေကနေတဆင့် အသက်ရှူနေခဲ့တယ်၊ ငါ့အတွက် ထူးဆန်းနေလို့ စစချင်းမှာ ငါ shock ရသွားခဲ့တယ်၊ ခုတော့ လူတွေက သူမကို အမျိုးမျိုးပြောနေကြတယ်၊ အဲ့တာက ရင်နာစရာကောင်းတယ်၊ ဖြစ်နိုင်ရင် အဲ့လူတွေကို ထောင်ထဲသာထည့်ပစ်လိုက်ချင်တယ် ” ဟု ပြောကြားခဲ့ပါတယ်။


အဆိုပါမွေးကင်းစကလေးမလေး၏ရိုက်ချက်များက onlineပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီးနောက် netizen အချို့က ကလေးမလေးအား “ ဘွားတော်ကြီး”သို့မဟုတ် “ မျောက်ဝံကြီး ” လို့ခေါ်ခဲ့ကြပြီး ကလေးမလေးရဲ့မိသားစုဝင်များအား စိတ်ဆင်းရဲသွားအောင် ပြောဆိုခဲ့ကြပါတယ်။


Progeria ရောဂါဖြစ်မွေးဖွားလာသူများဟာ ပုံမှန်အားဖြင့် ၎င်းတို့၏ဆယ်ကျော်သက်အရွယ်မှနှစ်ဆယ်ကျော်အစောပိုင်းများတွင် ပြင်းထန်သော နှလုံးသွေးကြောဆိုင်ရာပြဿနာများကိုစောစီးစွာ ခံစားရတတ်ပါတယ်။


Progeria ရောဂါဟာ ကလေးများဘ၀ရဲ့ပထမနှစ်နှစ်မှ စတင်၍ အသက်မြန်မြန်ကြီးစေတဲ့ တိုးတက်မြန်သလို အလွန်ရှားပါးပြီး မျိုးရိုးလိုက်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ဆရာဝန်များက မျိုးဗီဇတစ်ခုပြောင်းလဲခြင်းဟာ ၎င်း Progeria ရောဂါကိုဖြစ်ပွါးစေပြီး နည်းနည်းချင်း တစ်စတစ်စကြီးထွားမှုကို ဖြစ်စေကြောင်း ဆိုထားကြပါတယ်။


များသောအားဖြင့် ကလေးမွေးတဲ့အခါ ဘာလက္ခဏာမှမပြပေမဲ့ ၎င်းတို့က ကလေးရဲ့အသက်တစ်နှစ်အရွယ်မှာ ရောဂါလက္ခဏာပြလာတတ်ပါတယ်။ သို့သော် အချို့ကိစ္စများတွင် ဤကဲ့သို့သောလက္ခဏာများဟာ မွေးကတည်းကပင် လက္ခဏာအချို့ပါရှိနေတတ်ကြောင်းလည်း ကျွမ်းကျင်ဆရာဝန်များက ပြောကြားခဲ့ပါတယ်။

Mia (KBdailynews)

Reference : dailystar

Leave a Comment