Daily News

အိမ်ထဲတွင် လူပါ ဝင်ပြီး ရေကူးလို့ရမည့် အလှငါးမွေးကန် အကြီးအား ပေါင် ၂၀,၀၀၀ကုန်ကျခံကာဆောက်လုပ်ထားသော အမျိုးသား

လူသားတို့သည် အိမ်မွေး တိရစ္ဆာန်အဖြစ် ရွှေငါးလေးများကို ကန်သေးသေးလေးနှင့် အောက်စီဂျင်နှင့်အတူ မွေးကြသည်။

သို့ဖြစ်၍ ဂျပန်နိုင်နိုင်ငံမှ Jack Heathcote အမည်ရှိသော အမျိုးသားသည် အိမ်ထဲရှိ မြေအောက်ခန်းတွင် အကျယ် ၁၄ပေနှင့် အနက် ၇ပေ ရှိသော ငါးမွေးကန်ကြီးအား ပေါင် ၂၀,၀၀၀ကုန်ကျခံပြီး ဆောက်လုပ်ခဲ့သည်။


ဂျက်သည် ၁၀နှစ်သားအရွယ်ကတည်းက ငါးလေးတွေနှင့် ပက်သက်ပြီး စိတ်ဝင်စားခဲ့ရာ ငါးမွေးကန်များသို့ မကြာခဏ သွားရောက်လည်ပတ်လေ့ရှိပြီး ယခုအခါ ဘယ်မှ သွားစရာမလိုပဲ အိမ်တွင်သာ စိတ်ကြိုက် ထိတွေ့ကြည့်ရှုနိုင်မည့် ငါးမွေးကန်ကြီးအား ဖန်တီးနိုင်ခဲ့ပြီဖြစ်သည်။


ဂျက်သည် ရေကန်ထဲတွင် ငါးလေးတွေ ပျော်ရွှင်မြုးထူးစွာ ကူးခတ်နေကြသည်ကို ကြည့်ပြီး အလိုလို လိုက်ကြည်နူးမိသည်ဟုလည်း ဆိုခဲ့သည်။

1.


2.


3.


Hlaing (Love Feeling )

Zawgyi








Hlaing (Love Feeling )

Leave a Comment