Daily News

ကျောပေါ်ရှိ ဌက်အုပ်စုကိုစိတ်အနှောက်အယှက်ဖြစ်ကာ မရမကမောင်းထုတ်နေခဲ့တဲ့ ကြံလေးရဲ့ရယ်စရာအဖြစ်အပျက်

ကျွန်တော်တို့အားလုံးဟာ တူညီတဲ့အရာအတွက် မတူတဲ့တုံ့ပြန်မှုတွေကိုယ်စီရှိကြပါတယ်။ တိရိစ္ဆာန်များ၌လည်း အလားတူအရာမျိုး ဖြစ်ပျက်နေပါတယ်။ ဆင်မလေးတစ်ကောင်က ငှက်တွေကို လိုက်ဖမ်းရင်း ကခုန်ဖို့အတွက် ပိုစိတ်လှုပ်ရှားလို့မရနိုင်ပေမယ့် ဒီကြံ့ကလေးကတော့ အမွေးထူသူငယ်ချင်းတွေရဲ့အစွဲအလမ်းကြီးခြင်းကို ခံခဲ့ရပါတယ်။ ၎င်းအဖြစ်ဟာ မယုံနိုင်လောက်အောင်ရယ်စရာကောင်းပြီး ချစ်စရာလည်းကောင်းနေခဲ့ပါတယ်။ ငယ်ရွယ်သေးတဲ့ ၎င်းကြံလေးဟာ oxpeckers ဌက်အုပ်စုဟာ သူ့ရဲ့ကျောကုန်းပေါ်သို့ ထိုးမဆင်းလာခင်မှာ သူ့ဘာသာသူ ကစားနေခဲ့တာပါ။ အမှန်တော့ ကြံလေးက ၎င်းဌက်အုပ်စုကို မဖယ်ရှားခင်မှာ ၁၀ စက္ကန့်လောက်ကို ခံနိုင်ရည်ရှိနေခဲ့ပါတယ်။ သို့ပေမဲ့ ၎င်းဌက်အုပ်စုက သူ့ကျောပေါ်ကနေ ဖယ်ပေးဖို့ ငြင်းဆန်နေခဲ့ကြပါတယ်။ ကြံလေးနှင့် ဌက်အုပ်စုတို့ရဲ့ရယ်စရာဇာတ်လမ်းက အဲ့မှာစတင်တော့တာပါဘဲ။ Oxpecker ဌက်အုပ်စုက ၎င်းရဲ့ကျောကုန်းကို စတင်ထိုးစိုက်လာတဲ့အခါ စိုးရိမ်နေတဲ့ကြံလေးဟာ အော်ရင်း အကူအညီတောင်းခံနေခဲ့ပါတယ်။


ကြံလေးဟာ ကျောရှိခရီးသည်တွေကို ခြောက်လန့်ဖို့ နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ပြီး သူ့ပုံစံကလည်း “ ငါ နောက်နေတာမဟုတ်ဘူး ဟဲ့ကောင်တွေ ၊ ငါ့နဲ့ ဝေးဝေးနေကြဟ ” ဟုတဲ့ရယ်စရာပုံစံမျိုးဖြစ်နေခဲ့ပါတယ်။ ထို့အပြင် ကြံလေးဟာ ဟိုပြေးဒီပြေးလုပ်ပြီး သူ့ခန္ဓာကိုယ်အား ပြင်းထန်စွာ လှုပ်ရမ်းနေခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပါဘူး။ နောက်ဆုံးတော့ ကျေးဇူးတင်စွာနဲ့ဘဲ ဌက်များက အစာရှာစားဖို့လက်လျော့လိုက်ကာ ကြံလေးရဲ့ကျောကုန်းမှ အဝေးသို့ ထွက်သွားခဲ့ကြပါတယ်။


တစ်ကယ်တော့ oxpecker ဌက်နှင့် ကြံတို့ဟာ အများအားဖြင့် အပြန်အလှန်အကျိုးရှိတဲ့ဆက်ဆံရေးရှိပါတယ်။ ဤငှက်တွေက ၎င်းတို့အားအစာကျွေးခြင်းဖြင့် ပိုးမွှားများနှင့်အခြားကပ်ပါးကောင်များကိုပျောက်သွားအောင် အခမဲ့ကူညီပေးပါတယ်။


သို့ပေမဲ့ ဒီတစ်ခါတော့ ဒီ hippo ကြံလေးက ၎င်းတို့ကို မကြိုဆိုဘဲ ၎င်းငှက်တွေကို အနှောက်အယှက်ပေးတဲ့ပိုးမွှားတွေအဖြစ်မြင်ကာ ၎င်းတို့ကို ဟန့်တားဖို့အရူးအမူးကြိုးစားနေခဲ့ပါတယ်။


Zambia နိုင်ငံ South Luangwa အမျိုးသားဥယျာဉ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဒီရယ်စရာကောင်းတဲ့အချိန်တွေကို ဓာတ်ပုံဆရာ Marc Mol က ဖမ်းယူခဲ့တာပါ။ သူဟာ ကြံအုပ်စုတစ်ခုဆီမှာ အာရုံစိုက်နေခဲ့ရင်း အဆိုပါကြံလေးက ကျောကုန်းပေါ်တွင် oxpeckers များနှင့်အတူ သူ့ဆီပြေးလာနေသည်ကိုမြင်တော့ ၎င်းအခိုက်အတန့်ကို အမိအရရိုက်ကူးပေးခဲ့ခြင်းဖြစ်ပါတယ်။


“ အစပိုင်းတော့ ငါမသိခဲ့ဘူး ၊ သူက ဘယ်လို့ငါ့ဆီပြေးလာလဲဆိုတာကို သေချာကြည့်လိုက်မှ ဌက်တွေက သူ့ကျောပေါ်မှာရှိနေခဲ့တယ် ၊ သူက အဲ့တာတွေကို မောင်းထုတ်ချင်နေခဲ့တာ ” ဟု Marc က ဆိုခဲ့ပါတယ်။


Marc က ကြံလေးရဲ့ဓာတ်ပုံတွေကို အင်တာနက်မှာမျှဝေခဲ့ပြီး ၎င်းဓာတ်ပုံတွေဟာ ပျံ့နှံ့သွားခဲ့ပြီး အတော်လေးလူသိများသွားခဲ့ပါတယ်။ လူအများက တိရိစ္ဆာန်ငယ်လေးကို သနားပေမယ့် ရယ်တာကိုမရပ်နိုင်ခဲ့ကြပါဘူး။


ကြံလေးရဲ့အနေအထားကလည်း အတော်လေးကို ရယ်စရာကောင်းနေခဲ့ပြီး Marc တပ်ပေးလိုက်တဲ့ “ ငါ နောက်နေတာမဟုတ်ဘူး ဟဲ့ကောင်တွေ ၊ ငါ့နဲ့ဝေးဝေးနေကြဟ ”ဆိုတဲ့ caption ကလည်း ကြံလေးရဲ့ရင်တွင်းခံစားချက်ကို ပေါ်လွင်စေခဲ့တာကြောင့် လူအများက သဘောကျမဆုံးဖြစ်ခဲ့ကြပါတယ်။

Mia (KBdailynews)

Reference : pawsplanet

Leave a Comment