Daily News

ေရခဲေခ်ာင္းေရာင္းရင္း အႏွစ္ႏွစ္အလလ စုေဆာင္းထားေသာ ေငြေလးမ်ားကို ျခေကာင္မ်ား ဖ်တ္စီးပစ္ကုန္၍ သုံးစားမရေတာ့ပဲရွိရာ ဝမ္းနည္းငိုေႂကြးခဲ့ေသာ အဖိုးအို

ဖိလစ္ပိုင္ႏိုင္ငံမွ Lolo Adonisအမည္ရွိေသာ အဖိုးအိုတစ္ဦးသည္ တစ္ကိုယ္တည္းသမားျဖစ္သည့္အတြက္ မလုပ္ႏိုင္မကိုင္ႏိုင္သည့္အခါ စားစရိတ္ေလးရေအာင္ လုပ္ကိုင္ႏိုင္ခ်ိန္မွာ ေငြမ်ားရွာၿပီး စုေဆာင္းခဲ့သည္။


အဖိုးအိုသည္ လမ္းေပၚထြက္၍ ေနပူမိုး႐ြာမေရွာင္ ေန႔စဥ္ ေရခဲေခ်ာင္းမ်ား ထြက္ေရာင္းေလ့ရွိၿပီး အစစအရာရာကို အတတ္ႏိုင္ဆုံး ေခြၽတာသုံးကာ က်န္သည့္ေငြစကၠဴမ်ားကို ႂကြပ္ႂကြပ္အိတ္ေလး တစ္လုံးတြင္ ထည့္ကာ အဝတ္ဗီ႐ိုထဲတြင္ အေသအခ်ာ သိမ္းထားခဲ့သည္။

ထိုစဥ္ အဖိုးအိုသည္ အိမ္တြင္ တံျမက္စည္းလွဲေနရင္း ျခေကာင္မ်ားကို ေတြ႕ရွိခဲ့ၿပီး အဝတ္ဗီ႐ိုသို႔ အေျပးအလႊားသြားကာ သိမ္းထားေသာ ေငြထုပ္ေလးကို စိုးရိမ္တႀကီးႏွင့္ ျဖည္ၾကည့္ခဲ့သည္။


သို႔ေသာ္လည္း ကံဆိုးစြာျဖင့္ မစားရက္မေသာက္ရက္ပဲ အႏွစ္ႏွစ္အလလ စုေဆာင္းေငြစကၠဴအကုန္လုံးကို ျခေကာင္မ်ားမွ ကိုက္ဖဲ့ပစ္ကုန္၍ ဘဏ္သို႔သြားေရာက္ၿပီး အကူအညီေတာင္းေသာ္လည္း သုံးစား၍မရျဖစ္ခဲ့သည္။

အဖိုးအိုသည္ သူဧ။္ႀကဳံေတြ႕ခဲ့ရေသာ ျဖစ္ရပ္ဆိုးႀကီးကို အျခားသူမ်ားအား မျဖစ္ေစလို၍ ဝမ္းနည္းေၾကကြဲစြာ လူမႈကြန္ယက္တြင္ သတိေပး မွ်ေဝခဲ့သည္။

Rain (For Ialinks)

Unicode

ရေခဲချောင်းရောင်းရင်း အနှစ်နှစ်အလလ စုဆောင်းထားသော ငွေလေးများကို ခြကောင်များ ဖျတ်စီးပစ်ကုန်၍ သုံးစားမရတော့ပဲရှိရာ ဝမ်းနည်းငိုကြွေးခဲ့သော အဖိုးအို

ဖိလစ်ပိုင်နိုင်ငံမှ Lolo Adonisအမည်ရှိသော အဖိုးအိုတစ်ဦးသည် တစ်ကိုယ်တည်းသမားဖြစ်သည့်အတွက် မလုပ်နိုင်မကိုင်နိုင်သည့်အခါ စားစရိတ်လေးရအောင် လုပ်ကိုင်နိုင်ချိန်မှာ ငွေများရှာပြီး စုဆောင်းခဲ့သည်။

အဖိုးအိုသည် လမ်းပေါ်ထွက်၍ နေပူမိုးရွာမရှောင် နေ့စဥ် ရေခဲချောင်းများ ထွက်ရောင်းလေ့ရှိပြီး အစစအရာရာကို အတတ်နိုင်ဆုံး ချွေတာသုံးကာ ကျန်သည့်ငွေစက္ကူများကို ကြွပ်ကြွပ်အိတ်လေး တစ်လုံးတွင် ထည့်ကာ အဝတ်ဗီရိုထဲတွင် အသေအချာ သိမ်းထားခဲ့သည်။

ထိုစဥ် အဖိုးအိုသည် အိမ်တွင် တံမြက်စည်းလှဲနေရင်း ခြကောင်များကို တွေ့ရှိခဲ့ပြီး အဝတ်ဗီရိုသို့ အပြေးအလွှားသွားကာ သိမ်းထားသော ငွေထုပ်လေးကို စိုးရိမ်တကြီးနှင့် ဖြည်ကြည့်ခဲ့သည်။

သို့သော်လည်း ကံဆိုးစွာဖြင့် မစားရက်မသောက်ရက်ပဲ အနှစ်နှစ်အလလ စုဆောင်းငွေစက္ကူအကုန်လုံးကို ခြကောင်များမှ ကိုက်ဖဲ့ပစ်ကုန်၍ ဘဏ်သို့သွားရောက်ပြီး အကူအညီတောင်းသော်လည်း သုံးစား၍မရဖြစ်ခဲ့သည်။

အဖိုးအိုသည် သူဧ။်ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်ဆိုးကြီးကို အခြားသူများအား မဖြစ်စေလို၍ ဝမ်းနည်းကြေကွဲစွာ လူမှုကွန်ယက်တွင် သတိပေး မျှဝေခဲ့သည်။

Rain (For Ialinks)

Leave a Comment