success

ဘီလျံနာတွေမှာ အမြဲ တွေ့ရတတ်တဲ့ စရိုက်လက္ခဏာ (၅) ခု

ဘီလျံနာတွေမှာ အမြဲ တွေ့ရတတ်တဲ့ စရိုက်လက္ခဏာ (၅) ခု

ကျွန်တော်တို့နဲ့ ဘီလျံနာဖြစ်လာသူတွေအကြား တားဆီးထားတဲ့ အရာတွေက ဘာများ ဖြစ်မလဲ။ ဘယ်အရာတွေက သူတို့ကို ဘီလျံနာ ဖြစ်လာစေခဲ့သလဲ။ ဘီလျံနာတွေမှာ အမြဲ မြင်တွေ့ရတတ်တဲ့ သူတို့ရဲ့ စရိုက်လေးတွေက ဘာတွေ ဖြစ်မလဲ။

(၁) အလျှံတညီးညီး ပြင်းပြတောက်လောင်နေတဲ့ စိတ်ဆန္ဒ

Burning Desire ဆိုတဲ့ စကားလုံးကို နပိုလီယံဟေးလ်က သူ့ရဲ့ နာမည်ကျော် Think and Grow Rich စာအုပ်မှာ တီထွင်သုံးစွဲခဲ့တာပါ။ ရိုးရိုးဆန္ဒတောင် မဟုတ်ပါဘူး။ မီးတောက်မီးလျှံလို တောက်လောင်ကျွမ်းနေတဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒဖြစ်ပါတယ်။ တောက်ပစွာ လောင်ကျွမ်းနေတဲ့ အလိုဆန္ဒတွေကမှ ထူးကဲထင်ရှားတဲ့သူတစ်ယောက် ဖြစ်လာစေတယ်ဆိုတာ မှတ်ယူစေချင်ပါတယ်။

(၂) မျှော်မြင်စိတ်ကူးယဉ်မှု

 

Dream ဆိုတဲ့ စကားကို ပေါ့ပေါ့လေး လို့ မတွေးလိုက်ပါနဲ့။ စိတ်ကူးယဉ်မှုလောက်မှ ကြီးကြီးမားမား မရှိသူဟာ အနာဂါတ်တစ်ခုဆီ ပုံဖော်ရာမှာ ဘယ်လိုလုပ် အားကောင်းမောင်းသန် ပုံဖော်နိုင်ပါ့မလဲ။ ဘာမှ ဖြစ်မလာခင်မှာ ကိုယ့်စိတ်မျက်လုံးထဲ အောင်မြင်မှုကို မြင်နေပြီး သွားဖို့ အဆင်သင့် ဖြစ်နေတဲ့သူဟာ မုချအောင်မြင်ဖို့ လမ်းစရနေသူလို့ ဆိုနိုင်ပါတယ်။

(၃) ထိရောက်တဲ့ အစီအမံ ၊ မှန်ကန်တဲ့ ခေါင်းဆာင်မှု

 

ကိုယ့်ဒူးကိုယ်ချွန်နဲ့ ဘီလျံနာဖြစ်လာသူတွေဟာ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်တွေလည်း ဖြစ်ကြပါတယ်။ သူတို့တွေးတဲ့ အတွေးအမြင်နဲ့ လုပ်ဆောင်မှုကလည်း အမြဲတမ်း Plan ကျကျ စီမံထားတာ ဖြစ်ပါတယ်။ထိရောက်တဲ့ အစီအမံနဲ့ ထက်မြက်မှန်ကန်တဲ့ ခေါင်းဆောင်မှုအရည်အသွေး ပေါင်းစပ်လိုက်ခြင်းက သူတို့ရဲ့အောင်မြင်မှုနဲ့ ချမ်းသာကြွယ်ဝရေး လမ်းကြောင်းကို ဖြောင့်တန်းစေတာလည်း ဖြစ်ပါတယ်။

(၄) စွဲမြဲထက်သန်တဲ့ဇွဲ

 

အစပိုင်းမှာ ဘယ်သူမဆို ဒုံးကျည်တပ်အင်ဂျင်နဲ့ မိုးထိုးပျံသန်းတော့မလောက် တက်ကြွတတ်ပါတယ်။ ရေရှည် ဇွဲနပဲနဲ့ မိုးထဲလေထဲ ရုန်းကန်ရတော့မယ်ဆိုမှ ဆက်လုပ်ချင်စိတ်မရှိဘဲ လက်လျှော့လိုက်သူတွေ များတာပါ။ ဘီလျံနာတွေကတော့ ဘယ်လောက်ပဲ နှေးပလေစေ မနားတမ်း စွဲမြဲခိုင်ကျည်တဲ့စိတ်နဲ့ အောင်မြင်မှုဆီ အရောက်ခရီးဆက်မယ်လို့ သံဓိဌာန်တင်ထားသူတွေ ဖြစ်ပါတယ်။

(၅) ဆုံးဖြတ်ချက် မှန်ကန်ခြင်း

 

လူတိုင်း ဆုံးဖြတ်ချက်တွေ ချနေတာပါပဲ။ မတူတာက ဘီလျံနာတွေဟာ ဆုံးဖြတ်ချက်တစ်ခုကို ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံက အမြင်နဲ့ ချိန်ဆပြီး တိတိကျကျ ချမှတ်တဲ့အကျင့် ရှိတာပဲ ဖြစ်ပါတယ်။ ဘီလျံနာတွေဟာ ဘယ်သူ့ခေါင်းကို ယူသုံးရမလဲ သိပါတယ်။ ဘယ်အပိုင်းမှာ ဘယ်သူ့အကြံကို ယူပြီး ဘယ်သူ့အမြင်ကို ထည့်စဉ်းစားရမလဲဆိုတာကိုပါ ထိုးထွင်း သိတတ်ကြပါတယ်။ သူတို့ကိုယ်တိုင်ကလည်း ဆုံးဖြတ်ချက်မှန်အောင် ချမှတ်နိုင်ဖို့ အလေ့အကျင့်တွေ လုပ်ထားတတ်ပါတယ်။ ဒီလို အရည်အချင်းတွေကြောင့်ပဲ ဘီလျံနာဘဝကို ရောက်လာရတာ ဖြစ်ပါတယ်။

 

zawgyi

ဘီလ်ံနာေတြမွာ အၿမဲ ေတြ႕ရတတ္တဲ့ စ႐ိုက္လကၡဏာ (၅) ခု

ကြၽန္ေတာ္တို႔နဲ႔ ဘီလ်ံနာျဖစ္လာသူေတြအၾကား တားဆီးထားတဲ့ အရာေတြက ဘာမ်ား ျဖစ္မလဲ။ ဘယ္အရာေတြက သူတို႔ကို ဘီလ်ံနာ ျဖစ္လာေစခဲ့သလဲ။ ဘီလ်ံနာေတြမွာ အၿမဲ ျမင္ေတြ႕ရတတ္တဲ့ သူတို႔ရဲ႕ စ႐ိုက္ေလးေတြက ဘာေတြ ျဖစ္မလဲ။

(၁) အလွ်ံတညီးညီး ျပင္းျပေတာက္ေလာင္ေနတဲ့ စိတ္ဆႏၵ

 

 

Burning Desire ဆိုတဲ့ စကားလုံးကို နပိုလီယံေဟးလ္က သူ႔ရဲ႕ နာမည္ေက်ာ္ Think and Grow Rich စာအုပ္မွာ တီထြင္သုံးစြဲခဲ့တာပါ။ ႐ိုး႐ိုးဆႏၵေတာင္ မဟုတ္ပါဘူး။ မီးေတာက္မီးလွ်ံလို ေတာက္ေလာင္ကြၽမ္းေနတဲ့ ျပင္းျပထက္သန္တဲ့ ဆႏၵျဖစ္ပါတယ္။ ေတာက္ပစြာ ေလာင္ကြၽမ္းေနတဲ့ အလိုဆႏၵေတြကမွ ထူးကဲထင္ရွားတဲ့သူတစ္ေယာက္ ျဖစ္လာေစတယ္ဆိုတာ မွတ္ယူေစခ်င္ပါတယ္။

(၂) ေမွ်ာ္ျမင္စိတ္ကူးယဥ္မႈ

 

 

Dream ဆိုတဲ့ စကားကို ေပါ့ေပါ့ေလး လို႔ မေတြးလိုက္ပါနဲ႔။ စိတ္ကူးယဥ္မႈေလာက္မွ ႀကီးႀကီးမားမား မရွိသူဟာ အနာဂါတ္တစ္ခုဆီ ပုံေဖာ္ရာမွာ ဘယ္လိုလုပ္ အားေကာင္းေမာင္းသန္ ပုံေဖာ္ႏိုင္ပါ့မလဲ။ ဘာမွ ျဖစ္မလာခင္မွာ ကိုယ့္စိတ္မ်က္လုံးထဲ ေအာင္ျမင္မႈကို ျမင္ေနၿပီး သြားဖို႔ အဆင္သင့္ ျဖစ္ေနတဲ့သူဟာ မုခ်ေအာင္ျမင္ဖို႔ လမ္းစရေနသူလို႔ ဆိုႏိုင္ပါတယ္။

(၃) ထိေရာက္တဲ့ အစီအမံ ၊ မွန္ကန္တဲ့ ေခါင္းဆာင္မႈ

 

ကိုယ့္ဒူးကိုယ္ခြၽန္နဲ႔ ဘီလ်ံနာျဖစ္လာသူေတြဟာ ထူးခြၽန္ထက္ျမက္တဲ့ ေခါင္းေဆာင္ေတြလည္း ျဖစ္ၾကပါတယ္။ သူတို႔ေတြးတဲ့ အေတြးအျမင္နဲ႔ လုပ္ေဆာင္မႈကလည္း အၿမဲတမ္း Plan က်က် စီမံထားတာ ျဖစ္ပါတယ္။ထိေရာက္တဲ့ အစီအမံနဲ႔ ထက္ျမက္မွန္ကန္တဲ့ ေခါင္းေဆာင္မႈအရည္အေသြး ေပါင္းစပ္လိုက္ျခင္းက သူတို႔ရဲ႕ေအာင္ျမင္မႈနဲ႔ ခ်မ္းသာႂကြယ္ဝေရး လမ္းေၾကာင္းကို ေျဖာင့္တန္းေစတာလည္း ျဖစ္ပါတယ္။

(၄) စြဲၿမဲထက္သန္တဲ့ဇြဲ

 

 

အစပိုင္းမွာ ဘယ္သူမဆို ဒုံးက်ည္တပ္အင္ဂ်င္နဲ႔ မိုးထိုးပ်ံသန္းေတာ့မေလာက္ တက္ႂကြတတ္ပါတယ္။ ေရရွည္ ဇြဲနပဲနဲ႔ မိုးထဲေလထဲ ႐ုန္းကန္ရေတာ့မယ္ဆိုမွ ဆက္လုပ္ခ်င္စိတ္မရွိဘဲ လက္ေလွ်ာ့လိုက္သူေတြ မ်ားတာပါ။ ဘီလ်ံနာေတြကေတာ့ ဘယ္ေလာက္ပဲ ေႏွးပေလေစ မနားတမ္း စြဲၿမဲခိုင္က်ည္တဲ့စိတ္နဲ႔ ေအာင္ျမင္မႈဆီ အေရာက္ခရီးဆက္မယ္လို႔ သံဓိဌာန္တင္ထားသူေတြ ျဖစ္ပါတယ္။

(၅) ဆုံးျဖတ္ခ်က္ မွန္ကန္ျခင္း

 

 

လူတိုင္း ဆုံးျဖတ္ခ်က္ေတြ ခ်ေနတာပါပဲ။ မတူတာက ဘီလ်ံနာေတြဟာ ဆုံးျဖတ္ခ်က္တစ္ခုကို ဘက္ေပါင္းစုံ ေထာင့္ေပါင္းစုံက အျမင္နဲ႔ ခ်ိန္ဆၿပီး တိတိက်က် ခ်မွတ္တဲ့အက်င့္ ရွိတာပဲ ျဖစ္ပါတယ္။ ဘီလ်ံနာေတြဟာ ဘယ္သူ႔ေခါင္းကို ယူသုံးရမလဲ သိပါတယ္။ ဘယ္အပိုင္းမွာ ဘယ္သူ႔အႀကံကို ယူၿပီး ဘယ္သူ႔အျမင္ကို ထည့္စဥ္းစားရမလဲဆိုတာကိုပါ ထိုးထြင္း သိတတ္ၾကပါတယ္။ သူတို႔ကိုယ္တိုင္ကလည္း ဆုံးျဖတ္ခ်က္မွန္ေအာင္ ခ်မွတ္ႏိုင္ဖို႔ အေလ့အက်င့္ေတြ လုပ္ထားတတ္ပါတယ္။ ဒီလို အရည္အခ်င္းေတြေၾကာင့္ပဲ ဘီလ်ံနာဘဝကို ေရာက္လာရတာ ျဖစ္ပါတယ္။

 

 

 

Leave a Comment