success

စိတ်ဖိစီးစရာတွေ ကြုံလာတိုင်း အကောင်းဆုံးဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ

စိတ်ညစ်စရာတွေဟာ တစ်ခါတစ်လေမှာ ရှောင်ဖယ်လို့မရပါဘူး။ ကိုယ်ကမလိုချင်ပေမယ့်လည်း ကိုယ့်စီတည့်တည့်ကြီး ဝင်လာတတ်တာကြောင့် ဒီလိုစိတ်ရှုပ်စရာ စိတ်ဖိစီးစရာတွေ ကြုံလာတိုင်း အကောင်းဆုံးဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ အခြေခံအချက်လေးတွေကို ပြောပြချင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

 

စိတ်ဖိစီးမှု အရမ်းများလာတဲ့အခါ လေ့ကျင့်ခန်းတစ်ခုခု ပြင်းပြင်းထန်ထန်လုပ်လိုက်ခြင်းဟာ အကောင်းဆုံး စိတ်ပြေလျော့စေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အလုံပိတ်အခန်းထဲက အားကစားနည်းတွေထက် တောင်တက်ခြင်း၊ စက်ဘီးနင်းခြင်း၊ ရေကူးခြင်း၊ အပြေးလေ့ကျင့်ခြင်း စတဲ့ပြင်ပလောကနဲ့ ထိတွေ့မှုရှိတဲ့အားကစားနည်းတွေက ပိုပြီးကောင်းပါတယ်။

ရင်ဖွင့်ပါ

 

စိတ်ဖီးစီးစရာတွေကြုံလာတိုင်း အကောင်းဆုံးဖြေရှင်းတဲ့နည်းက ကိုယ်ယုံကြည်ရဆုံး သူငယ်ချင်းဖြစ်ဖြစ် မိသားစုဝင် တစ်ယောက်ယောက်ကိုဖြစ်ဖြစ် ရင်ဖွင့်ပြောပြပါ။ တစ်ယောက်တည်း ကြိတ်ခံစားတာထက်စာရင် တစ်ယောက်ယောက်ကို ထုတ်ပြောပြခြင်းဟာ အကောင်းဆုံးစိတ်ပြေလျော့စေမယ့်နည်း လမ်းဖြစ်သလို ဖြေရှင်းဖို့အတွက် အကြံဉာဏ်ကောင်းတွေကိုလည်း ရရှိနိုင်စေပါတယ်။

တူရိယာတစ်ခုခုတီးခတ်ပါ

 

လူတစ်ယောက်ချင်းစီတိုင်းမှာ ဝါသနာပါရာ ကြိုက်နှစ်သက်ရာ တူရိယာတစ်ခုစီတော့ရှိမယ်ထင်ပါတယ်။ ကိုယ်ဝါသနာပါတဲ့ တူရိယာတစ်ခုခု တီးခတ်တာဟာ စိတ်ဖိစီးစရာတွေ စိတ်ရှုပ်စရာတွေကို အများကြီးထိထိရောက်ရောက် လျော့ကျစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

အိပ်ပါ

အိပ်စက်ခြင်းဟာလည်း အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ စိတ်အရမ်းပင်ပန်းလာတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်ခြင်းဖြင့် စိတ်ဖိစီးမှုတွေ လျော့ကျသွားစေနိုင်သလို အားအင်အသစ်တွေလည်း ပြန်လည်ရရှိကာ ပြဿနာကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းသင့်တဲ့ ဆုံးဖြတ်ချက်ကိုပါ မှန်ကန်စွာ ချနိုင်လာမှာဖြစ်ပါတယ်။

 

zawgyi

စိတ္ညစ္စရာေတြဟာ တစ္ခါတစ္ေလမွာ ေရွာင္ဖယ္လို႔မရပါဘူး။ ကိုယ္ကမလိုခ်င္ေပမယ့္လည္း ကိုယ့္စီတည့္တည့္ႀကီး ဝင္လာတတ္တာေၾကာင့္ ဒီလိုစိတ္ရႈပ္စရာ စိတ္ဖိစီးစရာေတြ ႀကဳံလာတိုင္း အေကာင္းဆုံးဘယ္လို ကိုင္တြယ္ေျဖရွင္းရမလဲဆိုတဲ့ အေျခခံအခ်က္ေလးေတြကို ေျပာျပခ်င္ပါတယ္။

ေလ့က်င့္ခန္းလုပ္ပါ

 

 

စိတ္ဖိစီးမႈ အရမ္းမ်ားလာတဲ့အခါ ေလ့က်င့္ခန္းတစ္ခုခု ျပင္းျပင္းထန္ထန္လုပ္လိုက္ျခင္းဟာ အေကာင္းဆုံး စိတ္ေျပေလ်ာ့ေစမယ့္ နည္းလမ္းတစ္ခုျဖစ္ပါတယ္။ အလုံပိတ္အခန္းထဲက အားကစားနည္းေတြထက္ ေတာင္တက္ျခင္း၊ စက္ဘီးနင္းျခင္း၊ ေရကူးျခင္း၊ အေျပးေလ့က်င့္ျခင္း စတဲ့ျပင္ပေလာကနဲ႔ ထိေတြ႕မႈရွိတဲ့အားကစားနည္းေတြက ပိုၿပီးေကာင္းပါတယ္။

ရင္ဖြင့္ပါ

 

စိတ္ဖီးစီးစရာေတြႀကဳံလာတိုင္း အေကာင္းဆုံးေျဖရွင္းတဲ့နည္းက ကိုယ္ယုံၾကည္ရဆုံး သူငယ္ခ်င္းျဖစ္ျဖစ္ မိသားစုဝင္ တစ္ေယာက္ေယာက္ကိုျဖစ္ျဖစ္ ရင္ဖြင့္ေျပာျပပါ။ တစ္ေယာက္တည္း ႀကိတ္ခံစားတာထက္စာရင္ တစ္ေယာက္ေယာက္ကို ထုတ္ေျပာျပျခင္းဟာ အေကာင္းဆုံးစိတ္ေျပေလ်ာ့ေစမယ့္နည္း လမ္းျဖစ္သလို ေျဖရွင္းဖို႔အတြက္ အႀကံဉာဏ္ေကာင္းေတြကိုလည္း ရရွိႏိုင္ေစပါတယ္။

တူရိယာတစ္ခုခုတီးခတ္ပါ

 

လူတစ္ေယာက္ခ်င္းစီတိုင္းမွာ ဝါသနာပါရာ ႀကိဳက္ႏွစ္သက္ရာ တူရိယာတစ္ခုစီေတာ့ရွိမယ္ထင္ပါတယ္။ ကိုယ္ဝါသနာပါတဲ့ တူရိယာတစ္ခုခု တီးခတ္တာဟာ စိတ္ဖိစီးစရာေတြ စိတ္ရႈပ္စရာေတြကို အမ်ားႀကီးထိထိေရာက္ေရာက္ ေလ်ာ့က်ေစႏိုင္တဲ့ နည္းလမ္းေကာင္းတစ္ခုျဖစ္ပါတယ္။

အိပ္ပါ

 

အိပ္စက္ျခင္းဟာလည္း အေကာင္းဆုံး နည္းလမ္းတစ္ခု ျဖစ္ပါတယ္။ စိတ္အရမ္းပင္ပန္းလာတဲ့အခါ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္စက္လိုက္ျခင္းျဖင့္ စိတ္ဖိစီးမႈေတြ ေလ်ာ့က်သြားေစႏိုင္သလို အားအင္အသစ္ေတြလည္း ျပန္လည္ရရွိကာ ျပႆနာကို အေကာင္းဆုံးကိုင္တြယ္ေျဖရွင္းသင့္တဲ့ ဆုံးျဖတ္ခ်က္ကိုပါ မွန္ကန္စြာ ခ်ႏိုင္လာမွာျဖစ္ပါတယ္။

 

 

Leave a Comment