success

အဆိုးမြင်စိတ်ရှိသူများကို ဘယ်လိုရှောင်ကြဉ်ရမလဲ

အဆိုးမြင်စိတ်ရှိသူများက အဆိုးမြင်သူပီပီ သင့်အတွက် မကောင်းတဲ့အရာများကိုသာ ဆောင်ကျဉ်းပေးမှာပါ။ သင်က မိမိဖြစ်ချင်တဲ့ရည်မှန်းချက်ပန်းတိုင်ဆီသို့ အရောက်လှမ်းချိန်မှာ သူ့ရဲ့အဆိုးမြင်စိတ်နဲ့ သင်က အောင်မြင်အောင် လုပ်နိုင်မှာမဟုတ်ကြောင်း၊ အချိန်ကုန် လူပင်ပန်းတာပဲ အဖတ်တင်ကြောင်း နည်းမျိုးစုံနဲ့ သင့်ကို နှောင့်ယှက်ဟန့်တားနေပါလိမ့်မယ်။

ထိုကဲ့သို့သော အဆိုးမြင်စိတ်ရှိသူများကို မိမိပတ်ဝန်းကျင်က မြန်မြန်ဖယ်ရှားမှသာလျှင် သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ဆီသို့ မြန်မြန်အရောက်လှမ်းနိုင်မှာပဲဖြစ်ပါတယ်။

ဒါပေမဲ့ သင့်အနေနဲ့ ထိုကဲ့သို့ အဆိုးမြင်ဝါဒီသမားတွေကို မိမိပတ်ဝန်းကျင်က ရှောင်လွှဲလို့ မရဘူးဆိုရင် ဘယ်လိုပြုမူရမလဲ။

လျစ်လျူရှုထားပါ

 

သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်နဲ့ စွမ်းအင်တွေကို ထိုကဲ့သို့သောလူမျိုးအတွက် အပွန်းပဲ့မခံပါနဲ့။ အလုပ်ထဲမှာဆိုရင်လည်း သူတို့နဲ့ ထိပ်တိုက်တွေ့နေမယ့်အစား နားကြပ်လေးတပ်ပြီး ကိုယ့်အာရုံနဲ့ကိုယ် အလုပ်လုပ်ပါ။ အဆိုးမြင်ဝါဒီသမားများကို လျစ်လျူရှုခြင်းအားဖြင့် သင့်ရဲ့စိတ်ဖိစီးမှုများကို လျော့ချနိုင်ပါတယ်။

အကောင်းမြင်စိတ် ရှိသူများနဲ့ ပြန်လည်အချိန်ကုန်ဆုံးပါ

မကောင်းမြင်စိတ် ရှိသူများက သင့်ကို စိတ်ဓာတ်ကျစေပြီး အကောင်းမြင်စိတ် ရှိသူများကတော့ သင့်ကို စိတ်ခွန်အားရစေမှာပါ။ ဒါ့ကြောင့် မကောင်းမြင်ဝါဒီသမားတွေနဲ့ စကားပြောပြီးတဲ့အခါ အကောင်းမြင်စိတ် ရှိသူများနဲ့ ပြန်လည်စကားပြောရင်း မိမိကိုယ်ကို စွမ်းအင်ပြန်လည်ဖြည့်တင်းလိုက်ပါ။ ဒါမှသာ သင့်ရဲ့မကောင်းမြင်စိတ်များ ဝေးဝေးလွှင့်စင်သွားမှာပဲဖြစ်ပါတယ်။

စိတ်ပိုင်းဖြတ်ထားပါ

အဆိုးမြင်စိတ်က လူတစ်ဦးကနေ တစ်ဦးထံ ကူးစက်တတ်ပါတယ်။ ထိုကဲ့သို့သောသူများနဲ့ အချိန်ဖြုန်းခြင်းက သင့်ကိုလည်း အဆိုးမြင်စိတ်ရှိသူတစ်ယောက်အဖြစ် ပြောင်းလဲပစ်လိုက်နိုင်တာကြောင့် တတ်နိုင်သမျှ အပေါင်းအသင်းမလုပ်ပါနဲ့။

မလွှဲသာ မရှောင်သာလို့ အပေါင်းအသင်းလုပ်ရမယ်ဆိုရင်တော့ “ငါသည် ဒီနေ့တစ်နေ့လံုံး အကောင်းမြင်စိတ်များနဲ့သာ လွှမ်းခြုံထားနိုင်ရမယ်” လို့သာ စိတ်ဆုံးဖြတ်ထားပါ။

သင့်ရဲ့အတွေးများကိုပြန်လည် သုံးသပ်ပါ

အဆိုးမြင်စိတ်ရှိသူနဲ့ အချိန်ဖြုန်းပြီးနောက်မှာ သင့်ရဲ့ကောင်းနေတဲ့ စိတ်ခံစားချက်များလည်း တစ်မဟုတ်ချင်း ညစ်ထေးသွးနိုင်ပါတယ်။ ထိုကဲ့သို့သော အခြေအနေမှာ သင့်ရဲ့စိတ်ကူးများ၊ အတွေးများကို ပြန်လည်သုံးသပ်ပါ။ သင့်ရဲ့စိတ်ကူးများ၊ အတွေးအခေါ်များကို ပြန်လည် တည့်မတ်ရပါမယ်။

ZAwgyi

အဆိုးျမင္စိတ္ရွိသူမ်ားက အဆိုးျမင္သူပီပီ သင့္အတြက္ မေကာင္းတဲ့အရာမ်ားကိုသာ ေဆာင္က်ဥ္းေပးမွာပါ။ သင္က မိမိျဖစ္ခ်င္တဲ့ရည္မွန္းခ်က္ပန္းတိုင္ဆီသို႔ အေရာက္လွမ္းခ်ိန္မွာ သူ႔ရဲ႕အဆိုးျမင္စိတ္နဲ႔ သင္က ေအာင္ျမင္ေအာင္ လုပ္ႏိုင္မွာမဟုတ္ေၾကာင္း၊ အခ်ိန္ကုန္ လူပင္ပန္းတာပဲ အဖတ္တင္ေၾကာင္း နည္းမ်ိဳးစုံနဲ႔ သင့္ကို ေႏွာင့္ယွက္ဟန႔္တားေနပါလိမ့္မယ္။

ထိုကဲ့သို႔ေသာ အဆိုးျမင္စိတ္ရွိသူမ်ားကို မိမိပတ္ဝန္းက်င္က ျမန္ျမန္ဖယ္ရွားမွသာလွ်င္ သင့္ရဲ႕ရည္မွန္းခ်က္ပန္းတိုင္ဆီသို႔ ျမန္ျမန္အေရာက္လွမ္းႏိုင္မွာပဲျဖစ္ပါတယ္။

ဒါေပမဲ့ သင့္အေနနဲ႔ ထိုကဲ့သို႔ အဆိုးျမင္ဝါဒီသမားေတြကို မိမိပတ္ဝန္းက်င္က ေရွာင္လႊဲလို႔ မရဘူးဆိုရင္ ဘယ္လိုျပဳမူရမလဲ။

လ်စ္လ်ဴရႈထားပါ

 

သင့္ရဲ႕တန္ဖိုးရွိတဲ့အခ်ိန္နဲ႔ စြမ္းအင္ေတြကို ထိုကဲ့သို႔ေသာလူမ်ိဳးအတြက္ အပြန္းပဲ့မခံပါနဲ႔။ အလုပ္ထဲမွာဆိုရင္လည္း သူတို႔နဲ႔ ထိပ္တိုက္ေတြ႕ေနမယ့္အစား နားၾကပ္ေလးတပ္ၿပီး ကိုယ့္အာ႐ုံနဲ႔ကိုယ္ အလုပ္လုပ္ပါ။ အဆိုးျမင္ဝါဒီသမားမ်ားကို လ်စ္လ်ဴရႈျခင္းအားျဖင့္ သင့္ရဲ႕စိတ္ဖိစီးမႈမ်ားကို ေလ်ာ့ခ်ႏိုင္ပါတယ္။

အေကာင္းျမင္စိတ္ ရွိသူမ်ားနဲ႔ ျပန္လည္အခ်ိန္ကုန္ဆုံးပါ

 

မေကာင္းျမင္စိတ္ ရွိသူမ်ားက သင့္ကို စိတ္ဓာတ္က်ေစၿပီး အေကာင္းျမင္စိတ္ ရွိသူမ်ားကေတာ့ သင့္ကို စိတ္ခြန္အားရေစမွာပါ။ ဒါ့ေၾကာင့္ မေကာင္းျမင္ဝါဒီသမားေတြနဲ႔ စကားေျပာၿပီးတဲ့အခါ အေကာင္းျမင္စိတ္ ရွိသူမ်ားနဲ႔ ျပန္လည္စကားေျပာရင္း မိမိကိုယ္ကို စြမ္းအင္ျပန္လည္ျဖည့္တင္းလိုက္ပါ။ ဒါမွသာ သင့္ရဲ႕မေကာင္းျမင္စိတ္မ်ား ေဝးေဝးလႊင့္စင္သြားမွာပဲျဖစ္ပါတယ္။

စိတ္ပိုင္းျဖတ္ထားပါ

 

အဆိုးျမင္စိတ္က လူတစ္ဦးကေန တစ္ဦးထံ ကူးစက္တတ္ပါတယ္။ ထိုကဲ့သို႔ေသာသူမ်ားနဲ႔ အခ်ိန္ျဖဳန္းျခင္းက သင့္ကိုလည္း အဆိုးျမင္စိတ္ရွိသူတစ္ေယာက္အျဖစ္ ေျပာင္းလဲပစ္လိုက္ႏိုင္တာေၾကာင့္ တတ္ႏိုင္သမွ် အေပါင္းအသင္းမလုပ္ပါနဲ႔။

မလႊဲသာ မေရွာင္သာလို႔ အေပါင္းအသင္းလုပ္ရမယ္ဆိုရင္ေတာ့ “ငါသည္ ဒီေန႔တစ္ေန႔လံုံး အေကာင္းျမင္စိတ္မ်ားနဲ႔သာ လႊမ္းၿခဳံထားႏိုင္ရမယ္” လို႔သာ စိတ္ဆုံးျဖတ္ထားပါ။

သင့္ရဲ႕အေတြးမ်ားကိုျပန္လည္ သုံးသပ္ပါ

 

အဆိုးျမင္စိတ္ရွိသူနဲ႔ အခ်ိန္ျဖဳန္းၿပီးေနာက္မွာ သင့္ရဲ႕ေကာင္းေနတဲ့ စိတ္ခံစားခ်က္မ်ားလည္း တစ္မဟုတ္ခ်င္း ညစ္ေထးသြးႏိုင္ပါတယ္။ ထိုကဲ့သို႔ေသာ အေျခအေနမွာ သင့္ရဲ႕စိတ္ကူးမ်ား၊ အေတြးမ်ားကို ျပန္လည္သုံးသပ္ပါ။ သင့္ရဲ႕စိတ္ကူးမ်ား၊ အေတြးအေခၚမ်ားကို ျပန္လည္ တည့္မတ္ရပါမယ္။

 

Leave a Comment