Daily News

မျက်မမြင်ဖြစ်နေရသော်လည်း မိမိကလေးကိုတော့ လက်ကမချပဲ အမြဲထွေးပိုက်ထားပြီး ယုယမှုလေးတွေပေးသော မိခင်ဝက်ဝံကြီး

မိခင်တစ်ယောက်ဧ။် ချစ်ခြင်းမေတ္တာသည် လောကကြီးတွင် နှိုင်းယှဉ်စရာမရှိရလောက်ထိကို နက်ရှိုင်းလွန်းလှသည်။

သို့ဖြစ်၍ သြစတြေးလျရှိ Woodenbong မြို့ လမ်းဘေးတွင် စမ်းတဝါးဝါးနှင့် လမ်းပျောက်နေသော Koala ဝက်ဝံသားအမိဧ။် အဖြစ်ကိုမြင်တွေ့သူများအဖို့ ရင်ထဲဆို့နစ်ရသည်။


မျက်မမြင် မိခင်ဝက်ဝံကြီးသည် သူမဧ။်ကလေးအား ပွေ့ချီကာ မြို့ထဲလမ်းမပေါ်တွင် လျှောက်သွားခြင်းဖြင့် ယာဥ်မတော်တဆဖြစ်မိမလား ခွေးတွေပဲ လိုက်ဆွဲမလား စားစရာမရှိပဲ ငတ်ပြီးသေသွားမလား စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဘေးဒုက္ခ တွေ့မည်ကို စိုးရိမ်မိသည်။


မိခင်ဝက်ဝံကြီးသည် သူမမျက်လုံးနှစ်ဖက်စလုံးမှာ မတော်တဆဖြစ်ပြီး မမြင်ရတော့သော်လည်း သူမဧ။်ကလေးကို တစ်ချိန်လုံး ပွေ့ချည်ထားကာ ဂရုစိုက်ပေးနေသော ပုံရိပ်မှာ လူတွင်မဟုတ်ပဲ တိရစ္ဆာန်လေးတွင်လည်း ကိုယ့်သားသမီးပေါ်ထားသော မိခင်တစ်ယောက်ဧ။် ချစ်ခြင်းမေတ္တာကို ထင်ရှားပေါ်လွင်စေသည်။


သို့သော်လည်း မျက်မမြင် ဝက်ဝံသားအမိသည်ကံကောင်းထောက်မစွာဖြင့် သနားကြင်နာတတ်သော လူကောင်းတစ်ဦးနှင့် ဆုံတွေ့ခဲ့ရာ ထိုလူမှ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနသို့ အကြောင်းကြားခဲ့ပြီး အန္တရာယ်များထဲကနေ ကယ်တင်နိုင်ခဲ့သည်။

Hlaing (Love Feeling )

Zawgyi

မ်က္မျမင္ျဖစ္ေနရေသာ္လည္း မိမိကေလးကိုေတာ့ လက္ကမခ်ပဲ အၿမဲေထြးပိုက္ထားၿပီး ယုယမႈေလးေတြေပးေသာ မိခင္ဝက္ဝံႀကီး

မိခင္တစ္ေယာက္ဧ။္ ခ်စ္ျခင္းေမတၱာသည္ ေလာကႀကီးတြင္ ႏႈိင္းယွဥ္စရာမရွိရေလာက္ထိကို နက္ရႈိင္းလြန္းလွသည္။

သို႔ျဖစ္၍ ၾသစေၾတးလ်ရွိ Woodenbong ၿမိဳ႕ လမ္းေဘးတြင္ စမ္းတဝါးဝါးႏွင့္ လမ္းေပ်ာက္ေနေသာ Koala ဝက္ဝံသားအမိဧ။္ အျဖစ္ကိုျမင္ေတြ႕သူမ်ားအဖို႔ ရင္ထဲဆို႔နစ္ရသည္။

မ်က္မျမင္ မိခင္ဝက္ဝံႀကီးသည္ သူမဧ။္ကေလးအား ေပြ႕ခ်ီကာ ၿမိဳ႕ထဲလမ္းမေပၚတြင္ ေလွ်ာက္သြားျခင္းျဖင့္ ယာဥ္မေတာ္တဆျဖစ္မိမလား ေခြးေတြပဲ လိုက္ဆြဲမလား စားစရာမရွိပဲ ငတ္ၿပီးေသသြားမလား စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေဘးဒုကၡ ေတြ႕မည္ကို စိုးရိမ္မိသည္။


မိခင္ဝက္ဝံႀကီးသည္ သူမမ်က္လုံးႏွစ္ဖက္စလုံးမွာ မေတာ္တဆျဖစ္ၿပီး မျမင္ရေတာ့ေသာ္လည္း သူမဧ။္ကေလးကို တစ္ခ်ိန္လုံး ေပြ႕ခ်ည္ထားကာ ဂ႐ုစိုက္ေပးေနေသာ ပုံရိပ္မွာ လူတြင္မဟုတ္ပဲ တိရစာၦန္ေလးတြင္လည္း ကိုယ့္သားသမီးေပၚထားေသာ မိခင္တစ္ေယာက္ဧ။္ ခ်စ္ျခင္းေမတၱာကို ထင္ရွားေပၚလြင္ေစသည္။


သို႔ေသာ္လည္း မ်က္မျမင္ ဝက္ဝံသားအမိသည္ကံေကာင္းေထာက္မစြာျဖင့္ သနားၾကင္နာတတ္ေသာ လူေကာင္းတစ္ဦးႏွင့္ ဆုံေတြ႕ခဲ့ရာ ထိုလူမွ တိရစာၦန္ ထိန္းသိမ္းေစာင့္ေရွာက္ေရးဌာနသို႔ အေၾကာင္းၾကားခဲ့ၿပီး အႏၲရာယ္မ်ားထဲကေန ကယ္တင္ႏိုင္ခဲ့သည္။

Hlaing (Love Feeling )

Leave a Comment