Uncategorized

လမ်းမမွာ ရှာဖွေစားသောက်နေတဲ့ အဖိုးတစ်ယောက်ရဲ့ လက်ချောင်းတွေ တစ္ခုမွ မရွိဘဲ ဒုက္ခိတဖြစ်နေရတဲ့အကြောင်းကို စိတ်မကောင်းစွာပြောပြလာတဲ့ လူငယ်တစ်ဦး

လမ်းမမွာ ရှာဖွေစားသောက်နေတဲ့ အဖိုးတစ်ယောက်ရဲ့ လက်ချောင်းတွေ တစ္ခုမွ မရွိဘဲ ဒုက္ခိတဖြစ်နေရတဲ့အကြောင်းကို စိတ်မကောင်းစွာပြောပြလာတဲ့ လူငယ်တစ်ဦး

လူတိုင်းကတော့ အဆင်မပြေမှုတွေဆိုတာ ရွိဈမဲပါပဲ ။ အခုလို ကာလတွေမှာဆိုရင် ပိုလို့တောင် အခက်အခဲတွေ အကျပ်အတည်းတွေကို တစ္ခုမဟုတ္တစ္ခု ရှိနေကြလို့ အားတင်းကာ ရင်ဆိုင်ဖြေရှင်းနေကြရပါတယ် ။ ဒီလို အချိန်မှာ လက်လုပ်လက်စားနဲ့ လမ်းမှာ ရှာဖွေစားသောက်နေရတဲ့ အိုးမဲ့အိမ်မဲ့ ပြည်သူ အချို့ရဲ့ ဘဝေတြက ထင်ထားတာထက်တောင် ခက်ခဲနေကြမယ်ဆိုတာ အမှန်ပါပဲ ။

အကြောင်းမျိုးစုံကြောင့် လုပ်ကိုင်မစားနိုင်ဘဲ လမ်းမှာပဲ ရှာဖွေစားသောက်နေရတဲ့ သက်ကြီး ရွယ်အို အဖိုးအဖွားတွေလည်း မနည်းပါဘူး ။ အခုလည်း ရန်ကုန်မြို့ရဲ့ လမ်းမတစ်နေရာမှာ ငုတ်တုတ်လေးထိုင်နေတဲ့ အဖိုးတစ်ယောက်ကို လူငယ်လေးတစ်ယောက်က တွေ့ပြီး စာနာစိတ်ဖြင့် အလှူငွေများ ကူညီပေးခဲ့တဲ့ ပို့စ် လေးတစ်ခုကိုတွေ့ရပါတယ် ။

အဖိုးက လက်ချောင်းလေးတွေလည်း တစ္ခုမွ မရွိဘဲ ဒုက္ခိတ ဖြစ်နေတာကို သတိထားမိပြီး မေးမြန်းခဲ့ရာ ” မီးလောင်နေတဲ့ အိမ်ထဲက ကေလး (2)ဦးကို ကယ်ထုတ်ရင်း မီးလောင်ဒဏ်ရာများနဲ့ လက်ချောင်းတွေ ဖြတ်လိုက်ရပြီ…ဒုက္ခတိ ဘဝ ရောက်ခဲ့ရတယ် ဆေးရုံကဆင်းပြီ အလုပ်မှလဲ အနားယူလိုက်ရတယ် အဖိုး သူမ်ားအသက္ကို ကယ်ရင်း ဒုက္ခတိ ဖြစ်တာ…ဝမ်းမနည်းဘူး အဖိုးပျော်တယ်…ခုဆို အဲ့ကလေးတွေ အတော်တောင် ကြီးနေလောက်ပါပြီ လမ်းဘေးမှာ ပလုံ အမှိုက် ပလပ်စတတစ်လေးတွေ လိုက်ကောက်ပြီ…ပြန်ရောင်းစားရင်း စားဝတ်နေရင်း ဖြေရှင်းတယ် နေစရာကတော့…သူများအိမ်ရှေ့လေးမှာ ကပ်နေတယ်တဲ့ မိသားစုက လွန်ခဲ့တဲ့ (4)နှစ်က မိန်းမဆုံးပြီ…သားက ထြက်သြားတာ ခုထိ လုံးဝ အဆက်သွယ် မရေတာ့ဘူးတဲ့ ” ဆိုပြီး အကြောင်းစုံပြောပြထားတယ်လို့ရေးသားဖော်ပြထားပါတယ် ။ လူငယ်လေးလည်း အဖိုးကို သနားပြီး အလှူငွေ ငါးသောင်းပေးခဲ့တာကြောင့် အဖိုးခမ်ာ ပျော်ပြီး ဆုတွေလည်းတောင်းပေးခဲ့တယ်လို့ဆိုပါတယ်။ ပရိသတ်ကြီးအတွက် အဖိုးရဲ့ စိတ်မကောင်းစရာ ဒီသတင်းလေးကို ဝေမျှပေးလိုက်ပါရစေ ။

Leave a Comment