One Daily News

မိမိတို့ခန္ဓာကိုယ်အတွက် မှားယွင်းလုပ်ဆောင်နေမိနိုင်တဲ့ အယူအဆအမှား (၁၀) ချက် လူသိများ

မိမိတို့ခန္ဓာကိုယ်အတွက် မှားယွင်းလုပ်ဆောင်နေမိနိုင်တဲ့ အယူအဆအမှား (၁၀) ချက် လူသိများ

ထင်ရှားတဲ့ အယူအဆအမှားတစ်ခုကတော့ လူတွေဟာဦးနှောက်ကို (၁၀)ရာခိုင်နှုန်းသာ အသုံးချတယ် ဆိုတဲ့အချက်ပဲဖြစ်ပါတယ် ။ အချို့သော အယူလွှဲမှားမှုများကို ယနေ့ခေတ်မှာ လူအများက နားလည်ပြင်ဆင်နေကြပြီးဖြစ်သော်လည်း အချို့သောအယူအဆအမှားများကိုတော့ လူအချို့ကဆက်လက်စွဲကိုင်ထားမိလျက်ရှ်ိကြပါသေးတယ်။

ဥပမာအားဖြင့် အစားစားပြီးလျှင် မိနစ်(၃၀)ခန့် စောင့်ပြီးမှ ရေကူးသင့်တယ် လို့ အချို့‌‌သောလူကြီးသူမများက ပြောလေ့ရှိကြသော်လည်း အမှန်တကယ်တွင်တော့ အယူအဆအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလဲ လူအများစုကြားမှာ ရေပန်းစားလှတဲ့ အယူအဆလွဲမှားမှု (၁၀) ချက်ကို ဖော်ပြပေးလိုပါတယ်။

(၁) အမွှေးအမျှင်များ ရိတ်ခြင်းကြောင့်

ပိုမိုထူထပ်သောအမွှေးးမျှင်များ လျင်မြန်စွာအသစ်တစ်ဖန်ဖြစ်စေပါသလား?? အဖြေမှန် – အမွှေးအမျှင်အသစ်များဟာ ပိုမိုထူထပ်နက်မှောင်တယ် လို့သင်တွေးထင်မိလေ့ရှိတတ်ပါတယ်။အကြောင်းကတော့ အသစ်ထွက်လာတဲ့ အမွှေးအမျှင်များဟာ အရောင်မှေးမှိန်စေတဲ့ နေရောင်ခြည်နှင့်ဓာတုပစ္စည်းများကဲ့သို့သော အရာများနှင့်မထိတွေ့ရသေးသောကြောင့်သာ ဖြစ်ပါတယ် ။ သင်တုံးဓား (သို့) အမွှေးမျှင်ရိတ်စက်များနှင့်မသက်ဆိုင်သောကြောင့် အကယ်၍ သင်ဟာ အမွှေးအမျှင် ရှင်းလင်းရတာ ကြိုက်နှစ်သက်သူတစ်ယောက်ဆိုပါက စိတ်ပူပန်ခြင်းမရှိပဲ သင့်စိတ်ကြိုက်ရိတ်နိုင်ပါတယ်။

(၂)လူတွေအိပ်နေချိန်မှာ ပင့်ကူတွေ ပါးစပ်ထဲဝင်လာနိုင်ပါသလား ???

အဖြေမှန်- ပင့်ကူတွေဟာ လူတွေကိုဂရုစိုက်လေ့မရှိသလို လူတွေအိပ်နေချိန် ခန္ဓာကိုယ်ပေါ်တက်လာပြီး ပါးစပ်ထဲဝင်ဖို့ကိုလဲ စိတ်မဝင်စားကြပါဘူး။လူသားများရဲ့အသက်ရှူသံနှင့်ဟောက်သံများကြောင့် ပင့်ကူများကအနားမကပ်ရဲကြပါဘူး။လူသားများဟာ ပင့်ကူများအတွက်ကြီးမားသောမြင်ကွင်းအစိုင်အခဲများ ဆိုတာထက် မပိုပါဘူး။

(၃) လက်ဆစ်ချိုးခြင်းကြောင့်အဆစ်အမြစ်နာ ရောဂါဖြစ်စေနိုင်ပါသလား ??

အဖြေမှန် – လက်ဆစ်များကို ကွေး(သို့) ဆန့်သောအခါ “ဖျောက်” ခနဲ အသံများကြားရသည်မှာ အဆစ်များအတွင်းရှိ Synovial fluid ဟုခေါ်သောအရည်များ ပေါက်ထွက်လာသောကြောင့်သာဖြစ်ပါတယ် ။

၄င်းတို့ဟာ အဆစ်များအကြားဖိအားများကို ချော့မွေ့စေသောအရည်ဖြစ်ပါတယ်။ဆေးပညာလေ့လာချက်များအရ လက်ဆစ်ချိုးခြင်းဟာ အဆစ်အမြစ်နာ ရောဂါမဖြစ်စေနိုင်သော်လည်း အဆိုပါလက်ဆစ်ချိုးခြင်း အလေ့အထကို ရှောင်သင့်တဲ့အခြား‌အကြောင်းအရင်းတစ်ရပ်ရှိနေပါတယ်။အကြောင်းကတော့ လက်ဆစ်ချိုးတတ်တဲ့ အလေ့အကျင့်ဟာ သင့်လက်ရဲ့ညှစ်ကိုင်နိုင်စွမ်းကိုတော့ အားနည်းစေလို့ပဲဖြစ်ပါတယ်။

(၄)မုန်လာဥနီဟာ အမြင်အာရုံကို ပိုမိုကောင်းမွန်စေပါသလား??

အဖြေမှန်-မုန်လာဥနီမှာ အမြင်အာရုံကို အထောက်အကူပြုစေတဲ့ Vitamin-A အမြောက်အမြားပါဝင်ပါတယ်။ သို့သော်လည်း Vitamin-A ဟာ အခြားသောအစားအစာများမှလည်း ကြွယ်ဝစွာရရှိနေခြင်းကြောင့်

Vitamin-A ရရှိရန် မုန်လာဥနီကိုသာ အထူးတလည် များစွာစားသုံးခြင်းမျိုးမလိုအပ်ပါဘူး။အခြေခံအားဖြင့် မုန်လာဥနီဟာ အမြင်အာရုံကောင်းမွန်နေရန်အတွက် လိုအပ်တဲ့ Vitamin-A ကို ဖြည့်ဆည်းပေးနေသော်လည်း အမြင်အာရုံပိုမိုကောင်းမွန်ခြင်း (သို့) ပြန်လည်ကောင်းမွန်ခြင်းတို့ကို လုပ်ဆောင်ပေးခြင်းမျိုး။မရှိပါဘူး ။

(၅) လျှာပေါ် ရှိ အရသာခံဇုန်များ

အဖြေမှန် – လျှာပေါ် ရှိအစိတ်အပိုင်းအားလုံးဟာ ကွဲပြားသောအရသာအားလုံးကို အာရုံခံနိုင်စွမ်းရှိပါတယ်။အရသာခံဇုန်များခွဲခြားထားတယ်လို့ (၁၉၀၁)ခုနှစ်ဝန်းကျင်များမှာ ပြောဆိုမှုများရှိခဲ့သော်လည်း

အမှန်တကယ်တွင်တော့ (၅၀၀၀) မှ (၁၀၀၀၀)ခန့်ရှိ‌သော အရသာခံဖု လေးများဟာ လျှာပေါ်နေရာအနှံတွင် ရှိနေပြီး ဦးနှောက်ဆီသို့ သတင်းပို့ပေးနေတာသာဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြန်လည်‌အတည်ပြုခဲ့ပါတယ်။

(၆) ကျန်းမာရေးကောင်းမကောင်း သွားအရောင်နှင့် ဆုံးဖြတ်နိုင်မည်လား ??

အဖြေမှန် – လူတစ်ယောက်စီတိုင်းမှာ မတူညီသော သွားပုံစံသဏ္ဍာန်နှင့်အရောင်များရှိကြပါတယ်။ကျန်းမာရေးကိုကောင်းခြင်း ၊ ဆိုးခြင်းအပေါ် သွား‌အရောင်ဖြင့်မဆုံးဖြတ်နိုင်ပါဘူး။

ကြွေထုနည်းပါးသူများက သွားအရောင်ဖြူဝင်းမှုအားနည်းသည်မှာ သဘာဝပင်ဖြစ်ပါတယ်။အခြားသောအကြောင်းအရာများဖြစ်တဲ့ ဆေးလိပ်သောက်ခြင်း ၊အသက်အရွယ် နှင့် မျိုးရိုးဗီဇတို့ကြောင့်လည်း သွားအရောင်ရဲ့ဖြူဝင်းမှုဟာ ဖျော့တော့ နေနိုင်ပါတယ် ။

(၇)နှာချေချိန်မှာ နှလုံးခုန်ရပ်ပါသလား ?

 

အဖြေမှန် – နှာမချေခင် လေရှူသွင်းလိုက်တဲ့အခါ နှလုံးအပေါ်ဖိအားသက်ရောက်ပါတယ်။ ‌နှာချေပြီးတဲ့အခါမှ ယင်းဖိအားပြန်ကျသွားပါတယ်။ထို့ကြောင့် သဘာဝအားဖြင့် နှလုံးခုန်နှုန်းပြောင်းလဲသွားနိုင်သည်ကို ခေတ္တမျှ နှလုံးခုန်ရပ်သွားတယ်လို့ တွေးထင်မိတတ်ကြပါတယ်။အမှန်တကယ်မှာတော့ နှလုံးခုန်ခြင်းဟာ အချိန်နှင့်အမျှ ရပ်တန့်ခြင်းမရှိပါဘူး။

(၈) ထမင်းစားပြီး မိနစ်(၃၀)ကြာမှ ရေထဲဆင်းလို့ရတာပါလား??

အဖြေမှန် – ရေထဲဆင်းကူးဖို့ရာ ထမင်းစားပြီးချင်းဖြစ်နေလဲ မိနစ်(၃၀) စောင့်စရာမလိုပါဘူး။အစာအိမ်ပြည့်နေခြင်းကြောင့် ရေနစ်ရခြင်းမျိုး (သို့) အစာအိမ်နာခြင်းမျိူးလဲ မရှိပါဘူး

။ ဗိုက်ပြည့်တင်းနေခြင်းဟာ ရေကူးချင်တဲ့ စိတ်ခံစားချက်ကို လျော့ပါးနေခြင်းမျိုးသာဖြစ်နိုင်ပြီး အန္တရာယ်ရှိစေခြင်းမျိုးမဟုတ်တာကြောင့် သင်ရေကူးချင်စိတ်ရှိ‌‌လျှင် ယခုချက်ချင်းပင် ဆင်းကူးနိုင်ပါတယ်။

(၉) သွေးဟာ အပြာရောင်လား ??

 

အဖြေမှန် -တချို့သူများဟာ သွေးကြောလေးများကို အရေပြားပေါ်မှ ကြည့်ပြီး လေထဲကအောက်ဆီဂျင်နဲ့မထိခင်မှာ သွေးဟာအပြာရောင်လို့ အူကြောင်ကြောင်တွေးထင်တတ်ကြပါတယ်။ အမှန်တကယ်မှာတော့ သွေးကြောများအတွင်းမှသွေးဟာ အနီရင့်ရောင်ဖြစ်၍ အောက်ဆီဂျင်နဲ့‌ထိတွေတဲ့အခါမှတော့ အနီရောင်ဖြစ်သွားပြီး Heme လို့ခေါ်ဆိုတဲ့ အရာ၏အကူအညီနဲ့ ခန္ဓာကိုယ်တစ်ခုလုံးသို့ လိုအပ်သောသွေးလည်ပတ်မှုများ လုပ်ဆောင်နေတာဖြစ်ပါတယ်။

(၁၀) ပီကေဟာအစာအိမ်ထဲမှာ(၇) နှစ်ကြာနေနိုင်ပါသလား??

အဖြေမှန် – ပီကေကို အစာအိမ်ကမချေဖျက်နိုင်သည်မှာ မှန်သော်လည်း အခြားသောအစာများကဲ့သိုပင် အစာအိမ်ထဲတွင်ရှိနေတာပဲဖြစ်ပါတယ် ။

(၇) နှစ်ကြာ မနေနိုင်ပါဘူး ။ အများဆုံး(၇)ရက်ကြာ အထိသာ‌ ရှိနေနိုင်ပါတယ်။ သိုပေမယ့် ပီကေမြိုချမိခြင်းဟာ ကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။

အူလမ်းကြောင်းပိတ်ခြင်းနှင့်အတူ ဝမ်းချုပ်ခြင်းများလဲဖြစ်နိုင်တာမို့ အထူးသဖြင့် ကလေးငယ်များကို သေချာဂရုစိုက်သင့်ပါတယ်။ အခုဆိုရင်တော့ ပရိတ်သတ်ကြီးလဲ အတော်လေးသိသွားပြီမို့ ယခင်က မသိခဲ့တဲ့ အယူအဆအလွဲမှားများယုံကြည်မှုတွေကို စွန့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

 

Source Brightside

Written One Daily Media

Leave a Comment