Daily News
ကိုယ်Crushနေသော ကော်ဖီဆိုင်ဝန်ထမ်းကောင်မလေးအား နေ့တိုင်းတွေ့ချင်၍ ဆီးချိုရောဂါရသည်ထိ ကော်ဖီဝယ်သောက်ခဲ့သော အမျိုးသား
အချစ်ဆိုသည်မှာ ကိုယ်လူတစ်ယောက်ကို ရင်ဘတ်ထဲကနေ တကယ်ချစ်မိသွားတဲ့ခါ တစ်ဖက်ကကိုယ့်ကို ပြန်ချစ်လာအောာင် အဖက်လုပ်အောင်ဆိုပြီး နည်းလမ်းပေါင်း သောင်းခြောက်ထောင်ဖြင့် ကြိုးစားပြတတ်ကြသည်။
သို့ဖြစ်၍ ထိုင်ဝမ်နိုင်ငံမှ ကောင်လေးတစ်ယောက်ဧ။် Crushအပေါ် ချစ်ခြင်းမေတ္တာကြီးမားပုံမှာ လူတိုင်းဧ။် ရင်ထဲကိုထိစေခဲ့သည်။
ကောင်လေးသည် မြို့ထဲရှိ ကော်ဖီဆိုင်တစ်ခုတွင် အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေသော ကောင်မလေးအား မြင်မြင်ချင်း စိတ်ဝင်စားသွားခဲ့သည်။
သို့သော်လည်း ကောင်လေးသည် ရည်းစားလည်း တစ်ခါမျှ မထားဖူး၍ ကောင်မလေးနားရောက်အောင် မည်သို့စကားဆိုပြီး ချဥ်းကပ်ရမလဲပင် မသိ၍ အခက်တွေ့နေရင်း အကြံတစ်ခုစဥ်းစားမိခဲ့သည်။
ကောင်လေးသည် Crushရှိသော ကော်ဖီဆိုင်သို့ နေ့တိုင်းသွားရောက်ပြီး ကောင်မလေးဖျော်ပေးသော ကော်ဖီအား အချိုများများထည့်ခိုင်းပြီး နေ့တိုင်းသွားအားပေးခဲ့သည်။
ကောင်မလေးလည်း သတိထားမိလာပြီး သူမအားတကယ်ချစ်မချစ်ကို သိလို၍ ကောင်လေးအား အချိန်ကြာ စောင့်ကြည့်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ကောင်လေးသည်လည်း သူချစ်နေသော ကောင်မလေးအား ဇွဲရှိစွာဖြင့် နေ့တိုင်းကော်ဖီဆိုင်သို့ လာပြီး ကော်ဖီဝယ်သောက်ခဲ့ရာ ၂နှစ်လည်းကြာရော နောက်ဆုံး ကောင်လေးခမျာ ဆီးချိုရောဂါဝေဒနာကို ခံစားသွားရသည်။
Hlaing (Love Feeling )
Zawgyi
Hlaing (Love Feeling )
Leave a Comment