One Daily News

ဒီဇိုင်းကာလာတစ်မျိုးတည်းကို ဆင်တူဝတ်ဆင်မိခဲ့ကြသည့် နာမည်ကြီး Celebrity (၁၅)တွဲ

ဒီဇိုင်းကာလာတစ်မျိုးတည်းကို ဆင်တူဝတ်ဆင်မိခဲ့ကြသည့် နာမည်ကြီး Celebrity (၁၅)တွဲ

ဆိုရှယ်မီဒီယာများပေါ်တွင်လည်းကောင်း ၊ လမ်းပေါ်တွင်လည်းကောင်း ကျွန်ုပ်တို့နဲ့ အဝတ်အစားအသုံးအဆောင်များဆင်တူနေသည့် အခြားလူများကို မကြာခဏဆိုသလို မြင်ဖူးကြလိမ့်မည်ဖြစ်ပါတယ်။

ကျွန်ုပ်တို့အများစုဟာ သာမန်အလယ်အလတ်တန်းစား စတိုးဆိုင်များမှာ အတူဝယ်ယူလေ့ရှိကြသောကြောင့် ဒါဟာသာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုသာဖြစ်ပါတယ်။ ဒါပေမယ့် နာမည်ကြီး Celebrities များအကြား ဒီလိုအဝတ်အစားဒီဇိုင်းတိုက်ဆိုင်မှုမျိုးကတော့ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပါတယ်။

အကြောင်းကတော့ သူတို့ဟာ နာမည်ကြီး brand တွေ ၊ ဈေးကြီးပစ္စည်းတွေကိုသာ သီးသန့်စတိုးဆိုင်ကြီးများမှ ဝယ်ယူအသုံးပြုလေ့ရှိကြသူတွေဖြစ်တာကြောင့်ပါ။

ဒါကြောင့် Celebrityများကြား တစ်ခါတစ်ရံ ဒီလိုတိုက်ဆိုင်မှုတွေ မြင်ရတာဟာ စဉ်းစားစရာကောင်းလှပါတယ်။ Julia Roberts နဲ့သူမရဲ့ဒီဇိုင်နာဟာ ရည်ရွယ်ရှိရှိဖြင့် တမင်ဆင်တူဝတ်ဆင်ခဲ့ခြင်းမျိုးရှိခဲ့သလို အချို့သော သရုပ်ဆောင်များဟာလဲ တစ်ချိန်က နာမည်ကြီးခဲ့သောဂန္ဓဝင်ဝတ်စုံများကို လေးစားသမှုဖြင့် တမင်ပြန်လည်ရွေးချယ်ဝတ်ဆင်ခြင်းမျိုးများ‌လဲရှိပါတယ်။

သို့သော်လည်း Zendaya နှင့်Timothée Chalamet တို့ကဲ့သို့သော မတူညီတဲ့အမှတ်တံဆိပ်များကို သီးခြားဝယ်ယူခဲ့ပေမယ့် အံ့ဩဖွယ်ရာပင် အရောင်ရောဒီဇိုင်းပါ တူညီနေခဲ့သည်များလည်း ရှိခဲ့ဖူးပါတယ်။

ထို့ကြောင့်ကျွန်တော်တို့အဖွဲ့သားများက ထိုကဲ့သို့ထူးဆန်းစွာ တိုက်ဆိုင်တူညီနေမှုများကို ရှာဖွေလေ့လာခဲ့ကြပြီး စာဖတ်ပရိတ်သတ်များလဲ ကြည့်ရှူနိုင်စေရန် စုစည်းဖော်ပြပေးလိုက်ရပါတယ်။ ဘယ်သူကပိုကြည့်ကောင်းနေမယ်ဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆုံးဖြတ်ကြည့်ကြပါဦး ။

15. Emilia Clarke and Katy Perry

14. Nicole Kidman and Zazie Beetz

13. Billy Porter and Patrick Schwarzenegger

12. Meghan Markle and Victoria Beckham

11. Julianne Moore and Celine Dion

10. Zendaya and Timothée Chalamet

9. Emma Stone and Amal Clooney

8. Kitty Spencer and Kate Beckinsale

7. Julia Roberts and her stylist Elizabeth Stuart

6. Selena Gomez and Victoria Beckham

 

5. Céline Dion and Jennifer Lopez

4. Queen of Spain Letizia and Duchess of Sussex Meghan

3. Kendall Jenner and Anna Dello Russo

2. Gigi Hadid and Jennifer Lopez

1. Drew Barrymore and Julia Roberts Bonus:

History Vs Today (၁၉၅၃)ခုနှစ်က “Rear Window” ရုပ်ရှင်မှာ Grace Kelly ဝတ်ဆင်ခဲ့သော ဝတ်စုံကိုတော့ ယနေ့ခေတ်မှာ Lindsay Lohan က Cannes မှာကျင်းပတဲ့ ပွဲတော်တစ်ခုမှာ ပြန်လည်ဂုဏ်ပြုဝတ်ဆင်ခဲ့တာကိုတွေ့ရပါတယ် ။ အနည်းငယ်ရှည်လျားအောင် မွှန်းမံထားသည်ကလွဲရင် ဆင်တူပြန်လည်ဖန်တီးထားသည်ကို တွေ့ရှိနိုင်ပါတယ်။ Kaia Gerber ကလဲ သူမရဲ့အသက်(၁၈)နှစ်ပြည့်မွေးနေ့ပွဲမှာ Cindy Crowford ရဲ့ဂန္ဓဝင် ဝတ်စုံကို ပြန်လည်အသုံးပြုခဲ့ဖူးပါတယ် ထို့အပြင် Kaia ၏မိခင်ဖြစ်သူဟာလည်း (၁၉၉၂) MTV Music Award ပွဲမှာ ထိုဝတ်စုံကို ဝတ်ဆင်ခဲ့ဖူး‌သူဖြစ်ပါတယ်။

Source Brightside

Written One Daily Media

Leave a Comment