One Daily News
Britney Spears ဖခင် Jamie Spears သည်သူမအားအုပ်ထိန်းသူအဖြစ်မှမနုတ်ထွက်မှီဒေါ်လာ ၂ သန်းတောင်းခံကြောင်း သူမ၏ရှေ့နေများမှထုတ်ဖော် -Britney Spears ၏ရှေ့နေ့များက Britneyဟာ သူမဖခင် Jamie ရဲ့အနိုင်ကျင့်မှုတွေကို လက်ခံမှာမဟုတ်ကြောင်းပြောဆို။
Britney Spears ဖခင် Jamie Spears သည်သူမအားအုပ်ထိန်းသူအဖြစ်မှမနုတ်ထွက်မှီဒေါ်လာ ၂ သန်းတောင်းခံကြောင်း သူမ၏ရှေ့နေများမှထုတ်ဖော် -Britney Spears ၏ရှေ့နေ့များက Britneyဟာ သူမဖခင် Jamie ရဲ့အနိုင်ကျင့်မှုတွေကို လက်ခံမှာမဟုတ်ကြောင်းပြောဆို။
-Jamie ဟာ Britney၏အုပ်ထိန်းသူအဖြစ်မှ မနုတ်ထွက်မှီ အင်္ဂါနေ့ကတရားရုံးမှာဒေါ်လာ၂ သန်းတောင်းဆို။ -Jamie သည်သမီးဖြစ်သူ၏အုပ်ထိန်းသူအဖြစ်မှနုတ်ထွက်ရန်သြဂုတ်လအစောပိုင်းတွင်သဘောတူခဲ့သော်လည်းတရားဝင်ကြေညာမည့်ရက်ကိုမသတ်မှတ်ခဲ့ပေ။
Britney Spear ရဲ့ရှေ့နေ့များက သူမရဲ့ဖခင် Jamieဟာ Britney ရဲ့အုပ်ထိန်းသူအဖြစ်မှ မနုတ်ထွက်မှီ အတင်းအဓမ္မငွေညှစ်နေတာ‌ဖြစ်ကြောင်းအင်္ဂါ်နေ့က ထွက်ဆိုခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ်ရှိ နာမည်ကျော်အဆိုတော် Britney Spear နဲ့ သူမ၏တရားဝင်ရှေ့နေအဖွဲ့ဟာ Jamieရဲ့ ဒေါ်လာ ၂ သန်း ငွေညှစ်မှုဖြစ်စဥ်ကို တရားရုံးသို့ စာရွက်စာတမ်းများနဲ့တကွ တင်သွင်းခဲ့ပါတယ်။
ထိုသို့ပေးချေမည်ဆိုပါက Jamie ၏တရားဝင်ကုန်ကျစရိတ်နဲ့ Britneyရဲ့မန်နေဂျာ Tri Star ကိုတချို့တဝက်ပေးရမည်မှာမှန်သော်လည်း ပမာဏအမြောက်အမြားအချို့မှာမူ Jamie ဆီသို့သာတိုက်ရိုက်ရောက်ရှိသွားမည်ဖြစ်ပေသည်။
Britney ရဲ့ တရားဝင်ရှေ့နေ့အဖွဲ့များကတော့ Jamieဟာ သူတောင်းဆိုသောငွေပမာဏ မရမချင်း ရာထူးမှမနုတ်ထွက်ပေးနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု ထွက်ဆိုခဲ့ပါတယ်။
Britney နဲ့သူမ၏အဖွဲ့တို့ဟာ Jamie အားအုပ်ထိန်းသူအဖြစ်မှ နုတ်ထွက်ပေးရန်နဲ့ ယခင်တာဝန်ယူထားသော ကိစ္စများကိုရပ်ဆိုင်းပေးရန် ယခုလအစောပိုင်းကပင် တိုက်တွန်းပြောဆိုထားတာဖြစ်ပြီး စက်တင်ဘာ(၂၉)ရက်နေ့ နောက်ဆုံးထား၍နုတ်ထွက်ပေးရန်တောင်းဆိုထားတာလဲဖြစ်ပါတယ်။ Britney ၏ရှေ့နေများကလဲ သမီးဖြစ်သူ၏စိတ်ချမ်းသာမှုအတွက် အမြန်ဆုံးနုတ်ထွက်ပေးစေလိုကြောင်းပြောကြားထားပါတယ်။
” Britney ရဲ့ ရဲရင့်ပြတ်သားသော သက်သေထွက်ဆိုချက်တွေကို ကမ္ဘာကကြားခဲ့ပြီးပါပြီ။သူမဘဝ ၊ သူမကျန်းမာရေး ၊ သူမရဲ့ နေ့ရင်တိုင်းဟာ အရေးကြီးပါတယ် ။ အချိန်ဆွဲပြီးစောင့်ဆိုင်းနေစရာအကြောင်းရင်းမရှိပါ ” ဟု ရေးသားထားခဲ့ပါတယ်။
ရှေ့နေ့ Rosengart က သူ၏အမှူသည်ဟာ အသုံးချခံဖြစ်ခဲ့ရပြီး Jamie ဟာ နုတ်ထွက်‌ပေးကို အချိန်ဆွဲနေခဲ့တယ်လို့ ဆိုပါတယ်။ ” Britney ဟာ သူမအဖေရဲ့ အသုံးချခံ ၊ ငွေညှစ်ခံမဟုတ်ပါဘူး။
ဒါကြောင့် သူ့ကို အုပ်ထိန်းသူအဖြစ်က ဖယ်ရှားရာမှာ Mr.Jamie အနေနဲ့ သမီးဖြစ်သူကိုဆက်လက်အသုံးချဖို့ ကြိုးစားပိုင်ခွင့်မရှိပါဘူး ။ ဒါသူနဲ့မဆိုင်ပါဘူး။ ဥပဒေအရ သမီးဖြစ်သူအတွက်အကျိုးရှိစေမယ့်အရာကို လုပ်တာပါ ” လို့ သူကဆိုပါတယ်။ ထို့အပြင်က Rosengart က ” Jamie ဟာ ကျင့်ဝတ်နဲ့မလျော်ညီသောကြောင့် အုပ်ထိန်းသူအဖြစ်မှနုတ်ထွက်စေလိုတာပါ ။
သူသာသူ့သမီးကိုတကယ်ချစ်ရင် ဒီနေ့အခုချက်ချင်း နုတ်ထွက်လိုက်သင့်ပါတယ် ။ဒါက လုပ်သင့်လုပ်ထိုက်ပါတဲ့ကိစ္စပါ ” လို့ပြောကြားခဲ့ပါတယ် ။ ယခုလအစောပိုင်းမှာတော့ Jamie အားချက်ချင်းနုတ်ထွက်ရန် Britney နှင့်အဖွဲ့၏တောင်းဆိုနေမှုများကို တရားရုံးကပယ်ချထားခဲ့ပေမယ့် လာမယ့် စက်တင်ဘာ (၂၉)ရက်နေ့မှာတော့ တရားသူကြီး Penny က Jamie ကို အုပ်ထိန်းသူအဖြစ်က ဖယ်ရှားပေးမယ့်လို့ မျှော်လင့်ထားကြပါတယ်။
ယခင်ပြီးခဲ့‌သောကြားနာမှုမှာ‌တော့ Jamie ၏ရှေ့နေများက အုပ်ထိန်းသူရာထူးမှချက်ချင်းနုတ်ထွက်ရန်အကြောင်းပြချက်လုံးဝမရှိကြောင်းငြင်းဆိုခဲ့ပြီး သမီးဖြစ်သူ Britney ဟာ စိတ်ကျန်းမာရေးပြသာနာအနည်းငယ်ရှိနေကြောင်း ချေပပြောဆိုခဲ့ပါတယ်။
Britney က ယခင် ဇွန်လနှင့်ဇူလိုင်လ ကြားနာမှုများမှာ သူမဟာ အတင်းအဓမ္မဆေးကုထုံးများနှင့်ကုသခံရမှု ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်ခွင့်နှင့်အခွင့်အရေးများတွင် တားမြစ်ပိတ်ပင်ခံရမှုတို့ဖြင့် စွဲချက်တင်ထားတာဖြစ်ပါတယ်။
ဇူလိုင်လ (၉)ရက်နေ့မှာ Britney အားယာယီကြီးကြပ်နေသူ Ms.Montgomery က သမီးဖြစ်သူ၏စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ သူမမည်မျှစိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်ဟု လဲ Jamie ကသူ၏တရားရုံးမှတ်တမ်းတွင်ထည့်သွင်းပြောကြားခဲ့သည်။
Ms.Montgomery ကမူ ယင်းထွက်ဆိုမှုမှားယွင်းကြောင်းနှင့် Jamie အုပ်ထိန်းသူအဖြစ်မှနုတ်ထွက်ခြင်းသည်သာ Britney ၏စိတ်ကျန်းမာရေးအခြေအနေကို အကျိုးပြုစေမည်ဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုထားပါတယ်။
Zawgyi
Britney Spear ရဲ့ရှေ့နေ့များက သူမရဲ့ဖခင် Jamieဟာ Britney ရဲ့အုပ်ထိန်းသူအဖြစ်မှ မနုတ်ထွက်မှီ အတင်းအဓမ္မငွေညှစ်နေတာ‌ဖြစ်ကြောင်းအင်္ဂ်ါနေ့က ထွက်ဆိုခဲ့ပါတယ်။
Leave a Comment