Daily News

မီးဖွားမှုမတိုင်မီ အမှတ်တရပုံများ ရိုက်ခဲ့ရာ နံဘေးတွင် လိုက်ပြောင်နေသော မြင်းလေးကြောင့် နာမည်ကြီးလာသော ဇနီးမောင်နှံ

တိရစ္ဆာန်လေးများသည် လူတို့အတွက် အပျင်းပြေ ရယ်မောစရာများလုပ်တတ်ကြသည့်အပြင် ချစ်စရာကောင်းသော အပြုအမူလေးတွေလည်း ပြုလုပ်တတ်သေးသည်။

ယခုအခါတွင်လည်း ဇနီးမောင်နှံနှစ်ဦးသည် အကြာခင် လူ့လောကကြီးထဲ ရောက်လာတော့မည့် ကလေးလေးအား ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုသည့်အနေနှင့် မီးမဖွားခင် အမှတ်တရ ဓာတ်ပုံများရိုက်ခဲ့ကြသည်။


ထိုဇနီးမောင်နှံသည် Kristen Zaffiro အမည်ရှိသော ဓာတ်ပုံဆရာအား ခေါ်ယူပြီး ရိုက်ခဲ့ရာ သူတို့ခြံတွင်မွေးထားသော မြင်းလေးတွေကိုလည်း ပါစေလို၍ ထည့်ရိုက်စေခဲ့သည်။


ထုံးစံတိုင်း တိရစ္ဆာန်လေးများနှင့် ဓာတ်ပုံတူတူရိုက်ဖို့ဆိုတာ လွယ်ကူသော အရာမဟုတ်ပေမယ့် မြင်းတစ်ကောင်သည် နံဘေးတွင် ရုပ်ပြောင်နှင့်ပါဝင်ကာ ပိုစ့်အမျိုးမျိုးပေးပြီး ရိုက်ခဲ့သည်။


ဇနီးမောင်နှံလည်း မျှော်လင့်မထားသည့်အတွက် ရယ်မောစရာကောင်းပြီး ချစ်စဖွယ်မြင်းလေးနှင့်ရိုက်ထားသော ဓာတ်ပုံအား လူမှုကွန်ယက်တွင် မျှဝေခဲ့ရာ အတော်လေး ရေပန်းစားခဲ့သည်။


Hlaing (Love Feeling )

Zawgyi

မီးဖြားမႈမတိုင္မီ အမွတ္တရပုံမ်ား ႐ိုက္ခဲ့ရာ နံေဘးတြင္ လိုက္ေျပာင္ေနေသာ ျမင္းေလးေၾကာင့္ နာမည္ႀကီးလာေသာ ဇနီးေမာင္ႏွံ

တိရစာၦန္ေလးမ်ားသည္ လူတို႔အတြက္ အပ်င္းေျပ ရယ္ေမာစရာမ်ားလုပ္တတ္ၾကသည့္အျပင္ ခ်စ္စရာေကာင္းေသာ အျပဳအမူေလးေတြလည္း ျပဳလုပ္တတ္ေသးသည္။

ယခုအခါတြင္လည္း ဇနီးေမာင္ႏွံႏွစ္ဦးသည္ အၾကာခင္ လူ႔ေလာကႀကီးထဲ ေရာက္လာေတာ့မည့္ ကေလးေလးအား ဝမ္းေျမာက္ဂုဏ္ယူစြာ ႀကိဳဆိုသည့္အေနႏွင့္ မီးမဖြားခင္ အမွတ္တရ ဓာတ္ပုံမ်ား႐ိုက္ခဲ့ၾကသည္။

ထိုဇနီးေမာင္ႏွံသည္ Kristen Zaffiro အမည္ရွိေသာ ဓာတ္ပုံဆရာအား ေခၚယူၿပီး ႐ိုက္ခဲ့ရာ သူတို႔ၿခံတြင္ေမြးထားေသာ ျမင္းေလးေတြကိုလည္း ပါေစလို၍ ထည့္႐ိုက္ေစခဲ့သည္။

ထုံးစံတိုင္း တိရစာၦန္ေလးမ်ားႏွင့္ ဓာတ္ပုံတူတူ႐ိုက္ဖို႔ဆိုတာ လြယ္ကူေသာ အရာမဟုတ္ေပမယ့္ ျမင္းတစ္ေကာင္သည္ နံေဘးတြင္ ႐ုပ္ေျပာင္ႏွင့္ပါဝင္ကာ ပိုစ့္အမ်ိဳးမ်ိဳးေပးၿပီး ႐ိုက္ခဲ့သည္။

ဇနီးေမာင္ႏွံလည္း ေမွ်ာ္လင့္မထားသည့္အတြက္ ရယ္ေမာစရာေကာင္းၿပီး ခ်စ္စဖြယ္ျမင္းေလးႏွင့္႐ိုက္ထားေသာ ဓာတ္ပုံအား လူမႈကြန္ယက္တြင္ မွ်ေဝခဲ့ရာ အေတာ္ေလး ေရပန္းစားခဲ့သည္။

Hlaing (Love Feeling )

Leave a Comment