Daily News
ကြာပန်းနှင့်အတူ ဓာတ်ပုံလေးများရိုက်ခြင်းမှာ ခေတ်စားနေ၍ အားကျပြီး လိုက်ရိုက်ခဲ့ရာ ရေကန်ထဲပြုတ်ကျခဲ့ရသည့်အဖြစ်
ပန်းဆိုသည်နှင့် မိန်းကလေးများအကြိုက်ဖြစ်ပြီး ယနေ့ခေတ်တွင် မိုဘိုင်းဖုန်းနှင့် အလွယ်တကူ မိမိစိတ်ကြိုက်ဓာတ်ပုံများ ရိုက်လာနိုင်၍ ရာသီအလိုက်ပွင့်သောပန်းများနှင့် အမှတ်တရရိုက်လာကြသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ Dieu Linh အမည်ရှိသော အသက် ၂၃နှစ်အရွယ် မိန်းကလေးသည် လိုင်းပေါ်တွင် ကြာကန်သွား၍ ဓာတ်ပုံများရိုက်ပြီး တင်ထားသော မိန်းကလေးများကို ကြည့်ရင်း ကိုယ်ပါရိုက်ချင်လာခဲ့သည်။
ထို့ကြောင့် မိန်းကလေးသည် အဝတ်အစားလှလှလေးဝတ်ကာ ရှိုးအပြည့်နှင့် အလှပြင်ပြီး ဒေသရှိကြာကန်သို့ သွားရောက်၍ ပုံများရိုက်ခဲ့သည်။
မိန်းကလေးသည် ပိုစ့်အမျိုးမျိုးပေးပြီး ရိုက်ရင်းနှင့် နောက်ဆုံး လှေလေးစီးနေသည့် ပုံအားရိုက်ခဲ့ရာ ကြောက်ကြောက်နှင့် လှေလေးပေါ်တက်စဥ် လှေမှောက်သွား၍ ရေကန်ထဲသို့ ဂျွန်းထိုးကျခဲ့သည်။
သူမဧ။် အဖြစ်အပျက်လေးကို ရိုက်ကူးမိထား၍ လိုင်းပေါ်တွင် မျှဝေခဲ့ရာ ရယ်မောခဲ့ကြသည်။
Hlaing (Love Feeling )
Zawgyi
Hlaing (Love Feeling )
Leave a Comment