One Daily News

ဇနီးသည်ဗစ်တိုးရီးယားရဲ့ ဓာတ်ပုံ ရိုက်ကူးရေးတစ်ခုမှာ ကိုယ်တိုင်အလှပြင်ပေးနေခဲ့တဲ့ ဒေးဗစ်ဘတ်ခမ်း

ဇနီးသည်ဗစ်တိုးရီးယားရဲ့ ဓာတ်ပုံ ရိုက်ကူးရေးတစ်ခုမှာ ကိုယ်တိုင်အလှပြင်ပေးနေခဲ့တဲ့ ဒေးဗစ်ဘတ်ခမ်း

အသက်(၄၇)နှစ်အရွယ် ဗစ်တိုးရီးယားဘတ်ခမ်းဟာ အလှအပ၊ဖက်ရှင်တို့နဲ့ပတ်သတ်လာရင် ဆယ်ကျော်သက်လေးတစ်ဦးသဖွယ် ပြီးပြည့်စုံသူထိပ်တန်းမော်ဒယ်တစ်ဦးအဖြစ်ကျော်ကြားသူလဲဖြစ်ပါတယ်။

 

သို့ပေမယ့်လဲ ပြီးခဲ့တဲ့တနင်္လာနေ့က ရိုက်ကူးခဲ့တဲ့ အလှကုန်ကြေငြာဓာတ်ပုံရိုက်ကူးရေးအစီအစဉ်မှာတော့ ခင်ပွန်းဖြစ်သူ ကမ္ဘာကျော်ဘောလုံးစတားဟောင်း တစ်ဖြစ်လဲ ပျိူတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဒေးဗစ်ဘတ်ခမ်းက အလှပြင်ပေးနေခဲ့တာကို တွေ့ရပါတယ် ။

တစ်ချိန်က နာမည်ကြီးSpice Girl ဂီတအဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦိးဖြစ်သူ ဗစ်တိုးရီးယားဘတ်ခမ်းဟာ ခင်ပွန်းဖြစ်သူဒေးဗစ်ဘတ်ခမ်းက သူမဘေး‌တွင် ဒူးတစ်ဖက်ထောက်ထိုင်ကာ သူမအား တယုတယနုတ်ခမ်းနီဆိုးပေးနေတဲ့ ကြည်နူးစရာပုံလေးတစ်ပုံကို သူမရဲ့ Instagram Story မှာတင်ထားခဲ့ပါတယ်။

 

 

ဗစ်တိုးရီးယားဘတ်ခမ်းဟာ အစိမ်းရောင်ဝတ်စုံနဲ့အတူ ပန်းရောင်ဆိုဖာပေါ်ထိုင်နေချိန်မှာ ဒေးဗစ်ကလဲ သူမမျက်နှာကိုဂရုတစိုက်ပြင်ဆင်ပေးနေပုံကို selfie ရိုက်လိုက်တာဖြစ်ပါတယ်။

 

 

ထို့နောက်သူမက “တို့တော့ အလုပ်ကြိုးစားတဲ့ ကိုယ်ပိုင်မိတ်ကပ်ပညာရှင်တစ်ယောက်ရှာ‌တွေ့သွားပြီ” လို့ ဟာသနှော caption ရေးပြီး ဒေးဗစ်ကိုလဲ tag တွဲတင်ထားခဲ့တာဖြစ်ပါတယ်။

 

Soure Daily mail

written One Daily Media

Leave a Comment