Daily News

အံ့အားသင့်ဖွယ် ချက်ပြုတ်မှုစွမ်းရည်များကြောင့် Tik Tokတွင် နာမည်ကြီးလာသော အကျဥ်းသား

အမေရိကန်နိုင်ငံရှိ ထောင်သားစာရင်းဝင် Jeron Combsအမည်ရှိသော အသက် ၃၁နှစ်အရွယ် အမျိုးသားသည် ထောင်တွင် ၁၈နှစ်အရွယ်ကတည်းက ကျခံထားရပြီး ချက်ပြုတ်ရခြင်းကို ဝါသနာပါသူတစ်ယောက်လည်း ဖြစ်သည်။


အမျိုးသားသည် သူနေသော အခန်းငယ်လေးထဲတွင် ထောင်ထဲရှိ ပစ္စည်းကိရိယာအနည်းငယ်နှင့် လူကြိုက်များသော နာမည်ကြီး မုန့်များကို လုပ်နိုင်ခဲ့၍ စားဖိုမှူးတစ်ယောက်ဖြစ်နိုင်သည့် အရည်အချင်းမျိုးပိုင်ဆိုင်ထားသည်ဟု ဆိုကြသည်။


အမျိုးသားသည် သူပြုလုပ်ထားသော အစားအသောက်များကို Tik Tokတွင် အမြဲမျှဝေလေ့ရှိပြီး ကြည့်ရှုသူ ၁၀သန်းအထိရှိပြီး နောက်လိုက် သုံးသိန်းကျော်ထိရှိခဲ့သည်။


အမျိုးသားသည် ထောင်ထဲတွင်လည်း အဖွဲ့သားများအတွက် ချက်ပြုတ်ပေးရပြီး လက်ရာကောင်းမှုကြောင့် အမြဲချီးမွမ်းခံရသည်။


သို့သော်လည်း အမျိုးသားမှာ ထောင်ထဲတွင် အချိန်ကြာ ရှိနေရခြင်းကြောင့် ပညာအရည်အချင်းအား နှမြောမိသည်ဟု ဆိုကြသည်။

Hlaing (Love Feeling )

Zawgyi












2.


Hlaing (Love Feeling )

Leave a Comment